Philips HD9395 Kettle (1.7L)
Philips ကထုတ်လုပ်ထားတဲ့ HD9395 Kettle လေးသည် Capacity 1.7Liters ဝင်ဆန့်ပြီး အချိန်တိုအတွင်း ရေကိုဆူပွက်အောင် တည်ပေးနိုင်ပါသည်။ ရေမရှိပါက မီးဖွင့်ခြင်းကို အလိုအလျှောက် ပိတ်ပေးတဲ့ Strix controller ပါဝင်ပြီး မီးဖွင့်နေစဉ် လျှပ်စစ်အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါသည်။ ရေထည့်ရန် နှင့် သန့်ရှင်းရေးလုပ်ရန်အတွက် ဖွင့်ပေါက်ကျယ်သော ဒီဇိုင်းဖြင့်ဖန်တီးပြုလုပ်ပေးထားပါသည်။ 360‑degree Pirouette Base ဖြစ်တာကြောင့် အောက်ခြေပြားကို 360 ဒီဂရီလှည့်ပြီး အသုံးပြုနိုင်ပါသည်။
- In Stock
Philips ကထုတ်လုပ်ထားတဲ့ HD9395 Kettle လေးသည် Capacity 1.7Liters ဝင်ဆန့်ပြီး အချိန်တိုအတွင်း ရေကိုဆူပွက်အောင် တည်ပေးနိုင်ပါသည်။ ရေမရှိပါက မီးဖွင့်ခြင်းကို အလိုအလျှောက် ပိတ်ပေးတဲ့ Strix controller ပါဝင်ပြီး မီးဖွင့်နေစဉ် လျှပ်စစ်အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါသည်။ ရေထည့်ရန် နှင့် သန့်ရှင်းရေးလုပ်ရန်အတွက် ဖွင့်ပေါက်ကျယ်သော ဒီဇိုင်းဖြင့်ဖန်တီးပြုလုပ်ပေးထားပါသည်။ 360‑degree Pirouette Base ဖြစ်တာကြောင့် အောက်ခြေပြားကို 360 ဒီဂရီလှည့်ပြီး အသုံးပြုနိုင်ပါသည်။
| Brand | Philips |
| Model | HD9395 |
| Capacity | 1.7Liter |
| Power Supply | 2200 W |
| Warranty | 1Year |
Related Products
81 ETO-50H Electric Kettle (50L)
81 ETO-50H (50L) ရေနွေးအိုးသည် စားသောက်ဆိုင်များ၊ ရုံးဌာနများနှင့် လူဦးရေအများအပြားရှိသော လုပ်ငန်းခွင်များအတွက် အထူးရည်ရွယ်ထုတ်လုပ်ထားသည့် လုပ်ငန်းသုံး (Commercial Type) ရေနွေးအိုးကြီး ဖြစ်ပါသည်။ ၅၀ လီတာအထိ ဆံ့ဝင်သည့်အတွက် ရေနွေးကို တစ်ကြိမ်တည်းဖြင့် အမြောက်အမြား ရရှိနိုင်ခြင်းက အဓိကအားသာချက်ဖြစ်ပြီး ရေခဏခဏတည်နေရသည့် အချိန်ကုန်မှုကို လျှော့ချပေးနိုင်ပါတယ်၊ အပြင်ကိုယ်ထည်ကို အရည်အသွေးကို Stainless Steel ဖြင့် တည်ဆောက်ထားသောကြောင့် သံချေးတက်ခြင်းကို ကာကွယ်ပေးသည့်အပြင် သန့်ရှင်းရေးလုပ်ရသည်မှာလည်း လွယ်ကူအဆင်ပြေစေပါတယ်၊
Escort ESK-18G Kettle (1.8L)
Escort ESK-18G Kettle လေးသည် Capacity 1.8Liters ဝင်ဆံ့ပြီး အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် မိနစ်ပိုင်းအတွင်း ရေနွေးပူပူလေးကို အမြန်ဆုံးရရှိစေပါသည်။ Fast Boiling: 1500W ရှိတဲ့ အားကောင်းသော Power စနစ်ကြောင့် ရေကို အချိန်တိုအတွင်း ဆူပွက်စေပါသည်။ Pure copper power cord ကို အသုံးပြုထားလို့ လျှပ်စစ်အန္တရာယ်ကင်းပြီး စိတ်ချစွာအသုံးပြုနိုင်ပါသည်။
Mijia 1S MJDSH03YM Kettle(1.7L)
Mi Mijia 1S Electric Kettle လေးသည် အဖြူရောင် Matte finish နဲ့ ရိုးရှင်းပြီး သန့်ရှင်းတဲ့ ဒီဇိုင်းဖန်တီးပြုလုပ်ပေးထားပါသည်။ ရေထိတွေ့မယ့် အတွင်းပိုင်းကို 304 Stainless Steel နဲ့ ပြုလုပ်ထားလို့ သံချေးမတက်သလို သန့်ရှင်းရလွယ်ကူပြီး အပြင်ပိုင်းကို အပူလောင်ခြင်းကနေ ကာကွယ်ပေးတဲ့ Double-layer Heat Insulation နဲ့ ပြုလုပ်ထားပါသည်။ Capacity 1.5Liters ဝင်ဆံ့ပြီး 1800W ပါဝါရှိတာကြောင့် ရေအပြည့်ကို ၅ မိနစ်ဝန်းကျင်အတွင်း ဆူအောင် တည်ပေးနိုင်ပါသည်။ ရေကုန်ရင် အလိုအလျောက် ပိတ်ပေးတဲ့စနစ် (Boil-dry protection) နဲ့ လျှပ်စစ်ရှော့ခ်မဖြစ်အောင် ကာကွယ်ပေးတဲ့ စနစ်တွေ ပါဝင်ပြီး အရည်အသွေးကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။
Osten MEK009SSA Electric Kettle (1.8L)
Osten ကထုတ်ထားတဲ့ MEK009SSA Electric Kettle လေးသည် Capacity 1.8Liter ဝင်ဆန့်ပြီး Rated Power 1500W နဲ့အလုပ်လုပ်ပေးမှာဖြစ်တာကြောင့် အချိန်တိုအတွင်း ဆူပွတ်နေတဲ့ရေနွေးကို ရရှိနိုင်ပါသည်။ သံမဏိ (stainless steel)ဖြင့်ပြုလုပ်ထားတာကြောင့် အကြမ်းခံပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
81 ETO-2050A Electronic kettle (1.7L)
81 ကထုတ်ထားတဲ့ ETO-2050A Electronic kettle လေးသည် Capacity 1.7Liters ဝင်ဆန့်ပြီး ရေနွေးမြန်မြန်ဆူအောင် ပြုလုပ်နိုင်တဲ့ လျှပ်စစ်ရေနွေးအိုးတစ်မျိုးဖြစ်ပါသည်။ Power – 1500W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး Voltage – 220–240V (50–60Hz) ဖြစ်တာကြောင့် အိမ်သုံးလျှပ်စစ်စနစ်နဲ့ အဆင်ပြေစေပါသည်။ Overheat မဖြစ်စေရန် Auto Cut-off ထည့်သွင်းပေးထားပါသည်။ Kettle အောက်ခြေထဲမှာ heater plate မမြင်ရအောင် Concealed Design ပြလုပ်ပေးထားတာကြောင့် သန့်ရှင်းရလွယ်ကူစေပါသည်။ အဖွင့်/အပိတ်ကို LED Indicator နဲ့ပြသပေးနိုင်ပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
81 ETO-18F Electric Kettle (1.8L)
81 ကထုတ်ထားတဲ့ ETO-18F Electronic Kettle လေးသည် Capacity 1.8Liters ဝင်ဆန့်ပြီး မိသားစုများအတွက် အဆင်ပြေစေပါသည်။ Power 1500W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး အချိန်တိုအတွင်း ရေဆူပွက်စေပါသည်။ Rated Voltage 220V နဲ့အတူ Rated Frequency 50Hz ဖြစ်တာကြောင့် အိမ်သုံးလျှပ်စစ်စနစ်နဲ့ အဆင်ပြေစေပါသည်။ Kettle ကို ဘယ်ဘက်/ညာဘက် 360° လွယ်ကူစွာ လှည့်ယူအသုံးပြုနိုင်တာကြောင့် Right-handed / Left-handed နှစ်ဖက်လုံးအတွက် အဆင်ပြေစေမည့် Kettle လေးဖြစ်ပါသည်။
81 ETO-2503 Electric Kettle (1.8L)
81 ETO-2503 Electric Kettle (1.8L) လေးကတော့ 1.8L ဝင်ဆန့်ပြီးတော့ Power 1500W နှင့်အတူ 220/50Hz က မြန်ဆန်စွာရေဆူပွတ်စေနိုင်မှာဖြစ်ပါသည်။
81 ETO-30H Electric Kettle (30 Liter)
81 ETO-30H Electric Kettle (30 Liter) ဆိုတာဟာ 81 အမှတ်တံဆိပ်က ထုတ်လုပ်တဲ့ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ရေနွေးအိုး အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက အထူးခြားဆုံး အချက်ကတော့ ရေပမာဏ 30 လီတာ အထိ ဆံ့ဝင်နိုင်တာပဲ ဖြစ်ပါတယ်။လုပ်ငန်းသုံး (ဥပမာ- စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်)၊ရုံးသုံး ၊အလှူအတန်းနှင့် အခမ်းအနားများ (လူအစုလိုက်အပြုံလိုက်အတွက် ရေနွေးမြန်မြန် ထုတ်လုပ်ရန်) တို့အတွက် အထူးသင့်လျော်ပါသည်။