WD 82PURZ 8TB HDD သည် AI စနစ်ပါဝင်တဲ့ Smart Video Recorder တွေအတွက် အထူးသင့်လျော်အောင် ပြုလုပ်ထားပါသည်။ ဗီဒီယိုတွေ သိမ်းဆည်းတဲ့အခါ Frame တွေ ပျောက်သွားတာ (Frame loss) မရှိအောင်နဲ့ ဗီဒီယို ပြန်ကြည့်တဲ့အခါ ပိုမိုချောမွေ့အောင် ကူညီပေးပါသည်။ Capacity 8TB အထိ ဆံ့တဲ့အတွက် 24/7 မပြတ်တမ်း ရိုက်ကူးနေတဲ့ High-Definition ဗီဒီယိုတွေကို ရက်ပေါင်းများစွာ ကြာအောင် သိမ်းထားနိုင်ပါသည်။ ကင်မရာ အလုံး ၆၀ ကျော်အထိ တစ်ပြိုင်နက် ချိတ်ဆက် ရိုက်ကူးမှုကို ခံနိုင်ရည်ရှိပြီး တစ်နှစ်ကို ဒေတာ 360TB အထိ ရေးသားနိုင်တဲ့ (Higher workload rating) ရှိလို့ ရုံးသုံး PC ထက် ပိုပြီး အကြမ်းခံပါသည်။
| Brand | WD |
| Model | 82PURZ |
| Capacity | 8TB |
| Interface | SATA 6Gb/s |
| Form Factor | 3.5-inches |