TCL ကထုတ်လုပ်ထားတဲ့ TAC-12CSD/TPH21I လေးသည် Capacity 1.5HP နဲ့ဖြစ်ပြီး အချိန်ခနလေးအတွင်း အခန်းတွင်းအပူချိန်ကို နူးညံ့တဲ့အထိအတွေ့နဲ့ သဘာ၀အတိုင်းအေးမြစေမှာပဲဖြစ်ပါသည်။ သဘာဝရေမော်လီကျူးများဖြင့် သန့်စင်ပေးနိုင်တာကြောင့် ညစ်ညမ်းမှု့အားလုံးကို အလွယ်တကူဖယ်ရှားပေးနိုင်ပါသည်။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် သန့်ရှင်းလတ်ဆက်သောလေကိုရရှိနိုင်ပါသည်။ 1-Smart Airflow ကသဘာဝအတိုင်း အေးမြစွာ မျက်နှာကျက်မှ ဖြေးဖြေးချင်းလေညှင်းလှိုင်းများရွေ့သကဲ့သို့ သက်တောင့်သက်သာနဲ့အေးမြမှု့ကိုခံစားစေပါသည်။ 2-Smart Airflow က ပူနွေးမှု့ကို အောက်မှအပေါ်သို့ စိုထိုင်းမှု့ထိန်းညှိပေးပြီး နွေးထွေးသည့်လေများကို ကြမ်းပြင်မှတစ်ဆင့် ညီညာစွာ အပေါ်သို့ပြန်လည်မြှင့်တင်ပေးပါသည်။ Filter သန့်ရှင်းရေးပြုလုပ်ရမည့်အချိန်တွင်လည်း စက်မျက်နှာပင်ပေါ်တွင် Filter သန့်ရှင်းရေးလုပ်ရန်ပေါ်လာမည်ဖြစ်ပြီး TCL Home App တွင်လည်း အသိပေးချက်ရရှိမည် ဖြစ်ပါသည်။ အိပ်ပျော်စေမည့် အထူးမုဒ် အိပ်ချိန်အလိုအလျောက်စနစ်ဖွင့်လိုက်သည်နှင့် လျှပ်စစ်ဓာတ်အားသက်သာစေပြီး ညအချိန်တစ်လျှောက် အပူချိန်ညီညာမှု့ကို ထိန်းသိမ်းပေးနိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ အနှောက်အယှက်မရှိ အိပ်စက်နိုင်ပါသည်။ အပူဒဏ်ဘယ်လောက်ပြင်းပြင်း အေးအေးဆေးဆေးနဲ့ အအေးစွမ်းရည်ပေးနိုင်မယ့် E-box လေအေးစနစ်က ၆၀°C အထိပူပြင်းသော ပတ်ဝန်းကျင်တွင်ပါ အဆက်မပြတ်အေးမြစေပြီး ၅၀°C တွင် 100% အအေးစွမ်းရည်အပြည့်ဖြင့် အလုပ်လုပ်ပေးပါသည်။ Filter ကို အထူးဒီဇိုင်းဖြင့် ထုတ်လုပ်ထားတာကြောင့် လွယ်ကူစွာထုတ်ယူနိုင်ပြီး အလွယ်တကူသန့်စင်နိုင်ပါသည်။
| Brand | TCL |
| Model | TAC-12CSD/TPH21I |
| Power | ~1,600 W |
| Capacity | 1.5 HP (~12,000 BTU/h ≈ 3,520 W) |
| Rated Current | ~7.3 A |
| Gas | R‑32 |
| Power Supply | 220–240 V ~ / 50 Hz |
| Dimension (Indoor) | 790 (W) × 275 (H) × 192 (D) mm |
| Dimension (Outdoor) | 712 (W) × 276 (H) × 459 (D) mm |
| Weight (Indoor) | ~11.5 kg |
| Weight(Outdoor) | ~23 kg |
| Warranty | 5 Years Warranty (2Years Parts And Service/ 3 Years Service Only) |