Deerma DEM-CM980 ကတော့ ဖုန်ခွက် နှစ်ခု ပါဝင်ပါတယ်။ တစ်ဖက်က ဖုန်မှုန့်နဲ့ မွှားတွေကို စစ်ထုတ်ပေးပြီး နောက်တစ်ဖက်က လေကို သန့်စင်ပေးတဲ့အတွက် စုပ်အား (Suction Power) က အစကနေ အဆုံးထိ မကျဘဲ တည်ငြိမ်နေစေပါတယ်။စုပ်အား 13,000 Pa အထိ ရှိတဲ့အတွက် အိပ်ရာထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ မွှားကောင်တွေကို အလွယ်တကူ စုပ်ထုတ်ပေးနိုင်ပါတယ်။တစ်မိနစ်ကို အကြိမ်ရေ ၁၂,၆၀၀ (12,600 times/min) အထိ တုန်ခါပေးနိုင်တဲ့အတွက် အိပ်ရာထဲက မွှားကောင်တွေကို အပြင်ရောက်အောင် ခါထုတ်ပေးပါတယ်။ခရမ်းလွန်ရောင်ခြည် (UV-C) နဲ့ ပိုးသတ်ပေးတဲ့ စနစ်ပါဝင်ပြီး ဘက်တီးရီးယားနဲ့ မွှားကောင်တွေကို ၉၉.၉% သေစေနိုင်ပါတယ်။ (ဘေးကင်းအောင် အိပ်ရာနဲ့ ခွာလိုက်ရင် UV မီး အလိုအလျောက် ပိတ်သွားတဲ့ Safety Sensor လည်း ပါပါတယ်)။ဖုန်စုပ်နေစဉ်မှာ 60°C ရှိတဲ့ လေပူကို ထုတ်လွှတ်ပေးတဲ့အတွက် အိပ်ရာကို ခြောက်သွေ့စေပြီး မွှားကောင်တွေ ပေါက်ပွားမှုကို တားဆီးပေးပါတယ်။
| Brand | Deerma |
| Model | DEM-CM980 |
| Voltage | 220V῀/ 50Hz |
| Power | 450W |
| Capacity | 0.6L |
| Loudness | 75dB (A) |
| Dimensions | 268*212*286mm |