Jokade JE013 Lazy Mobile Phone Holder လေးသည် ဖုန်းကို လက်ကကိုင်စရာမလိုဘဲ စိတ်ကြိုက်အနေအထားနဲ့ ကြည့်ရှုနိုင်ဖို့ အရည်အသွေးမြင့် ABS, Silicone နဲ့ Metal Iron တို့ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Flexible Phone Holder ဖြစ်ပါသည်။ အတွင်းပိုင်းကို ခိုင်ခံ့တဲ့ Alloy Hose နဲ့ ပြုလုပ်ထားလို့ မိမိနှစ်သက်တဲ့ အနေအထား ရောက်အောင် လွယ်လွယ်ကူကူ ကွေးညွှတ်နိုင်ပြီး ပုံစံမပျက်ဘဲ တည်ငြိမ်မှုရှိစေပါသည်။ စားပွဲ ဒါမှမဟုတ် ကုတင်ခေါင်းရင်းတွေမှာ တပ်ဆင်တဲ့အခါ Screw စနစ်နဲ့ လှည့်ပတ်ပိတ်ရတာကြောင့် ဖုန်းပြုတ်ကျခြင်း၊ လျှောကျခြင်း မရှိဘဲ ကျစ်ကျစ်လစ်လစ် ရှိစေပါသည်။ ဖုန်းညှပ်တဲ့အပိုင်းကို ၃၆၀ ဒီဂရီ စိတ်ကြိုက်လှည့်နိုင်လို့ ဖုန်းကို ဒေါင်လိုက် (Portrait) ရော အလျားလိုက် (Landscape) ပါ အဆင်ပြေပြေ ကြည့်နိုင်ပါသည်။ Clip အကျယ်ကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ထားလို့ ဖုန်းအမျိုးအစား တော်တော်များများကို ညှပ်နိုင်ပြီး ခိုင်ခံ့မှုရှိပါသည်။
| Brand | Jokade |
| Model | JE013 |
| Material | ABS + Silicone + Metal Iron |
| Rotation | 360° Adjustable |
| Weight | 180g |
| Length | 70 cm |