Philips ကထုတ်ထားတဲ့ MMS6080B/94 Bluetooth Speaker လေးသည် အသံစွမ်းဆောင်ရည် စုစုပေါင်း 60W Audio Wattage ထွက်ရှိပြီး 2.1 Channel ဖြစ်တဲ့အတွက် ကြည်လင်ပြတ်သားတဲ့ အသံကိုရရှိစေပါသည်။ Bass အသံ 26W အားရှိတဲ့ 5.25 inches Subwoofer ပါဝင်လို့ ရင်တုန်သွားစေမယ့် အနိမ့်သံ (Bass) အတွေ့အကြုံကို အပြည့်အဝပေးနိုင်ပါသည်။ ရေရှည်အသုံးခံမယ့် Robust Design ဖြစ်ပြီး အမြင်ဆန်းသစ်ကာ ပရီမီယံဆန်တဲ့ Matte Finish နဲ့ ပြုလုပ်ထားပါသည်။ Wireless Bluetooth ဖြစ်တာကြောင့် ဖုန်း သို့မဟုတ် တက်ဘလက်များကနေ သီချင်းတွေကို ကြိုးမဲ့တိုက်ရိုက်ဖွင့်နိုင်ပါသည်။ Memory Stick သို့မဟုတ် Card ထည့်ပြီး လွယ်လွယ်ကူကူ နားဆင်နိုင်ပြီး Audio in port ပါဝင်တာကြောင့် တခြား Device များနဲ့လည်း ကြိုးဖြင့်ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ အိမ်မှာ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ် အကောင်းဆုံး အသံအရည်အသွေးကို ပေးစွမ်းနိုင်မယ့် Speaker လေးဖြစ်ပါသည်။
| Brand | Philips |
| Model | MMS6080B/94 |
| Speaker Type | 2.1 Channel Speakers |
| Special Feature | Subwoofer, SD Card, Radio, Remote Control |
| Compatible Devices | Mobiles, Tablets, Laptops, Computers, TV |
| Signal-to-Noise Ratio | 60 dB |
| Speaker connectivity | Wired |
| Output Power | 60 Watts |
| Colour | Black |
| Dimensions (DxWxH) | 26.4 x 15.5 x 26.2 cm |
| Weight | 6582 g |