Borofone ကထုတ်ထားတဲ့ BES23 TWS Wireless Headset လေးသည် BT 6.0 chip ကို အသုံးပြုထားလို့ ဖုန်းနဲ့ ချိတ်ဆက်ရတာ ပိုမိုမြန်ဆန်ပြီး တည်ငြိမ်မှုရှိစေပါသည်။ ၁၀ မီတာ (ပေ ၃၀ ဝန်းကျင်) အကွာအဝေးအထိ အနှောင့်အယှက်ကင်းကင်း အသုံးပြုနိုင်ပြီး တစ်ခါအားသွင်းထားရင် သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ဖုန်းပြောတာပဲဖြစ်ဖြစ် ၃ နာရီမှ ၄ နာရီအထိ အသုံးခံပါသည်။ နားကြပ်တစ်ခုချင်းစီမှာ 30mAh ဘက်ထရီ ပါဝင်ပြီး နားကြပ်ဘူး (Charging Case) မှာတော့ 250mAh ဘက်ထရီ ပါဝင်ပါသည်။ နားကြပ်ဘူးရဲ့ အလယ်မှာ ဘက်ထရီဘယ်လောက်ကျန်လဲဆိုတာကို ကြည့်လို့ရမယ့် Digital Display လေးလည်း ပါဝင်ပြီး ဒီဇိုင်းပိုင်းမှာ ရိုးရှင်းသေသပ်တာကြောင့် သယ်ဆောင်ရာတွင်လည်း လွယ်ကူအဆင်ပြေစေမည့် နားကြပ်လေးဖြစ်ပါသည်။
| Brand | Borofone |
| Model | BES23 |
| Connectivity | Wireless |
| Bluetooth Version | BT 6.0 |
| Music Time | 3 - 4 Hours |
| Battery (Headset) | 30mAh |
| Battery (Case) | 250mAh |
| Transmission Range | 10 Meters |
| Digital Battery Display | Yes |
| Warranty | 1Year |