Intel H110 motherboard သည် Intel ရဲ့ 6th Gen နဲ့ 7th Gen (LGA 1151 socket) processor တွေအတွက် ထုတ်လုပ်ခဲ့တဲ့ ဈေးနှုန်းအသက်သာဆုံး Entry-level chipset အမျိုးအစား ဖြစ်ပါတယ်။ အဓိကအားဖြင့် ရုံးလုပ်ငန်းသုံး PC တွေနဲ့ အခြေခံအိမ်သုံး ကွန်ပျူတာတွေအတွက် ရည်ရွယ်တာကြောင့် စွမ်းဆောင်ရည်ထက် ဈေးနှုန်းချိုသာမှုအပေါ် ပိုအသားပေးထားပါတယ်။ RAM Slot နှစ်ခုသာ ပါဝင်တတ်ပြီး အများအားဖြင့် DDR4 memory ကို support လုပ်ပါတယ်။ H110 board တွေဟာ ရိုးရှင်းတဲ့ တည်ဆောက်ပုံရှိပြီး Overclock လုပ်တာမျိုး ဒါမှမဟုတ် high-end graphics card တွေ အပြိုင်စိုက်တာမျိုး (Multi-GPU) အတွက် မသင့်တော်ပါဘူး။6th Gen CPU တွေနဲ့ အဆင်ပြေပြေ အလုပ်လုပ်ပေမယ့် 7th Gen CPU တွေနဲ့ တွဲသုံးမယ်ဆိုရင်တော့ BIOS update အရင်လုပ်ထားဖို့ လိုအပ်ပါတယ်။
| Socket | 1151 |
| CPU( MAX Support) | Intel 6th / 7th Gen Core CPU |
| Chipset | H-110 |
| Memory Speed | 2400MHz for 7th gen / 2133MHz for 6th gen |
| Memory Channel | 2x DIMM slots (Dual Channel) |
| MAX Memory (GB ) | 32GB |
| Ports | 1x PCIe 3.0 x16, 2x PCIe 2.0 x1 |