Micropack MP-712W Wireless Mouse
Micropack MP-712W Wireless Mouse ကတော့ Laptopနဲ့တွဲသုံးဖို့အတွက် ပါးပါးပြားပြားလေးဖြစ်ပြီး Mouse Clickသံတွေ မကြားရစေမယ့် Silent Mouseလေးပဲဖြစ်ပါတယ်။ Ergonomic Designမို့ အချိန်ကြာအသုံးပြုမယ်ဆိုရင်တောင် လက်ကို သက်တောင့်သက်သာရှိစေမှာပါ။
- In Stock
Micropack MP-712W Wireless Mouse ကတော့ Laptopနဲ့တွဲသုံးဖို့အတွက် ပါးပါးပြားပြားလေးဖြစ်ပြီး Mouse Clickသံတွေ မကြားရစေမယ့် Silent Mouseလေးပဲဖြစ်ပါတယ်။ Ergonomic Designမို့ အချိန်ကြာအသုံးပြုမယ်ဆိုရင်တောင် လက်ကို သက်တောင့်သက်သာရှိစေမှာပါ။
| Brand | Micropack |
| Model | MP-712W |
| Resolution | 1200DPI |
| Connectivity | 2.4G USB |
| Product Type | Wireless Mouse |
| Battery | 1 AA battery |
| Warranty | 1year |
Related Products
Oker M825 Wireless Mouse
Oker M825 Wireless Mouse လေးသည် Bluetooth ရော၊ 2.4G Wireless (USB Receiver) နဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Silent Button အမျိုးအစားဖြစ်လို့ ရုံးခန်း ဒါမှမဟုတ် စာကြည့်တိုက်လိုနေရာမျိုးမှာ အသုံးပြုရန်သင့်လျော်ပါသည်။ Power-saving function ပါဝင်တာကြောင့် Power စားသက်သာပြီး အကွာအဝေးမီတာ ၂၀အထိ အသုံးပြုနိုင်ပါသည်။
Jite G-01 Wired Gaming Mouse
Jite ကထုတ်ထားတဲ့ G-01 လေးကတော့ ခလုတ် ၆ ခု ပါဝင်ပြီး DPI (အမြန်နှုန်း) ကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်တာကြောင့် ဂိမ်းကစားရာမှာဖြစ်စေ၊ အလုပ်လုပ်ရာမှာဖြစ်စေ ပိုမိုတိကျမြန်ဆန်စေပါသည်။ လက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ထားတဲ့ ဒီဇိုင်းကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုရင်တောင် လက်ညောင်းညာမှုကို သက်သာစေပါသည်။ မျက်နှာပြင်ပေါ်မှာ လှပတဲ့ RGB မီးရောင်စုံများ ပါဝင်လို့ ဂိမ်းကစားတဲ့အခါ စိတ်ကြိုက်ခံစားမှုကို ပေးစွမ်းနိုင်ပါသည်။ မောက်စ်ကိုယ်ထည်ကို အပေါက်ငယ်လေးများဖောက်ထားတဲ့ ပုံစံဖြစ်လို့ လက်ထဲမှာ ပေါ့ပါးစေရုံတင်မကဘဲ လက်ဖဝါးချွေးထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
Jite T-02 Wireless Mouse
Jite T-02 Wireless Mouse လေးကတော့ 2.4GHz Wireless စနစ်ကို အသုံးပြုထားလို့ ကြိုးရှုပ်ရမယ့် ဒုက္ခကနေ ကင်းဝေးစေပြီး ၁၀ မီတာအကွာအဝေးအထိ ချောမွေ့စွာ အသုံးပြုနိုင်ပါသည်။ မောက်စ်ရဲ့ ဘေးပတ်လည်မှာ လှပတဲ့ LED မီးရောင် ၇ မျိုး ပါဝင်တာကြောင့် အသုံးပြုရတာ ပိုမိုစတိုင်ကျစေပါသည်။ ကလစ်နှိပ်တဲ့အခါ အသံမထွက်တဲ့ Silent Button ဖြစ်လို့ ရုံးခန်းတွေ၊ စာကြည့်တိုက်တွေနဲ့ ညဘက်အလုပ်လုပ်ချိန်တွေမှာ ဘေးလူကို အနှောင့်အယှက်မဖြစ်စေဘဲ အသုံးပြုရာတွင် အကြိုက်တွေ့စေမည့်ပစ္စည်းလေးဖြစ်ပါသည်။
Jite JT-5023 Wireless Mouse
Jite JT-5023 Wireless Mouse လေးသည် ရုံးလုပ်ငန်းသုံးနဲ့ အိမ်သုံးအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ ပေါ့ပါးသွက်လက်သော ကြိုးမဲ့ Mouse တစ်ခုဖြစ်ပါသည်။ Mouse ရဲ့ ရွေ့လျားမှုနှုန်းဟာ 1600 DPI ရှိတဲ့အတွက် သာမန်ရုံးသုံးလုပ်ငန်းတွေမှာ သွက်သွက်လက်လက်နဲ့ တိကျစွာ အသုံးပြုနိုင်ပါသည်။ ကြိုးမဲ့စနစ်ဖြစ်လို့ စားပွဲပေါ်မှာ ကြိုးတွေရှုပ်ပွမနေတော့ဘဲ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုနိုင်ပြီး USB Receiver ကို ကွန်ပျူတာမှာ တပ်ရုံနဲ့ တိုက်ရိုက်အသုံးပြုနိုင်ပါသည်။ အရွယ်အစား သေးငယ်ကျစ်လျစ်တဲ့အတွက် အလွန်ပေါ့ပါးတာကြောင့် အကြာကြီးကိုင်တွယ်ထားရင်တောင် လက်ညောင်းတာမျိုးမဖြစ်စေဘဲ သက်တောင့်သက်သာရှိစေပါသည။
Nubwo NM157 Wired Mouse
Nubwo NM157 Wired Mouse လေးသည် မောက်စ်နှိပ်တဲ့အခါ အသံကျယ်ကျယ်မထွက်ဘဲ တိတ်ဆိတ်စွာသုံးနိုင်တာကြောင့် စာကြည့်တိုက် ဒါမှမဟုတ် ရုံးခန်းထဲမှာ တခြားသူကို အနှောင့်အယှက်မဖြစ်ဘဲ အဆင်ပြေပြေအသုံးပြုနိုင်ပါသည်။ Mouse cursor ရဲ့ အမြန်နှုန်းကို 1600 DPI အထိ စိတ်ကြိုက်ချိန်ညှိနိုင်တဲ့အတွက် အလုပ်လုပ်ရတာ ပိုပြီးသွက်လက်ပါသည်။ USB 2.0 အပေါက်မှာ တပ်လိုက်ရုံနဲ့ ဘာ Software မှ ထပ်သွင်းစရာမလိုဘဲ Plug & Play အသုံးပြုနိုင်ပါသည်။
Nubwo NM152 Wired Mouse
Nubwo NM152 Wired Mouse လေးသည် ဒီဇိုင်းရိုးရှင်းပြီး အကြမ်းခံတာကြောင့် ရုံးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အိမ်မှာ စာရိုက်၊ အလုပ်လုပ်သူတွေအတွက် အဆင်ပြေစေပါသည်။ USB 2.0 အပေါက်ပါတဲ့ Laptop ဒါမှမဟုတ် Desktop မှာ တပ်လိုက်တာနဲ့ အသင့်အသုံးပြုနိုင်ပါသည်။ တိကျတဲ့ Optical Sensor ကို အသုံးပြုထားလို့ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ Cursor ရွှေ့ရတာ ချောမွေ့စေပါသည်။
RAPOO N100C Wired Mouse
RAPOO N100C Wired Mouse လေးသည် Laptop၊ MacBook နဲ့ iPad/Android Tablet တွေမှာ အလွယ်တကူ Plug-and-Play အသုံးပြုနိုင်အောင် Type-C ခေါင်းနဲ့ ထုတ်လုပ်ထားပါသည်။ ဘယ်လက်ရော ညာလက်ပါ အသုံးပြုလို့ရတဲ့ ဒီဇိုင်းဖြစ်ပြီး လက်ထဲမှာ အံကိုက်ဖြစ်အောင် ပြုလုပ်ထားလို့ ကြာရှည်သုံးစွဲရင်လည်း လက်ညောင်းတာ သက်သာစေပါသည်။ 1000 DPI အထိရှိတဲ့ Optical Sensor ပါဝင်လို့ Cursor ရွှေ့လျားမှုမှာ တိကျပြီး အသုံးပြုရာတွင် အဆင်ပြေစေပါသည်။
RAPOO N100 Wired Mouse
RAPOO N100 Wired Mouse လေးသည် ရိုးရှင်းတဲ့ Design နဲ့အတူ အကြမ်းခံပြီး စိတ်ချရတဲ့ Wired Mouse တစ်ခုဖြစ်ပါသည်။ လက်ထဲမှာ ကိုင်ရတာ အဆင်ပြေပြီး တင်းတင်းရင်းရင်းရှိစေမယ့် အရွယ်အစားနဲ့ ဒီဇိုင်းမျိုးပြုလုပ်ပေးထားတာကြောင့် ရုံးလုပ်ငန်းသုံးအတွက်ဖြစ်စေ၊ နေ့စဉ် အိမ်သုံးအတွက်ဖြစ်စေ အဆင်ပြေစေပါသည်။