SHUPU SKM-8800U Wireless Microphone Two Handel Mic လေးသည် ဖျော်ဖြေပွဲများ၊ အခမ်းအနားများနှင့် အသံပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုလိုသူများအတွက် အထူးထုတ်လုပ်ထားသည့် 2-Channel UHF အမျိုးအစား ကြိုးမဲ့မိုက်ခရိုဖုန်းစနစ် ဖြစ်ပါသည်။ Dynamic Handheld Microphone နှစ်လုံးပါဝင်ပြီး Dual Channels လိုင်းနှစ်လိုင်းခွဲပြိး အသုံးပြုနိုင်ပါသည်။ Frequency Range : UHF 640 - 690 MHz အထိအသုံးပြုနိုင်ပြီး Audio Reference Companding စနစ်ပါဝင်သဖြင့် အသံကြည်လင်ပြတ်သားပါသည်။ PLL System နှင့် CPU Control စနစ်သုံးထား၍ လိုင်းတည်ငြိမ်ပြီး ရွေးချယ်နိုင်သော Frequency ပေါင်း ၂၀၀ အထိ ပါဝင်ပါသည်။ မိုက်ခရိုဖုန်းနှင့် Receiver နှစ်ခုလုံးတွင် လိုင်းနံပါတ်များကို ကြည့်ရှုနိုင်သည့် LCD Display ပါဝင်ပါသည်။
| Brand | SHUPU |
| Model | SKM-8800U |
| Model Type | 2-Channel UHF Wireless Handheld Microphone System |
| Frequency Range | UHF 640 - 690 MHz |
| Display | LCD Display For Channel |
| Power Supply | DC 12V-18V / 1000mA |
| Microphone Type | Dynamic |