Mitsubishi ကထုတ်လုပ်ထားတဲ့ PLY-M48EA2-TH Ceiling Cassette Aircon လေးသည် လူလှုပ်ရှားမှုနှင့် အခန်းတွင်းရှိ လူဦးရေကို အာရုံခံနိုင်သည့် Smart Sensor နည်းပညာဖြင့်ပြုလုပ်ထားပြီး အအေးဓာတ်ကို လိုအပ်သလို ညှိပေးသည့်အပြင် လူမရှိချိန်တွင် စွမ်းအင်ကို အလိုအလျောက် ချွေတာပေးပါသည်။ လေထွက်ပေါက်များကို စိတ်ကြိုက်ညှိနှိုင်းနိုင်ပြီး 3D i-See Sensor နှင့် တွဲဖက်အသုံးပြုပါက လေဝင်လေထွက်ကို အကောင်းဆုံးအနေအထားဖြစ်အောင် အလိုအလျောက် ထိန်းကျောင်းပေးပါသည်။ ဖုန်မှုန့်၊ ဝတ်မှုန်နှင့် SARS-CoV-2 ဗိုင်းရပ်စ်တို့ကို ထိရောက်စွာကာကွယ်ပေးနိုင်သည့် အင်ဇိုင်းအလွှာပါဝင်ပါသည်။ ဗိုင်းရပ်စ်များကို ၉၉.၈% အထိ သန့်စင်ပေးနိုင်သောကြောင့် ကျန်းမာရေးအတွက် စိတ်ချရပါသည်။ အပြင်ဘက်မှ လတ်ဆတ်သော လေကို တိုက်ရိုက်ယူသွင်းနိုင်သည့် စနစ်ပါဝင်သဖြင့် အခန်းတွင်း လေထုအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး အဆင့်မြင့် Fan ဒီဇိုင်းသစ်ကြောင့် အလုပ်လုပ်နေစဉ် ဆူညံသံအလွန်နည်းပါးပြီး အနှောက်ယှက်ကင်းစွာ အနားယူနိုင်ပါသည်။
| Brand | Mitsubishi |
| Model | PLY-M48EA2-TH |
| Power | Three Phase (380-415V / 50Hz) |
| Capacity | 48,000 BTU/h (14.0 kW / 5.0 HP) |
| Airflow Rate | 21.0 – 33.0 m3/min |
| Gas | R32 |
| Indoor Unit (W x D x H) | 840 x 840 x 298 mm |
| Outdoor Unit (W x D x H) | 1050 x 330 x 981 mm |
| Net Weight Indoor | 25 kg |
| Net Weight Outdoor | 76 kg |
| Warranty | 1Year (Parts And Service) |