KTS-1512 4" Wireless Speaker ဟာဆိုရင် သယ်ဆောင်ရလွယ်ကူပြီး စွယ်စုံသုံးနိုင်တဲ့ Speaker အမျိုးအစားဖြစ်ပါတယ်။ ၄ လက်မအရွယ် အသံချဲ့စက်ပါဝင်ပြီး သီချင်းသံနဲ့အတူ လှပတဲ့ RGB LED မီးရောင်စုံတွေ ပါဝင်တာကြောင့် အမြင်ပိုင်းမှာ ဆွဲဆောင်မှုရှိပါတယ်။ Bluetooth 5.0 စနစ်ကို အသုံးပြုထားလို့ ဖုန်းနဲ့ချိတ်ဆက်ရာမှာ မြန်ဆန်ပြီး USB Stick၊ Memory Card (TF Card) နဲ့ AUX ကြိုးတို့အပြင် FM Radio လည်း နားဆင်နိုင်တဲ့အတွက် အသုံးပြုရတာ အလွန်အဆင်ပြေပါတယ်။အထူးသဖြင့် "Mic 1" လို့ ဖော်ပြထားတဲ့အတိုင်း ကြိုးပါမိုက်ခရိုဖုန်း အသုံးပြုနိုင်တဲ့ အပေါက်တစ်ခု ပါဝင်တာကြောင့် အိမ်တွင်းမှာ မိသားစုလိုက် အပျော်တမ်း ကာရာအိုကေဆိုဖို့ဖြစ်စေ၊ အသံချဲ့စက်အဖြစ် အသုံးပြုဖို့ဖြစ်စေ သင့်တော်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ အသံအတိုးအကျယ်ပေါ် မူတည်ပြီး ၂ နာရီကနေ ၃ နာရီဝန်းကျင်အထိအသုံးခံပြီး ပေါ့ပါးတဲ့လက်ကိုင် ဒီဇိုင်းကြောင့် ခရီးဆောင်သွားဖို့လည်း လွယ်ကူပါတယ်။
| Model | KTS-1512 |
| Speaker Size | 4-inch |
| Output Power | 5 W |
| Charging Time | 2 - 3 hours |
| Play Time | Approx. 1-3 hours at 75% volume |
| Battery | 500mAh |