Reyee RG-EST350G Dual Band Gigabit Wireless Bridge
Reyee RG-EST350G Dual Band Gigabit Wireless Bridge သည် Wi-Fi 5 (802.11ac) ကို အသုံးပြု၍ 5GHz frequency band တွင် 867Mbps အမြန်နှုန်းဖြင့် အချက်အလက်များကို ပို့ဆောင်နိုင်ပါသည်။ လုံခြုံသော အချက်အလက်ပို့ဆောင်မှုအတွက် 5km အကွာအဝေးအထိ အသုံးပြုနိုင်ပြီး Built-in 16dBi directional antenna ဖြင့် အချက်အလက်များကို တိကျစွာ ပို့ဆောင်ပေးနိုင်ပါသည်။ LAN devices များကို ချိတ်ဆက်ရန် Gigabit Ethernet ports 3 ခု ပါရှိပြီး Zero configuration ဖြင့် Point-to-Point (PTP) pairing ကို အလိုအလျောက်ပြုလုပ်နိုင်ပါသည်။ Surveillance systems, building-to-building connectivity, campus & industrial networks စသည့် နေရာများတွင် အသုံးပြုရန်အတွက် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
- In Stock
Reyee RG-EST350G Dual Band Gigabit Wireless Bridge သည် Wi-Fi 5 (802.11ac) ကို အသုံးပြု၍ 5GHz frequency band တွင် 867Mbps အမြန်နှုန်းဖြင့် အချက်အလက်များကို ပို့ဆောင်နိုင်ပါသည်။ လုံခြုံသော အချက်အလက်ပို့ဆောင်မှုအတွက် 5km အကွာအဝေးအထိ အသုံးပြုနိုင်ပြီး Built-in 16dBi directional antenna ဖြင့် အချက်အလက်များကို တိကျစွာ ပို့ဆောင်ပေးနိုင်ပါသည်။ LAN devices များကို ချိတ်ဆက်ရန် Gigabit Ethernet ports 3 ခု ပါရှိပြီး Zero configuration ဖြင့် Point-to-Point (PTP) pairing ကို အလိုအလျောက်ပြုလုပ်နိုင်ပါသည်။ Surveillance systems, building-to-building connectivity, campus & industrial networks စသည့် နေရာများတွင် အသုံးပြုရန်အတွက် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
| Brand | Reyee |
| Model | RG-EST350G |
| Interface Ports | 3 × Gigabit Ethernet |
| Antenna Type | Built-in, 2 dBi @2.4 GHz, 16 dBi @5 GHz; 31° H / 14° V |
| Range | Up to 5 km |
| Frequency | 2.4 GHz (150 Mbps) + 5 GHz (867 Mbps) |
| Power Options | 12V DC, 24V Passive PoE, PoE 802.3af/at |
| Dimension | 240×133×108 mm |
| Weight | 730 g |
Related Products
Huawei eKitEngine AP661 WiFi 6 Indoor Tri-Band Access Point
Huawei eKit AP661 AX6600 Long-Range High-Density Triple-Radio Access Point သည် စီးပွားရေးလုပ်ငန်းများ၊ ရုံးခန်းများ၊ ကျောင်းများ၊ ဟိုတယ်များနှင့် လူအသုံးများသောနေရာများအတွက် အထူးထုတ်လုပ်ထားသော Enterprise-Grade Wi-Fi 6 Access Point တစ်ခုဖြစ်ပါသည်။ AX6600 စွမ်းဆောင်ရည်ဖြင့် မြန်နှုန်းမြင့် Wireless Network ကို ပံ့ပိုးပေးနိုင်ပြီး Triple-Radio Architecture ကြောင့် တစ်ချိန်တည်းတွင် Device အများအပြား ချိတ်ဆက်အသုံးပြုသည့် ပတ်ဝန်းကျင်များတွင် တည်ငြိမ်သော Connection နှင့် မြင့်မားသော Performance ကို ရရှိစေပါသည်။ Active Devices 300+ ကျော်အထိ အသုံးပြုနိုင်ပြီး High Transmit Power နည်းပညာဖြင့် ကျယ်ပြန့်သော Wi-Fi Coverage ကို ပေးစွမ်းနိုင်ပါသည်။ Cloud Management နှင့် Web Management စနစ်များပါဝင်သောကြောင့် Network Administrator များအနေဖြင့် အလွယ်တကူ Setup ပြုလုပ်နိုင်ပြီး Remote မှ စီမံခန့်ခွဲနိုင်ပါသည်။ 2.5GE Uplink Port ပါဝင်သောကြောင့် High-Speed Network Infrastructure များနှင့် ချိတ်ဆက်အသုံးပြုရာတွင် Bottleneck မဖြစ်စေဘဲ Wi-Fi 6 ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်ပါသည်။
Huawei eKitEngine AP371 WiFi 7 Indoor Access Point
Huawei eKitEngine AP371 သည် Wi-Fi 7 (802.11be) indoor စီးပွားရေးသုံး Enterprise-grade Access Point တစ်ခုဖြစ်ပါတယ်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMBs)၊ ရုံးခန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် Shopping Mall များအတွက် သင့်တော်အောင် ထုတ်လုပ်ထားပါတယ်။Wi-Fi 7 စံနှုန်းဖြင့် 2.4 GHz (689 Mbps) နှင့် 5 GHz (2.88 Gbps) Dual-band နှစ်ခုပေါင်း Combined Data Rate 3.57 Gbps (BE3600) အထိ အမြန်နှုန်း ပေးနိုင်ပါတယ်။ Built-in Smart Antennas တွေပါဝင်လို့ အသုံးပြုသူ သွားလာလှုပ်ရှားမှုပေါ် မူတည်ပြီး Signal လမ်းကြောင်းနှင့် အားကောင်းမှုကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ 1 × 2.5GE Ethernet Port (PoE IN) ပါဝင်သည့်အတွက် Wired Backbone ၏ အမြန်နှုန်း bottlenecks မဖြစ်ဘဲ မြန်ဆန်စွာ Data ပို့လွှတ်နိုင်ပါတယ်။Device တစ်ခုတည်းမှာ User 150 ဝန်းကျင် အထိ အဆင်ပြေပြေ တပြိုင်နက်တည်း အသုံးပြုနိုင်ပြီး (Maximum 256 users) သီးသန့် ချိတ်ဆက်နိုင်ပါတယ်။Huawei eKit Mobile App (သို့) Cloud Platform မှတစ်ဆင့် လွယ်ကူစွာ setup လုပ်ခြင်း၊ monitoring လုပ်ခြင်းနှင့် Remote Control ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
TP-Link Deco M4 Plus AC-1200 Mesh WiFi Access Point (2 Packet)
TP-Link Deco M4 (AC1200) Mesh Wi-Fi System သည် အိမ် သို့မဟုတ် ရုံးခန်းများတွင် Wi-Fi လိုင်းမမိသည့် Dead Zone (လိုင်းပျောက်သောနေရာ) များကို ပျောက်ကင်းစေပြီး တစ်အိမ်လုံး Wi-Fi လိုင်းအပြည့်ရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် စွမ်းဆောင်ရည်မြင့် Whole Home Mesh System တစ်ခု ဖြစ်ပါတယ်။2-Pack (အလုံး ၂ လုံးပါ) အမျိုးအစားဖြစ်ပြီး ပုံမှန် Router တစ်လုံးတည်းဖြင့် လိုင်းမနိုင်သော နှစ်ထပ်အိမ်များ သို့မဟုတ် အခန်းများသည့် အိမ်များအတွက် အထူးသင့်တော်ပါသည်။2-Pack စုံလိုက်သုံးပါက စတုရန်းပေ ၂,၈၀ဝ (2,800 sq ft) ထိ coverage ရရှိစေပြီး Wi-Fi မမိသည့် နေရာများကို ဖယ်ရှားပေးပါသည်။အိမ်အတွင်း နေရာရွှေ့ပြောင်းသွားလာရာတွင် Wi-Fi နာမည် (SSID) တစ်ခုတည်းဖြင့်ပင် အကောင်းဆုံးလိုင်းမိသည့် Deco အလုံးထံသို့ Automatic လိုင်းပြောင်းပေးသဖြင့် Internet လိုင်းပြတ်တောက်ခြင်း မရှိပါ။2 × Gigabit Ethernet Ports (WAN/LAN Auto-Sensing) ပါဝင်သောကြောင့် Fiber Internet တိုက်ရိုက်ထိုးရန်နှင့် LAN ကြိုးဖြင့် High-speed သုံးရန် အဆင်ပြေပါသည်။Router Mode သို့မဟုတ် Access Point Mode (AP Mode) နှစ်မျိုးလုံး ပြောင်းလဲအသုံးပြုနိုင်ပါသည်။
TP-Link Deco M5 Plus AC-1300 Mesh WiFi Access Point (3 Packet)
TP-Link ကထုတ်လုပ်ထားတဲ့ Deco M5 Plus AC-1300 Mesh WiFi Access Point လေးကတော့ Deco Mesh Technology ကြောင့် Wi-Fi Coverage ကို အိမ်အနှံ့ Seamless ချိတ်ဆက်ပေးနိုင်ပြီး Dead Zone တွေကို ဖယ်ရှားပေးပါသည်။ Deco Units တွေက Network တစ်ခုတည်းအဖြစ် အလုပ်လုပ်တာကြောင့် အခန်းတစ်ခန်းကနေ နောက်တစ်ခန်းကို ရွှေ့သွားတဲ့အခါ Device က အလိုအလျောက် အကောင်းဆုံး Signal ရရှိတဲ့ Deco Unit ကို ပြောင်းလဲချိတ်ဆက်ပေးပြီး Connection ပြတ်တောက်မှုမရှိဘဲ အသုံးပြုနိုင်ပါသည်။ 3-Pack Version က 5,500 sq.ft (ခန့်မှန်း 510㎡) အထိ Wi-Fi Coverage ပေးနိုင်ပြီး အိမ်ကြီးများ၊ Duplex House များ၊ Office များအတွက် အထူးသင့်တော်ပါသည်။ အမြန်နှုန်း 1267Mbps အထိ ထောက်ပံ့ပေးနိုင်ပြီး ISP မရွေး၊ Modem အမျိုးအစားအများစုနှင့်လည်း အဆင်ပြေစွာ တွဲဖက်အသုံးပြုနိုင်ပါသည်။ Device 100 ကျော် ကို တစ်ပြိုင်နက် ချိတ်ဆက်ထားသည့်အချိန်တွင်လည်း တည်ငြိမ်ပြီး Lag နည်းသော Internet Experience ကို ပေးစွမ်းနိုင်ပါသည်။ TP-Link HomeCare™ ပါဝင်လာပြီး Parental Controls, Built-in Antivirus နှင့် Quality of Service (QoS) တို့ကို အသုံးပြုနိုင်သဖြင့် မိသားစုအတွက် လုံခြုံစိတ်ချရသော Network Environment ကို ဖန်တီးပေးနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။
Huawei eKitEngine AP160 WiFi 6 Wall Plate Access Point
Huawei eKitEngine AP160 WiFi 6 Wall Plate Access Point လေးသည် Wi-Fi 6 (802.11ax) Technology ကိုအသုံးပြုထားတဲ့အတွက် မြန်နှုန်းမြင့်၊ Latency နည်းပြီး Device အများအပြားချိတ်ဆက်အသုံးပြုရတဲ့နေရာတွေမှာလည်း တည်ငြိမ်တဲ့ Wireless Performance ကိုပေးစွမ်းနိုင်ပါသည်။ Dual-Band (2.4GHz + 5GHz) ကိုတစ်ပြိုင်နက်တည်းထောက်ပံ့ပေးနိုင်ပြီး အမြင့်ဆုံး 1.775Gbps အထိ Data Transfer Speed ရရှိနိုင်တာကြောင့် Video Conference, 4K Streaming, Cloud Application, Online Learning, Gaming နဲ့ Business Network တွေအတွက် အထူးသင့်တော်ပါသည်။ Guest Network ဖန်တီးနိုင်ပြီး Multiple SSID များကိုလည်း စီမံခန့်ခွဲနိုင်တာကြောင့် Business Environment တွေအတွက်လည်း အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Huawei eKitEngine AP761 WiFi 6 Outdoor Access Point
Huawei eKitEngine AP761 Outdoor Access Point သည် Wi-Fi 6 ကိုထောက်ပံ့ပေးထားပြီး အကျယ်အဝန်းကြီးမားသော Wireless Network များတည်ဆောက်ရာတွင် သင့်လျော်ပါသည်။ 2.4 GHz Band တွင် IEEE 802.11 b/g/n/ax နှင့် 5 GHz Band တွင် IEEE 802.11 a/n/ac/ax Protocol များကို ထောက်ပံ့ပေးနိုင်ပြီး မြန်နှုန်းမြင့် Wi-Fi ချိတ်ဆက်မှုကို ပေးစွမ်းနိုင်ပါသည်။ 2.4 GHz Band တွင် အမြင့်ဆုံး 574 Mbps နှင့် 5 GHz Band တွင် 1201 Mbps အထိ ရရှိနိုင်ပါသည်။ IP68 Protection Rating ပါဝင်သောကြောင့် ရေစိုခံ၊ ဖုန်မှုန့်ခံနိုင်ပြီး ပြင်ပပတ်ဝန်းကျင်များတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ Integrated Directional Antenna များပါဝင်ပြီး 2.4 GHz တွင် 10 dBi နှင့် 5 GHz တွင် 11 dBi Gain ရရှိနိုင်သောကြောင့် Coverage Area ကျယ်ပြန့်စွာ ပံ့ပိုးပေးနိုင်ပါသည်။ 1× Gigabit Ethernet Port နှင့် 1× SFP Slot ပါဝင်ပြီး PoE 802.3af/at Standard ဖြင့် Power Supply ပေးနိုင်ပါသည်။
Huawei eKitEngine AP361 WiFi 6 Indoor Access Point
Huawei eKitEngine AP361 WiFi 6 Indoor Access Point သည် Wi-Fi 6 (802.11ax) ကို ထောက်ပံ့ပေးပြီး 802.11a/b/g/n/ac/ac Wave 2 တို့နှင့်လည်း လိုက်ဖက်မှုရှိပါတယ်။2.4 GHz နှင့် 5 GHz လိုင်းနှစ်ခုစလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်ပြီး စုစုပေါင်း အမြန်နှုန်း 1.775 Gbps အထိ ရရှိနိုင်ပါတယ်။2x2 MIMO (Multiple-Input Multiple-Output) စနစ်ကို အသုံးပြုထားပါတယ်။အထဲမှာ တစ်ပါတည်းပါဝင်တဲ့ Smart Antennas များက အချက်ပြလှိုင်းကို အကောင်းဆုံး ချိန်ညှိပေးပါတယ်။
Reyee RG-RAP2260(H) AX6000 Dual Band Gigabit Ceiling Mount Access Point (WiFi 6)
Reyee RG-RAP2260(H) ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ AX6000 Wi-Fi 6 Ceiling Mount Access Point တစ်ခုဖြစ်ပြီး၊ စုစုပေါင်း Wireless Speed 5.95 Gbps အထိ ပေးစွမ်းနိုင်တဲ့အတွက် အင်တာနက်အလွန်မြန်ဖို့ လိုအပ်တဲ့ လုပ်ငန်းခွင်တွေနဲ့ လူအများအပြား တစ်ပြိုင်နက်အသုံးပြုတဲ့ နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ ၎င်းမှာ 2.5 Gbps Multi-Gigabit Port နှစ်ခုပါဝင်တာကြောင့် Network bandwidth အကျပ်အတည်းမဖြစ်ဘဲ ဒေတာစီးဆင်းမှု မြန်ဆန်စေတဲ့အပြင်၊ 4x4 MU-MIMO နည်းပညာကြောင့် Device ပေါင်း ၅၀၀ ကျော်အထိ ချိတ်ဆက်အသုံးပြုနိုင်စွမ်း ရှိပါတယ်။ ထူးခြားချက်အနေနဲ့ Ruijie Cloud ကနေတစ်ဆင့် ဘယ်နေရာကမဆို အခမဲ့ အဝေးထိန်းစီမံခန့်ခွဲနိုင်ပြီး၊ Seamless Roaming စနစ်ကြောင့် အဆောက်အဦးအတွင်း လမ်းလျှောက်သွားလာရင်း သုံးစွဲရာမှာလည်း လိုင်းပြတ်တောက်မှုမရှိဘဲ အမြဲချောမွေ့နေမှာ ဖြစ်ပါတယ်။ တပ်ဆင်ရလွယ်ကူပြီး ကိုယ်ပိုင် Mesh စနစ်ကိုလည်း ထောက်ပံ့ပေးထားတာကြောင့် ရုံးခန်းကြီးများ၊ ဟိုတယ်များနှင့် ခေတ်မီစမတ်အိမ်ရာများအတွက် ယုံကြည်စိတ်ချရတဲ့ High-end Wi-Fi Solution တစ်ခုပဲ ဖြစ်ပါတယ်။