RAPA ကထုတ်လုပ်ထားတဲ့ SP102 Wireless Party Box လေးကတော့ ပါတီပွဲတွေ၊ အိမ်တွင်းဖျော်ဖြေရေးတွေနဲ့ အပျော်ခရီးတွေအတွက် အသံထွက်အကြမ်းဆုံးနဲ့ အမိုက်စား Speaker လေးဖြစ်ပါသည်။ အင်အားပြင်း 80W Amplifier နဲ့အတူ 135mm (60W) Subwoofer တစ်လုံး + 10W Tweeter နှစ်လုံး ပါဝင်လို့ ရင်ဘတ်ထဲထိ တုန်ဟီးသွားစေမယ့် Bass သံနဲ့ ကြည်လင်ပြတ်သားတဲ့ အသံတွေကို ခံစားရစေပါသည်။ Battery: 10,000mAh ပမာဏရှိတဲ့ အားခံဘက်ထရီကို အသုံးပြုထားလို့ တစ်ခါအားသွင်းရုံနဲ့ ၄ နာရီကနေ ၆ နာရီအထိ အဆက်မပြတ် သီချင်းနားထောင်နိုင်ပါသည်။ နောက်ဆုံးပေါ် Bluetooth 5.3 စနစ်ကြောင့် ဖုန်းနဲ့ချိတ်ဆက်ရာမှာ ပိုမိုမြန်ဆန်ပြီး ပေ ၃၀ (10M) အကွာအဝေးအထိ အချက်ပြပြတ်တောက်မှုမရှိဘဲ အသုံးပြုနိုင်ပါသည်။ အရည်အသွေးမြင့် U-shaped Metal Microphone (၂) လုံး ပါဝင်လို့ သူငယ်ချင်းတွေနဲ့အတူ Karaoke ဆိုမလား၊ ပွဲလမ်းသဘင်တွေမှာပဲ သုံးမလား အဆင်ပြေပါသည်။ အရွယ်အစားက သယ်ဆောင်ရလွယ်ကူစေပြီး ခိုင်ခံ့ကျစ်လျစ်တဲ့ ကိုယ်ထည်ဒီဇိုင်းကြောင့် အသုံးပြုသူတိုင်း အကြိုက်တွေ့စေမည့် Speaker လေးဖြစ်ပါသည်။
| Brand | RAPA |
| Model | SP102 |
| Speaker Type | Party Box Bluetooth Speaker |
| Charging Time | 6Hours |
| Playing Time | 4-6Hours |
| Bluetooth Version | Bluetooth 5.3 |
| Battery | 10000mAh |
| Output Power | 135MM 60W*1+10W*2 |
| Amplifier specification | 80W |
| Transmission Distance | 10M |
| Microphone | Wireless Two Handel Mic |
| Size | 310*195*260 mm |