A4 Tech HUB-30 သည် အသုံးပြုရလွယ်ကူပြီး အကြမ်းခံသည့် USB 3.0 Hub အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာ သို့မဟုတ် Laptop မှာ USB ပေါက် အလုံအလောက်မရှိသူများအတွက် အထူးသင့်လျော်ပြီး၊ တစ်ပြိုင်နက်တည်းမှာ USB Device ၄ ခု (ဥပမာ - Mouse, Keyboard, Pendrive, Printer) အထိ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ဒီ Hub ရဲ့ အားသာချက်ကတော့ Plug-and-Play စနစ်ဖြစ်လို့ ဘာ Driver မှ ထပ်သွင်းစရာမလိုဘဲ တပ်ဆင်လိုက်တာနဲ့ တန်းသုံးလို့ရတာပါပဲ။ သူ့ရဲ့ ဒီဇိုင်းက သေးငယ်ပေါ့ပါးတဲ့အတွက် သယ်ဆောင်ရလွယ်ကူပြီး စားပွဲတင်နေရာယူမှုလည်း သက်သာစေပါတယ်။
| Brand | A4 Teach |
| Interface | 4 x USB 3.0 Ports (Type-A) |
| Power Input | Micro USB port for additional power (optional) |
| Cable Length | 100 cm |
| Weight | 60g |