GTS-2422 ဆိုတာ သယ်ဆောင်ရလွယ်ကူတဲ့ အရွယ်အစားသေး စပီကာလေးဖြစ်ပြီး 3-လက်မအရွယ် Speaker Driver ကို အသုံးပြုထားပါတယ်။ ဒီစပီကာဟာ Wireless Bluetooth နဲ့ ချိတ်ဆက်နိုင်သလို USB, SD Card နဲ့ FM Radio စတဲ့ Feature အစုံအလင်ကို ဈေးနှုန်းချိုချိုသာသာနဲ့ ရရှိနိုင်တာက သူ့ရဲ့ အားသာချက်ပါ။ စပီကာရဲ့ အရှေ့မျက်နှာပြင်မှာ သီချင်းသံစဉ်အတိုင်း ပြောင်းလဲပေးမယ့် ရောင်စုံ LED မီးလုံးလေးတွေ ပါဝင်လို့ အမြင်ပိုင်းမှာလည်း ဆွဲဆောင်မှုရှိပါတယ်။ အားပြန်သွင်းနိုင်တဲ့ Rechargeable Battery ပါဝင်တာကြောင့် အပြင်သွားတဲ့အခါဖြစ်စေ၊ အိမ်ထဲမှာဖြစ်စေ အလွယ်တကူ သယ်ယူအသုံးပြုနိုင်ပြီး သီချင်းနားထောင်ရတာ ဝါသနာပါသူတွေအတွက် အဆင်ပြေစေမယ့် Gadget လေးတစ်ခု ဖြစ်ပါတယ်။
| Model | GTS-2422 |
| Speaker Size | 3 inch |
| Output Power | 5W |
| Battery | 500mAh |
| Connectivity | Bluetooth (BT), USB, TF (MicroSD) card, FM Radio |
| Battery | 500mAh |