Xiaomi ရဲ့ Mijia Desk Lamp 2 ဟာ မိသားစုအတွက် မီးအလင်းရောင်ကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အရည်အသွေးမြင့်တဲ့ မီးအိမ်ဖြစ်ပြီး မျက်စိကျန်းမာရေးကို ဦးစားပေးထားတဲ့ မီးအိမ်တစ်လုံးဖြစ်ပါသည်။ Xiaomi ရဲ့ HyperOS နည်းပညာနဲ့ အလင်းရောင်အဆင့်၊ အရောင်အပူချိန်၊ အလင်းရောင်အရည်အသွေး စတာတွေကို စမတ်ဖုန်းနဲ့ ထိန်းချုပ်နိုင်ပါသည်။ အရည်အသွေးမြင့်မီးအလင်းရောင် Ra97 (2700K မှ 5100K အတွင်း) ဖြစ်ပြီး၊ သဘာဝမီးအလင်းရောင်နဲ့ နီးစပ်တဲ့ အရောင်ကိုထွန်းလင်းပေးမှာ ဖြစ်ပါသည်။ CQC Reading & Writing Desk Lamp AA-Level နှင့် Learning Lamp AAAA-Level အတည်ပြုချက်များရရှိထားပြီး၊ မျက်စိကျန်းမာရေးကို အထူးဂရုပြုပေးထားပေးပါသည်။ မီးအိမ်တစ်လုံးအနေနဲ့ အလင်းရောင်ပေးနိုင်မှု၊ မျက်စိကိုကာကွယ်မှု၊ flicker control, glare reduction, color accuracy စတဲ့ Function များစွာပါဝင်ပါသည်။ hight quality LED မီးသီးလေးများကို အသုံးပြုထားပြီး မျက်စိကို မထိခိုက်စေရန်အကောင်ဆုံးရည်ရွယ်ထားတာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမှာပဲဖြစ်ပါသည်။
| Brand | Xiaomi |
| Model | MJTD06YL |
| Rated Input | 100–240 V ~, 50/60 Hz, 0.5 A |
| Lamp Input (DC) | 12 V ⎓ 1.0 A |
| Rated Power | Approx. 10 W |
| LED Count | 112 LEDs |
| Colour Temperature Range | 2700 K – 5100 K |
| Wireless Connectivity | Wi-Fi (2.4 GHz, 2412–2472 MHz, max output 20 dBm), Bluetooth (2402–2480 MHz, max 10 dBm) |