Gadget Max ကထုတ်ထားတဲ့ GX50 လေးသည် USB Type-C to Lightning အသုံးပြုနိုင်ပြီး Output: 27W အထိ အားသွင်းပေးနိုင်ပါသည်။ PD (Power Delivery) စနစ်ကို ထောက်ပံ့ပေးထားတဲ့အတွက် iPhone တွေကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် အားပြည့်စေပါသည်။ ကြိုးအရှည်က 1.2 မီတာ ရှည်လျားပြီး ခိုင်ခံ့မှုရှိစေဖို့ Aluminum ခေါင်းနဲ့ Nylon Braided (နိုင်လွန်ကြိုးကျစ်) ကို အသုံးပြုထားပါသည်။ အားသွင်းနေတဲ့အချိန်မှာ သိသာအောင် Lightning ခေါင်းဘက်မှာ မီးလင်းပေးမယ့် LED စနစ် ပါဝင်ပြီး အားသွင်းရုံတင်မကဘဲ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ဖိုင်တွေကူးယူဖို့အတွက်လည်း အသုံးပြုနိုင်ပါသည်။
| Brand | Gadget Max |
| Model | GX50 |
| Connector Type | Type-C to Lightning |
| Output Current | 27W |
| Cable Length | 1.2m |