LG OLED77G5PSA TV ဟာ LG ရဲ့ ၂၀၂၅ ခုနှစ်ထွက် အကောင်းဆုံးနဲ့ အမြင့်ဆုံး Gallery Series TV အမျိုးအစား ဖြစ်ပါတယ်။ အဆင့်မြင့် OLED နည်းပညာကို အသုံးပြုထားတာဖြစ်လို့ Pixel တစ်ခုချင်းစီက အလင်းကို အပိတ်အဖွင့် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အမည်းရောင်ကို စစ်စစ်အတိုင်း မြင်တွေ့ရမှာဖြစ်သလို ကာလာအရောင်အသွေးတွေကလည်း အလွန်တောက်ပပြီး သဘာဝကျလှပါတယ်။ အထူးသဖြင့် LG ရဲ့ နောက်ဆုံးပေါ် α11 AI Processor 4K ကို ထည့်သွင်းပေးထားလို့ ရုပ်ထွက်နဲ့ အသံပိုင်းကို AI က အလိုအလျောက် အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးနိုင်ပြီး ယခင်မော်ဒယ်တွေထက် ပိုမိုမြန်ဆန် စမတ်ကျလာတာကို တွေ့ရမှာပါ။
| Brand | LG |
| Model | OLED77G5PSA |
| Display Size | 77" |
| Resolution | 4K Ultra HD (3,840 x 2,160) |
| Refresh Rate | 120Hz |
| Smart TV | Yes |
| TV Technology | OLED |
| Speaker Output | 60 W |
| Warranty | 1year |