Mijia Smart Electric Oven 40L (MKX05M) လေးသည် Capacity 40L ဝင်ဆန့်ပြီး လျင်မြန်စွာအပူပေးနိုင်တာကြောင့် အသုံးပြုရာတွင်မြန်ဆန်စေပါသည်။ tubular အပူဒြပ်စင်ခြောက်ခုသည် အပူကို အညီအမျှ ဖြန့်ဝေပေးပြီး 2000 Wသည် လျှင်မြန်စွာ အပူပေးနိုင်တာကြောင့် တစ်ချိန်တည်းတွင် ဟင်းလျာများကို ပိုမိုချက်ပြုတ်နိုင်ပါသည်။ မှန်တံခါးများကို အပူဒဏ်ခံနိုင်သော insulation မှန်များဖြင့်ပြုလုပ်ထားတာကြောင့် အလွန်ကောင်းမွန်သော အပူလျှပ်ကာများ နှင့် အပူယိုစိမ့်မှုကို ကာကွယ်ပေးနိုင်ပါသည်။ ကင်ခြင်း၊ မုန့်ဖုတ်ခြင်းလုပ်ငန်း၊ ချက်ပြုတ်ခြင်းနှင့် သစ်သီးအခြောက်ခံခြင်း တို့ကိုပါပြုလုပ်နိုင်မှာဖြစ်တာကြောင့် အသုံးပြုရာတွင်အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
| Brand | Mijia |
| Model | MKX05M |
| Power | 2000 W |
| Capacity | 40Liter |