JBL Junior 320 Wireless ဆိုတာ ကလေးငယ်တွေအတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Headphone အမျိုးအစားဖြစ်ပါတယ်။ ကလေးတွေရဲ့ နားစည်ကို မထိခိုက်စေဖို့နဲ့ သုံးရတာ သက်သောင့်သက်သာရှိစေဖို့ အဓိကထား တည်ဆောက်ထားတာပါ။ကလေးတွေရဲ့ နားကို ကာကွယ်ပေးဖို့အတွက် အသံကျယ်နှုန်းကို 85 Decibels ထက် မကျော်အောင် ကန့်သတ်ထားပါတယ်။ ဒါကြောင့် အချိန်ကြာကြာ နားထောင်ရင်တောင် နားအန္တရာယ် မဖြစ်စေပါဘူး။မိုက်ခရိုဖုန်း ပါဝင်တဲ့အတွက် ကလေးတွေ online class တက်တာပဲဖြစ်ဖြစ်၊ ဖုန်းပြောတာပဲဖြစ်ဖြစ် အဆင်ပြေပြေ သုံးလို့ရပါတယ်။နောက်ဆုံးပေါ် Bluetooth စနစ်သုံးထားလို့ ချိတ်ဆက်မှု တည်ငြိမ်ပြီး အကွာအဝေး ၁၅ မီတာ အထိ စိတ်ကြိုက် သွားလာနိုင်ပါတယ်။
| Band | JBL |
| Model | JUNIOR 320 |
| Connectivity | Wired |
| Frequency response | 20 Hz - 20 kHz |