V5.1 Notebook Laptop Stand လေးသည် အရည်အသွေးမြင့် Aluminum Alloy နဲ့ ပြုလုပ်ထားလို့ ခိုင်ခံ့မှုရှိပြီး အသုံးပြုရာတွင် ပေါ့ပါးပါသည်။ အရွယ်အစား သေးငယ်အောင် ပြန်ခေါက်ထားလို့ ရတာကြောင့် အိတ်ထဲထည့်ပြီး သယ်ဆောင်သွားရ လွယ်ကူစေပါသည်။ စတန်းရဲ့ အောက်ခြေက ၃၆၀ ဒီဂရီ ပတ်ချာလည် လှည့်လို့ရတာကြောင့် ကိုယ်ပြချင်တဲ့ဘက်ကို အလွယ်တကူ လှည့်ပြနိုင်ပါသည်။ စတန်းမှာ ပါဝင်တဲ့လှည့်ပတ်နိုင်တဲ့ဝင်ရိုး (၂) ခုစလုံးက ၁၈၀ ဒီဂရီအထိ ချိုးလို့ရတာကြောင့် အမြင့်နဲ့ အနိမ့် (Height)၊ အစောင်း (Angle) ကို စိတ်ကြိုက်ချိန်ညှိနိုင်ပါသည်။ အဆင့်လိုက်မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ အနေအထားအတိအကျကို ချိန်ညှိနိုင်ပါသည်။ Laptop တင်မယ့် မျက်နှာပြင်မှာ ဆီလီကွန်ပြားအရှည်တွေပါလို့ Laptop ကို အခြစ်အရာမထင်အောင် ကာကွယ်ပေးနိုင်ပါသည်။ စာရိုက်တဲ့အခါမှာလည်း လှုပ်ခါမှုမရှိဘဲ ခိုင်ခိုင်ခံ့ခံ့ရှိစေပြီး Laptop အောက်ခြေမှာ လေဝင်လေထွက် ကောင်းစေလို့ အပူဒဏ်ကို လျှော့ချပေးပါသည်။ အလုပ်လုပ်ရတာ ပိုပြီးသက်သောင့်သက်သာရှိစေတာကြောင့် အသုံးပြုရာတွင် အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
| Model | V5.1 |
| Material | Premium Aluminum Alloy |
| Base Rotation | 360° Swivel for easy screen sharing and viewing angle |
| Hinge Mechanism | Double Rotating Shaft (180° adjustment) |
| Adjustment Type | Stepless adjustment (Height and Angle) |
| Supported Devices | Laptops, iPads, Tablets, and Hand-drawn tablets |