81 3500W/230AH Power Station
81 3500W/230AH power station လေးသည် 3500W /230mAH ကိုမှ Battery capacity 230000mAh ပါတာမလို့ အချိန်ကြာကြာအသုံးပြုနိုင်မှာဖြစ်ပါသည်။ထမင်းချက်ဖို့၊ Air Cooler ဖွင့်ဖို့၊ မီးထွန်းဖို့ စတဲ့ နေ့စဉ်လိုအပ်ချက်တွေအတွက်လည်း အသုံးပြုနိုင်သလို ဖုန်းအားသွင်းတာ၊ Laptop အားသွင်းတာတွေအတွက်လည်း အကြိုက်အသုံးပြုနိုင်ပါသည်။ မီးပျက်၊ မီးမရတဲ့အချိန်တွေအတွက်မီးအားပေးစွမ်းထားနိုင်ပြီး voltage အနေနဲ့ AC 220V, DC 12V ဖြင့် အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ သယ်ယူရလွယ်ကူစေရန် အောက်ခြေတွင် ဘီးလုံးများတပ်ဆင်ပေးထားပါသည်။
- In Stock
81 3500W/230AH power station လေးသည် 3500W /230mAH ကိုမှ Battery capacity 230000mAh ပါတာမလို့ အချိန်ကြာကြာအသုံးပြုနိုင်မှာဖြစ်ပါသည်။ထမင်းချက်ဖို့၊ Air Cooler ဖွင့်ဖို့၊ မီးထွန်းဖို့ စတဲ့ နေ့စဉ်လိုအပ်ချက်တွေအတွက်လည်း အသုံးပြုနိုင်သလို ဖုန်းအားသွင်းတာ၊ Laptop အားသွင်းတာတွေအတွက်လည်း အကြိုက်အသုံးပြုနိုင်ပါသည်။ မီးပျက်၊ မီးမရတဲ့အချိန်တွေအတွက်မီးအားပေးစွမ်းထားနိုင်ပြီး voltage အနေနဲ့ AC 220V, DC 12V ဖြင့် အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ သယ်ယူရလွယ်ကူစေရန် အောက်ခြေတွင် ဘီးလုံးများတပ်ဆင်ပေးထားပါသည်။
| Brand | 81 |
| Capacity | 230000mAh |
| Power | 3500W/230AH |
| Output Voltage | Ac 220V/50Hz |
| DC Output | 12V |
| USB | 5V-2A |
| Quality inspector | QC 150768 |
| Warranty | 1 Year |
Related Products
Ecoflow River 2 Pro 800W Power Station (768Wh)
RIVER 2 Pro ဟာ RIVER 2 Series ထဲမှာ Capacity အများဆုံးဖြစ်ပြီး အလေးချိန်နဲ့ စွမ်းဆောင်ရည် မျှတမှုအရှိဆုံး Model တစ်ခုဖြစ်ပါတယ်။RIVER 2 Pro ဟာ နာရီဝန်းကျင်အတွင်းတင် အားအပြည့်သွင်းနိုင်တာကြောင့် မီးခဏခဏပျက်တဲ့ ဒေသတွေအတွက် အထူးအဆင်ပြေပါတယ်။LiFePO4 (LFP) နည်းပညာကြောင့် နေ့တိုင်းအားသွင်း၊ အားသုံးလုပ်ရင်တောင် Battery သက်တမ်း ၁၀ နှစ်အထိ စိတ်ချရပါတယ်။ပုံမှန်အားဖြင့် 800W အထိသာ Support ပေးပေမယ့် X-Boost စနစ်ကြောင့် 1600W ဝန်းကျင်သုံးတဲ့ အပူပေးပစ္စည်းအချို့ (ဥပမာ - ဆံပင်အခြောက်ခံစက်၊ ကော်ဖီဖျော်စက်အချို့) ကိုပါ အသုံးပြုနိုင်ပါတယ်။အိမ်သုံးမီးပလပ်အပြင်၊ Solar Panel နဲ့သွင်းခြင်း၊ ကားစီးကရက်သောက်တဲ့ ပလပ်နဲ့သွင်းခြင်းနဲ့ USB-C တို့နဲ့လည်း အားပြန်သွင်းနိုင်ပါတယ်။၇.၈ ကီလိုဂရမ်သာရှိလို့ မိန်းကလေးတွေတောင် အလွယ်တကူ မနိုင်တဲ့ အရွယ်အစားဖြစ်ပါတယ်။RIVER 2 Pro ဟာ Laptop, TV, Router နဲ့ ပန်ကာတွေကို တစ်ပြိုင်တည်း အကြာကြီးပေးချင်သူတွေအတွက် Capacity ရော စျေးနှုန်းရော အသင့်တော်ဆုံးဖြစ်ပါတယ်။
Ecoflow River 2 300W Power Station (256Wh)
EcoFlow River 2 (256Wh) သည် အရွယ်အစားသေးငယ်ပြီး ပေါ့ပါးသော်လည်း စွမ်းဆောင်ရည်မြင့်မားသော Portable Power Station တစ်ခုဖြစ်ပါသည်။ ၎င်းတွင် တာရှည်ခံ LiFePO4 Battery အမျိုးအစားကို အသုံးပြုထားသောကြောင့် နေ့စဉ်အသုံးပြုလျှင်ပင် ၁၀ နှစ်ခန့်အထိ စိတ်ချရသည့် သက်တမ်းရှိပြီး 0-100% အားအပြည့်သွင်းရန် မိနစ် ၆၀ သာ ကြာမြင့်သည့်အတွက် အားသွင်းနှုန်း အလွန်မြန်ဆန်ပါသည်။ 300W Output ရှိပြီး X-Boost စနစ်ဖြင့် 600W အထိ ခံနိုင်ရည်ရှိသောကြောင့် ဖုန်း၊ Laptop၊ Router နှင့် LED မီးသီးများကဲ့သို့ အိမ်သုံးလျှပ်စစ်ပစ္စည်းအသေးစားများကို မီးပျက်ချိန်တွင် အဆင်ပြေပြေ အသုံးပြုနိုင်ပါသည်။ ထို့အပြင် ၃.၅ ကီလိုဂရမ်သာ လေးသောကြောင့် ခရီးဆောင်သွားရန် လွယ်ကူခြင်း၊ EcoFlow App ဖြင့် ဖုန်းထဲမှတစ်ဆင့် ထိန်းချုပ်နိုင်ခြင်းနှင့် မီးပျက်ပါက အလိုအလျောက် ပြောင်းလဲပေးသည့် EPS စနစ်ပါဝင်ခြင်းတို့ကြောင့် ယုံကြည်စိတ်ချရသည့် အရေးပေါ်စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။
Ecoflow E2000 2400W Power Station (2048Wh)
Ecoflow E2000 2400W Power Station ကတော့ Capacity 2048Wh နဲ့အသုံးပြုနိုင်ပါသည်။ Battery LiFePO4 Cell Type ဖြစ်တာကြောင့် ရိုးရိုး Lithium-ion ထက် ပိုမိုဘေးကင်းပြီး အပူဒဏ်ခံနိုင်ရည် ပိုကောင်းပါသည်။ 2400W AC Output နဲ့မို့ အိမ်သုံးပစ္စည်း တော်တော်များများကို မောင်းနှင်နိုင်ပြီး ထမင်းပေါင်းအိုး၊ ရေနွေးအိုး အသေး၊ ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်တွေအတွက်ပါ အသုံးပြုနိုင်ပါသည်။ နေရောင်ခြည်စွမ်းအင် (Solar Panels) ဖြင့်လည်း အားသွင်းနိုင်ပြီး အမြင့်ဆုံး 1000W Input အထိ လက်ခံနိုင်ပါတယ်။ EcoFlow App ကိုဖုန်းမှာထည့်ပြီး Wi-Fi သို့မဟုတ် Bluetooth ဖြင့် အဝေးမှ ထိန်းချုပ်ခြင်း၊ အားသွင်းနှုန်းကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ EcoFlow E2000 ဟာ မီးခဏခဏပျက်တဲ့ ဒေသတွေမှာ အိမ်သုံး Backup အဖြစ်ထားဖို့ဖြစ်စေ၊ လျှပ်စစ်ပစ္စည်း အကြီးစားတွေ သုံးစွဲဖို့ဖြစ်အတွက် အဆင်ပြေစေမယ့် Power Station လေးဖြစ်ပါသည်။
Ecoflow River 3 Plus 600W Power Station (286Wh)
Ecoflow River 3 Plus ကတော့ RIVER 3 Series ထဲမှာ အဆင့်မြင့်တဲ့ "Plus" version ဖြစ်ပြီး GaN (Gallium Nitride) နည်းပညာကို အသုံးပြုထားတာကြောင့် အရွယ်အစား သေးငယ်သော်လည်း စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပါတယ်။aN chip ကို အသုံးပြုထားတာကြောင့် အပူထွက်နည်းပြီး စွမ်းအင်လေလွင့်မှု သက်သာပါတယ်။ အထူးသဖြင့် 100W အောက်သုံးတဲ့ ပစ္စည်းလေးတွေ (ဥပမာ - Router, Light) အတွက် အခြား power station တွေထက် Runtime ၂ ဆ ပိုရစေပါတယ်။EB300 (286Wh) သို့မဟုတ် EB600 (572Wh) Extra Battery တွေနဲ့ ဝိုင်ယာကြိုးမလိုဘဲ အပေါ်ကနေ ထပ်ဆင့် (Stack) ပြီး 858Wh အထိ Capacity မြှင့်တင်နိုင်ပါတယ်။EcoFlow ရဲ့ နာမည်ကြီး အမြန်အားသွင်းစနစ်ကြောင့် ၁ နာရီအတွင်း အားအပြည့်သွင်းနိုင်သလို၊ Solar Panel နဲ့လည်း 220W အထိ အမြန်သွင်းနိုင်ပါတယ်။IP54 Battery protection ပါဝင်လို့ ရေငွေ့စိမ့်တာကို ခံနိုင်ရည်ရှိသလို၊ ၅ ပေ အမြင့်ကနေ ပြုတ်ကျရင်တောင် ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။Bluetooth သို့မဟုတ် Wi-Fi ကနေတစ်ဆင့် ဖုန်း App နဲ့ အဝေးကနေ ထိန်းချုပ်နိုင်ပါတယ်။Wi-Fi Router (3W) ၃၅ နာရီခန့်၊ Laptop (60W) ၃ နာရီခွဲမှ ၄ နာရီဝန်းကျင်၊Desktop PC (600W) ၂၁ မိနစ်ခန့် (UPS အနေဖြင့် ပိတ်ချိန်ရအောင် အသုံးဝင်သည်)၊Gaming Console (100W) ၂ နာရီကျော်၊ Fan (40W) ၅ နာရီကျော် သွင်းလို့ရမှာဖြစ်ပါတယ်။
Ecoflow E980 500W Power Station (980Wh)
Ecoflow E980 500W Power Station (980Wh) ကတော့ မြင့်မားတဲ့ Battery Capacity နဲ့ မြန်ဆန်တဲ့ အားသွင်းစနစ် ပါဝင်တာကြောင့် အိမ်သုံး Backup အဖြစ်သော်လည်းကောင်း၊ ခရီးသွားတဲ့အခါမှာသော်လည်းကောင်း အသုံးပြုဖို့ အဆင်ပြေတဲ့ အမျိုးအစားဖြစ်ပါတယ်။LiFePO4 battery ကို အသုံးပြုထားတာကြောင့် ပုံမှန် Lithium battery တွေထက် သက်တမ်း ၆ ဆ ပိုရှည်ပြီး နေ့စဉ် သုံးစွဲမယ်ဆိုရင်တောင် ၁၀ နှစ်နီးပါး စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။EcoFlow ရဲ့ နာမည်ကြီး X-Stream နည်းပညာကြောင့် အခြား power station တွေလို အကြာကြီး စောင့်စရာမလိုဘဲ ၂ နာရီအတွင်း အားအပြည့်ပြန်သွင်းနိုင်ပါတယ်။AC Outlets (မီးပလပ်ပေါက်) တွေအပြင် USB-A, USB-C (Fast Charge), Car Power Output စသဖြင့် Output port ၁၃ ခုမှ ၁၅ ခုအထိ ပါဝင်တာကြောင့် ဖုန်း၊ Laptop နဲ့ အိမ်သုံးပစ္စည်း အတော်များများကို တစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။EcoFlow App နဲ့ ချိတ်ဆက်ပြီး ဖုန်းထဲကနေ Power သုံးစွဲမှုကို စောင့်ကြည့်တာ၊ Setting တွေချိန်ညှိတာတွေကို Wi-Fi ဒါမှမဟုတ် Bluetooth ကနေတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။မီးမရှိတဲ့နေရာတွေမှာ Solar Panel နဲ့ ချိတ်ဆက်ပြီးတော့လည်း အားသွင်းနိုင်ပါတယ် (Max 500W solar input အထိ လက်ခံနိုင်ပါတယ်)။
Ecoflow Delta 3 1800W Power Station (1024Wh)
Ecoflow Delta 3 1800W Power Station လေးသည် Capacity 1024Wh နဲ့ဖြစ်ပြီး ဖုန်းကို အကြိမ် ၉၀ ခန့်၊ Laptop ကို ၁၅ ကြိမ်ခန့် သို့မဟုတ် 100W ရှိတဲ့ TV တစ်လုံးကို ၁၀ နာရီနီးပါး ဆက်တိုက်အသုံးပြုနိုင်ပါသည်။ Battery LiFePO4 Cell Type ဖြစ်တာကြောင့် ရိုးရိုး Lithium-ion ထက် ပိုမိုဘေးကင်းပြီး အပူဒဏ်ခံနိုင်ရည် ပိုကောင်းပါသည်။ 1800W AC Output နဲ့မို့ အိမ်သုံးပစ္စည်း တော်တော်များများကို မောင်းနှင်နိုင်ပြီး ထမင်းပေါင်းအိုး၊ ရေနွေးအိုး အသေး၊ ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်တွေအတွက်ပါ အသုံးပြုနိုင်ပါသည်။ EU Sockets ၄ ခု ပါတဲ့အပြင် 100W USB-C ပါဝင်တာကြောင့် MacBook သို့မဟုတ် High-end Laptop တွေကို Adapter မလိုဘဲ တိုက်ရိုက် အားသွင်းနိုင်ပါသည်။ မီးခဏခဏပျက်တဲ့နေရာတွေမှာ နေရောင်ခြည်စွမ်းအင်သုံး Panel တွေနဲ့ ချိတ်ပြီး အခမဲ့ အားပြန်သွင်းလို့ရပါသည်။ ကားမောင်းရင်းနဲ့လည်း အားသွင်းနိုင်တာကြောင့် Camping ထွက်သူတွေအတွက် အဆင်ပြေစေပါသည်။
Jackery E100 Plus Portable Power Station
Jackery Explorer 100 Plus Portable Power Station (E100 Plus) ဟာ သယ်ဆောင်ရလွယ်ကူပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Mini Power Station တစ်ခုဖြစ်ပါတယ်။ ၎င်းကို ခရီးသွားလာရေး၊ ကမ်ပင်းထွက်ခြင်း၊ သို့မဟုတ် လေယာဉ်ပေါ်ပါသွားနိုင်တဲ့ အရန်ပါဝါ (backup power) အနေနဲ့ အဓိကထား ထုတ်လုပ်ထားပါတယ်။LiFePO4 (LFP) ဘက်ထရီ ကို အသုံးပြုထားသောကြောင့် ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်ပြီး၊ သာမန်ဘက်ထရီများထက် အကြိမ်ရေ ၂,၀၀၀ အထိ အားသွင်း/အသုံးပြုနိုင်ကာ သက်တမ်း ၈ နှစ်အထိ ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။USB-C ပေါက် နှစ်ခုလုံးသည် 100W Power Delivery (PD) အထိ ပါဝါထုတ်လွှတ်နိုင်ပါတယ်။ ထို့ကြောင့် Laptop (ဥပမာ- MacBook Air) များ၊ Tablet များနဲ့ ဖုန်းများကို မြန်နှုန်းမြင့်စွာ အားသွင်းနိုင်ပါတယ်။ပေါက်သုံးခု (2 x USB-C + 1 x USB-A) ကို တစ်ပြိုင်နက် အားသွင်းပါက စုစုပေါင်း 128W အထိ အသုံးပြုနိုင်ပါတယ်။Wall Outlet / PD Adapter 100W PD charger ဖြင့် ၁.၈ နာရီခန့်။Jackery ၏ SolarSaga 100W Solar Panel ကို အသုံးပြုပါက ၂ နာရီခန့်။ကားချာဂျာဖြင့် ၂.၅ နာရီခန့် အားပြန်သွင်းနိုင်ပါတယ်။BMS (Battery Management System) ဖြင့် အပူလွန်ကဲခြင်း၊ လျှပ်စစ်စီးဆင်းမှု လွန်ကဲခြင်းစသည့် အကာအကွယ် ၆ မျိုး ပါရှိပါတယ်။
Jackery E300 Plus Portable Power Station (288W,22.5Ah)
Jackery E300 Plus Portable Power Station ကတော့ သယ်ဆောင်ရလွယ်ကူပြီး ခရီးသွားတဲ့အခါမျိုးမှာ အသုံးပြုနိုင်တဲ့ Power Station တစ်ခု ဖြစ်ပါတယ်။ 288W (22.5Ah) စွမ်းရည်ရှိတဲ့ လစ်သီယမ်-အိုင်းယွန်း (Li-ion) ဘက်ထရီကို အသုံးပြုထားပါတယ်။ ဒီပမာဏဟာ သင့်ရဲ့ ဖုန်း၊ လက်တော့ပ်၊ ကင်မရာ၊ ဒရုန်းနဲ့ တခြား အသေးစား အီလက်ထရွန်နစ် ပစ္စည်းတွေကို အကြိမ်ပေါင်းများစွာ အားသွင်းပေးနိုင်ပါတယ်။AC ပလပ်ပေါက်မှာ 300W အထိ စွမ်းအင်ထုတ်ပေးနိုင်တာကြောင့် အိမ်သုံးပစ္စည်းအချို့ကို ပါဝါပေးနိုင်ပါတယ်။အိမ်သုံးလျှပ်စစ်ပလပ်ကနေ အားသွင်းရင် ၂ နာရီခန့်ပဲ ကြာပါတယ်။ကားရဲ့ စီးကရက်ပေါက်ကနေ အားသွင်းနိုင်ပါတယ်။Jackery SolarSaga Solar Panel တွေနဲ့ ချိတ်ဆက်ပြီး နေရောင်ခြည်ကနေ အားသွင်းနိုင်ပါတယ်။ ဒါက ခရီးရှည်သွားတဲ့အခါမျိုးမှာ အထူးအသုံးဝင်ပါတယ်။အပူချိန်လွန်ကဲခြင်း၊ ဗို့အားလွန်ကဲခြင်း စတာတွေကနေ ကာကွယ်ပေးတဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။