81 ETO-300G Coffee Grinder လေးသည် ကော်ဖီစေ့များသာမက ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားအစေ့အဆန်များကိုပါ အလွယ်တကူ ကြိတ်ချေနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အရည်အသွေးမြင့် Coffee Grinder လေးဖြစ်ပါသည်။ ကိုယ်ထည် (Housing) နှင့် ကြိတ်ဖတ်ခွက် (Grinder Cup) တို့ကို သံချေးမတက်နိုင်သည့် Stainless Steel (S.S) ဖြင့် ပြုလုပ်ထားသောကြောင့် ခိုင်ခံ့ပြီး သန့်ရှင်းရလွယ်ကူသည်။ Power 500W ရှိသော အားကောင်းသည့် မော်တာကို အသုံးပြုထားသဖြင့် မာကျောသော အစေ့အဆန်များကိုပင် အချိန်တိုအတွင်း ညက်ညက်ကြေအောင် ကြိတ်ပေးနိုင်ပါသည်။ အမြန်နှုန်း (Speed) ၄ ဆင့် အပြင် Pulse (ခေတ္တရပ်နားပြီး ကြိတ်ခြင်း) စနစ်ပါဝင်သောကြောင့် မိမိအလိုရှိသော အနုအကြမ်းအတိုင်း စိတ်ကြိုက်ချိန်ညှိနိုင်သည်။ စက်အဖုံး သေချာမပိတ်ပါက စက်လည်ပတ်မည်မဟုတ်သော ဘေးကင်းလုံခြုံရေးစနစ် ပါဝင်ပြီး စက်အပူလွန်ကဲခြင်းမှ ကာကွယ်ပေးသည့်စနစ် ပါဝင်သောကြောင့် အိမ်ရှင်မတို့အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
| Brand | 81 |
| Model | ETO-300G |
| Power | 500W |
| Speed | 4 Speeds Control + Pulse Mode |
| Voltage | AC 220V - 240V (50/60Hz) |
| Material | High-Quality Stainless Steel Housing |
| Safety Features | Overheat Protection & Safety Interlock |