Hisense WFQ9514VJMT Front Load Washing Machine (9.5kg) သည် Inverter နည်းပညာကို သုံးထားတဲ့အတွက် ဆူညံသံနည်းပါးပြီး လျှပ်စစ်မီးကို ချွေတာပေးနိုင်ပါတယ်။ ရေရှည်ခံနိုင်ရည်ရှိတာကလည်း သူ့ရဲ့ အားသာချက်ပါ။အဝတ်လျှော်ပမာဏ 9.5kg အထိ ဆံ့တာကြောင့်အဝတ်အစား အမြောက်အမြားကို အလွယ်တကူ လျှော်ဖွတ်နိုင်ပါတယ်။ရေနွေးငွေ့နဲ့ လျှော်ဖွတ်ပေးတဲ့စနစ် ပါဝင်လို့ အဝတ်အစားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို 99.9% အထိ သေစေနိုင်ပြီး အရေးအကြောင်းဖြစ်တာကိုလည်း လျော့ပါးစေပါတယ်။အချိန်မရှိသူတွေအတွက် မိနစ်အနည်းငယ်အတွင်း အမြန်လျှော်ပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။အဝတ်လျှော်ကန်ရဲ့ အတွင်းပိုင်းကို နှင်းပွင့်ပုံစံ ဒီဇိုင်းဖော်ထားလို့ အဝတ်အစားတွေ မပျက်စီးအောင် ကာကွယ်ပေးပြီး အညစ်အကြေးတွေကို ပိုမိုစင်ကြယ်စေပါတယ်။
| Brand | Hisense |
| Model | WFQ9514VJMT |
| Washing Capacity | 9.5kg |
| Net Weight | 67 kg |
| Power | 1750W |
| Dimensions (WxDxH) | 660 x 690 x 890 mm |
| Warranty | 1 year part & service /2 years service only |