Mi Solove F01 Handheld Fan
Solove F01 Handheld Fan ဟာ နွေရာသီမှာ အိတ်ဆောင်သွားဖို့ အကောင်းဆုံး Turbo Mini Fan အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အပြင် Brushless Motor ကို အသုံးပြုထားလို့ အခြားသော သာမန်လက်ကိုင်ဖန်တွေထက် လေအား သိသိသာသာ ပိုမိုပြင်းထန်ပါတယ်။ Speed အဆင့် ၅ ဆင့်အထိ စိတ်ကြိုက်ချိန်ညှိနိုင်ပြီး အမြင့်ဆုံးအဆင့်မှာ တစ်မိနစ်ကို အပတ်ရေ 7700 RPM အထိ လည်ပတ်နိုင်တာကြောင့် အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ခရီးသွားတဲ့အခါ ချွေးတိတ်စေဖို့ အလွန်ထိရောက်ပါတယ်။
- In Stock
Solove F01 Handheld Fan ဟာ နွေရာသီမှာ အိတ်ဆောင်သွားဖို့ အကောင်းဆုံး Turbo Mini Fan အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အပြင် Brushless Motor ကို အသုံးပြုထားလို့ အခြားသော သာမန်လက်ကိုင်ဖန်တွေထက် လေအား သိသိသာသာ ပိုမိုပြင်းထန်ပါတယ်။ Speed အဆင့် ၅ ဆင့်အထိ စိတ်ကြိုက်ချိန်ညှိနိုင်ပြီး အမြင့်ဆုံးအဆင့်မှာ တစ်မိနစ်ကို အပတ်ရေ 7700 RPM အထိ လည်ပတ်နိုင်တာကြောင့် အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ခရီးသွားတဲ့အခါ ချွေးတိတ်စေဖို့ အလွန်ထိရောက်ပါတယ်။
| Model | Solove F01 |
| Material | PC and ABS plastic. |
| Battery Capacity | 1200mAh Lithium-ion |
| Speed mode | 1 / 2 / 3/4/5 speed regulation |
| Charging Time | 2 hours |
| Working time | Level 1 (6 hours) / Level 5 (1 to 2 hours ) |
| Charging Port | USB Type-C |
Related Products
Jisulife Pro1 Maltese Edition 5000mAh Handheld Fan
Jisulife Pro1 Maltese Edition 5000mAh Handheld Fan လေးသည် 5000mAh ဘက်ထရီပါဝင်တာကြောင့် အားတစ်ကြိမ်သွင်းထားရုံနဲ့ အသုံးပြုမှုအလိုက် 19.5 နာရီအထိ ဆက်တိုက်အသုံးပြုနိုင်ပါသည်။ ခရီးထွက်တဲ့အချိန်၊ Outdoor Activities တွေမှာ သို့မဟုတ် ရုံးခန်း၊ ကျောင်း၊ တက္ကသိုလ် စတဲ့နေရာတွေမှာ အားကုန်မှာ စိုးရိမ်စရာမလိုဘဲ အေးမြမှုကို ရရှိစေပါသည်။ 18W Fast Charging ကို ထောက်ပံ့ပေးထားတာကြောင့် အားသွင်းချိန်ကို လျှော့ချပေးပြီး အချိန်တိုအတွင်း ပြန်လည်အသုံးပြုနိုင်ပါသည်။ 100 Levels Speed Adjustment ပါဝင်တာကြောင့် လေတိုက်နှုန်းကို ကိုယ်ကြိုက်သလို အတိအကျချိန်ညှိနိုင်တဲ့အပြင် Fan ရဲ့ အရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ LED Display Screen က လက်ရှိ Speed Level နဲ့ Battery Percentage ကို အချိန်နှင့်တပြေးညီ ပြသပေးတဲ့အတွက် ကျန်ရှိတဲ့အားပမာဏကို အလွယ်တကူကြည့်ရှု့နိုင်ပါသည်။ Safety Switch Lock Design ထည့်သွင်းထားတာကြောင့် အိတ်ထဲထည့်သယ်ဆောင်တဲ့အခါ မတော်တဆ ဖွင့်မိခြင်းမှ ကာကွယ်ပေးနိုင်သည်။ အရည်အသွေးမြင့် Plastic Body နှင့် ABS Fan Blades များကို အသုံးပြုထားပြီး ကြာရှည်ခံမှုကောင်းမွန်သလို လက်ထဲကိုင်ဆောင်ရတာလည်း ပေါ့ပါးပြီး သက်တောင့်သက်သာရှိစေပါသည်။
Jisulife Pro1 Mini 4250mAh Handheld Fan
Jisulife Pro1 Mini 4250mAh Handheld Fan လေးသည် 4250mAh Lithium-ion Battery ပါဝင်တာကြောင့် တစ်ကြိမ်အားသွင်းရုံနဲ့ အသုံးပြုမှုအဆင့်ပေါ်မူတည်ပြီး 30 နာရီအထိ ကြာရှည်အသုံးပြုနိုင်ပါသည်။ 18W Fast Charging Technology ကို အသုံးပြုထားတဲ့အတွက် 2-3 နာရီအတွင်း အားအပြည့်ပြန်သွင်းနိုင်ပါသည်။ 100 Gears Speed Control စနစ် ပါဝင်ထားပြီး မိမိလိုအပ်တဲ့ လေတိုက်နှုန်းကို အတိအကျ ချိန်ညှိအသုံးပြုနိုင်ပါသည်။ အမြင့်ဆုံး 7.6m/s MAX Airflow စွမ်းအားကြောင့် အပူချိန်မြင့်တဲ့ နေရာတွေမှာတောင် အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်ပါသည်။ Safety Lock Function ပါဝင်တာကြောင့် မတော်တဆ ခလုတ်နှိပ်မိပြီး အလုပ်လုပ်သွားခြင်းများကို ကာကွယ်ပေးနိုင်ပါသည်။ 5 Unscented Aroma Pads ပါဝင်လာပြီး မိမိနှစ်သက်ရာ Essential Oil များ ထည့်သုံးကာ လေအေးနဲ့အတူ မွှေးပျံ့တဲ့ ရနံ့ကိုပါ ခံစားနိုင်ပါသည်။ ခေတ်မီတဲ့ Leather-Textured Finish ဒီဇိုင်းနဲ့ ပေါ့ပါးကျစ်လစ်သော ကိုယ်ထည်ကြောင့် လက်ထဲကိုင်ဆောင်ရလွယ်ကူပြီး ခရီးသွားခြင်း၊ ရုံးသုံးခြင်း၊ အပြင်ထွက်ခြင်းတို့အတွက် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Jisulife life 9s 5000mAh Handheld Fan
Jisulife life 9s 5000mAh Handheld Fan လေးသည် Upgraded High-Speed Motor ကို အသုံးပြုထားသောကြောင့် လေထွက်အားကောင်းပြီး ပူပြင်းတဲ့ရာသီဥတုမှာတောင် ထိရောက်စွာ အေးမြစေပါသည်။ 5000mAh Rechargeable Battery ပါဝင်လို့ အားတစ်ခါသွင်းထားရုံနဲ့ အများဆုံး 15 နာရီအထိ အသုံးပြုနိုင်ပြီး အပြင်ထွက်ချိန်၊ ခရီးသွားချိန်နဲ့ ရုံးအလုပ်လုပ်ချိန်တွေမှာ အဆင်ပြေစေပါသည်။ 5-Speed Control System ပါဝင်လို့ မိမိလိုအပ်တဲ့ လေတိုက်နှုန်းကို အလွယ်တကူ ချိန်ညှိနိုင်ပြီး LED Display ကနေ Battery Level နဲ့ Fan Speed ကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပါသည်။ အသံတိတ်စနစ်ဖြင့် လည်ပတ်သောကြောင့် ရုံးခန်း၊ စာကြည့်ခန်း၊ အိပ်ခန်း စတဲ့နေရာတွေမှာ စိတ်အနှောင့်အယှက်မဖြစ်ဘဲ အသုံးပြုနိုင်ပါပြီး USB Rechargeable ဖြစ်လို့ Power Bank၊ Laptop သို့မဟုတ် USB Charger များဖြင့် အလွယ်တကူ အားသွင်းနိုင်ပါသည်။
Sothing DSHJ-S-2113 AC/DC Table Fan
Sothing DSHJ-S-2113 Table Fan လေးကတော့ AC/DC အသုံးပြုလို့ရမှာဖြစ်ပြီး battery 2000MAH ပါဝင်ပါသည်။ ရှေ့က ကာဗာ mesh ကို အလွယ်တကူ ဖြုတ်လို့ရတာကြောင့် ဒလက်တွေမှာ ဖုန်တင်ရင် အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ လေပြင်းအားကို မိမိစိတ်ကြိုက် ၃ ဆင့်အထိ အတိုးအလျှော့ လုပ်နိုင်ပါသည်။အပေါ်အောက် Tilt ကို လက်နဲ့ 90° အထိ ချိန်ညှိနိုင်သလို၊ ဘယ်ပြန်ညာပြန် (Oscillation) ကို 160° အထိ ကျယ်ကျယ်ပြန့်ပြန့် လည်ပတ်ပေးနိုင်ပါသည်။ Power အနေနဲ့ 5W ဖြင့် လေအေးအေးလေးများကိုခံစားနိုင်မှာဖြစ်ပါသည်။
Borofone DBF12 2 in 1 Portable Handheld Fan
Borofone ကထုတ်ထားတဲ့ DBF12 2 in 1 Portable Handheld Fan လေးသည် 2 in 1 Design ပြုလုပ်ထားတာကြောင့် လက်ထဲကိုင်ပြီး အသုံးပြုနိုင်သလို၊ Stand ပေါ်တင်ပြီး Desktop Fan အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ Stand မှာ Phone Holder ပါဝင်တာကြောင့် ဖုန်းကြည့်ရင်း၊ Video Call ပြောရင်း၊ အလုပ်လုပ်ရင်း အေးအေးဆေးဆေး အသုံးပြုနိုင်ပါသည်။ ကိုယ်လိုချင်တဲ့ လေအားအတိုင်း 5 Levels Wind Speed ကို အလွယ်တကူ ချိန်ညှိအသုံးပြုနိုင်လို့ နေ့စဉ်အသုံးပြုရာမှာ အလွန်အဆင်ပြေပါသည်။ Built-in 1200mAh Battery ပါဝင်ပြီး USB နဲ့ အားသွင်းနိုင်ပြီး တစ်ကြိမ်အားသွင်းထားရုံနဲ့ အများဆုံး 5 နာရီအထိ အသုံးပြုနိုင်ပါသည်။ Handle ပေါ်ရှိ Digital Display ကနေ လက်ရှိ Speed Level ကို အလွယ်တကူ ကြည့်ရှုနိုင်ပြီး အသုံးပြုရ ပိုမိုအဆင်ပြေစေပါသည်။
Hakk Air Box High Speed Fan
Hakk Air Box (သို့မဟုတ်) Hakk Air Box's High Speed Fan က လက်ရှိလူကြိုက်များနေတဲ့ ခေတ်ပေါ် Portable High Speed Turbo Fan အမျိုးအစားဖြစ်ပြီး အပြင်ထွက်တဲ့အခါ သယ်ရလွယ်ကူတာကြောင့် ရေပန်းစားတဲ့ ပန်ကာလေးတစ်ခုဖြစ်ပါတယ်။လေအားကို ခလုတ်လှည့်ပြီး မိမိစိတ်ကြိုက် အတိုး/အလျှော့ အတိအကျကို အဆင့်အကန့်အသတ်မရှိ ညှိယူနိုင်မှာဖြစ်ပြီး 4000mAh ဘက်ထရီ ပါဝင်တဲ့အပြင် အားသွင်းရလွယ်ကူတဲ့ Type-C Charging Port ပါဝင်ပါတယ်။
Sanook FA-11 Handheld Fan
Sanook FA-11 Handheld Fan ကတော့ ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်ကူစေမယ့် လက်ကိုင်ပန်ကာအသေးစားလေး ဖြစ်ပြီး ရာသီဥတုပူအိုက်တဲ့အချိန် အပြင်သွားရင်းပဲဖြစ်ဖြစ်၊ လျှပ်စစ်မီးခဏခဏပျက်တဲ့ အချိန်တွေမှာပဲဖြစ်ဖြစ် အလွန်အသုံးတည့်တဲ့ Gadget လေးတစ်ခုဖြစ်ပါတယ်။လက်ထဲမှာပဲ ကိုင်ကိုင်၊ အိတ်ထဲပဲထည့်ထည့် နေရာမယူဘဲ ပေါ့ပေါ့ပါးပါး သယ်သွားလို့ရတဲ့ Pocket-friendly design ဖြစ်ပါတယ်။Built-in rechargeable battery ပါဝင်ပြီး USB သို့မဟုတ် Type-C cable များနဲ့ အလွယ်တကူ အားပြန်သွင်းနိုင်ပါတယ်။
Borofone DBF15 Digital Display Handheld Fan
Borofone ကထုတ်လုပ်ထားတဲ့ DBF15 Digital Display Handheld Fan လေးသည် Brushless Motor အသုံးပြုထားတာကြောင့် လေထွက်အားကောင်းပြီး အသံတိတ်တိတ်နဲ့ အေးမြတဲ့လေကို ပေးစွမ်းနိုင်ပါသည်။ 3000mAh Rechargeable Battery ပါဝင်လို့ တစ်ကြိမ်အားသွင်းထားရုံနဲ့ 2 နာရီမှ 7.6 နာရီအထိ အသုံးပြုနိုင်ပါသည်။ ype-C အားသွင်းစနစ်ကို အသုံးပြုထားတာကြောင့် အားသွင်းရာတွင်လည်း လွယ်ကူပြီး အပြင်သွားတဲ့အချိန်၊ ခရီးသွားတဲ့အချိန်၊ ရုံးမှာ၊ ကျောင်းမှာပဲဖြစ်ဖြစ် အလွယ်တကူ အသုံးပြုနိုင်တဲ့ Portable Handheld Fan ဖြစ်ပါသည်။