Xiaomi Focus Stylus Pen (23089MP43C) က Xiaomi Pad 6s /6s Pro နဲ့တွဲဖက်အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ စတိုင်လပ်စ် (stylus) ပဲ ဖြစ်ပါတယ်။8192-level pressure sensitivity ပါဝင်တဲ့အတွက် လက်ရေးရေးတာ၊ ပုံဆွဲတာနဲ့ မှတ်စုမှတ်တာတွေမှာ ပိုမိုတိကျသေသပ်ပါတယ်။ လက်ဖိအားကိုလိုက်ပြီး စာလုံးအထူအပါးနဲ့ ပန်းချီဆွဲရာမှာ လိုင်းအထူအပါးတွေကို အသေးစိတ်ထိန်းချုပ်နိုင်ပါတယ်။Spotlight ခလုတ်ကတော့ ဖုန်းမျက်နှာပြင်ပေါ်က အရာဝတ္ထုတွေ၊ စာသားတွေကို မီးမောင်းထိုးပြဖို့ (highlight) အသုံးပြုနိုင်ပါတယ်။Screenshot ခလုတ် မျက်နှာပြင်တစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို အလွယ်တကူ screenshot ရိုက်နိုင်ပါတယ်။Writing ခလုတ် စာရေးတာ၊ ပုံဆွဲတာတွေကို အလွယ်တကူ ပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။240Hz sampling rate နဲ့ အလုပ်လုပ်တာကြောင့် ဘောပင်နဲ့ မျက်နှာပြင်ထိတွေ့တာနဲ့ တပြိုင်နက်တည်းနီးပါး တုံ့ပြန်မှုရရှိပါတယ်။ ဒါကြောင့် ရေးဆွဲတဲ့အခါ၊ မှတ်စုမှတ်တဲ့အခါ လုံးဝချောမွေ့ပြီး သဘာဝကျတဲ့ အတွေ့အကြုံကို ပေးပါတယ်။
| Brand | Xiaomi |
| Model | 23089MP43C |
| Compatible models | Xiaomi Pad 6s /Xiaomi Pad 6S Pro 12.4 |
| Pen length | 160mm |
| Weight | 15.6g |
| Pressure sensitivity | 8192-level |
| Touch sampling rate | 240Hz |
| Three buttons | Spotlight button, screenshot button, writing button |