Mibro XPAW026 GT Smart Watch လေးသည် Screen Size 1.43inch ရှိပြီး Amoled Display ကိုအသုံးပြုပေးထားပါသည်။ 466 x 466 Resolution ရှိတာကြောင့် အရောင်အသွေး စိုပြည်ကြည်လင်စေပြီး PPI 326 နဲ့ Peak Brightness 600nit အထိ ရှိတာကြောင့် နေရောင်အောက်မှာတောင် အချက်အလက်တွေကို သဲသဲကွဲကွဲ မြင်တွေ့နိုင်ပါသည်။ အပြင်ထွက် လမ်းလျှောက်တာ၊ ပြေးတာ ဒါမှမဟုတ် ခရီးသွားတဲ့အခါ တည်နေရာကို တိတိကျကျ သိနိုင်ဖို့ GPS, Beidou, GLONASS, Galileo နဲ့ QZSS function များပါဝင်ပါသည်။ ကျန်းမာရေးကို ၂၄ နာရီ စောင့်ကြည့်ပေးမယ့် Heart Rate (နှလုံးခုန်နှုန်း)၊ Blood Oxygen (သွေးတွင်းအောက်ဆီဂျင်) နဲ့ Acc Sensor တွေ ပါဝင်တဲ့အပြင် 5ATM ရေစိုခံစနစ် ပါဝင်တာကြောင့် ရေကူးတဲ့အခါ ဒါမှမဟုတ် မိုးရွာတဲ့အခါမှာလည်း စိတ်ပူစရာမလိုဘဲ ဝတ်ဆင်နိုင်ပါသည်။ Bluetooth V5.3 ကို အသုံးပြုထားလို့ ဖုန်းနဲ့ ချိတ်ဆက်ရတာ မြန်ဆန်ပြီး ဖုန်းပြောခြင်း (BT-Calling) ကိုလည်း တိုက်ရိုက်ပြုလုပ်နိုင်ပါသည်။
| Brand | Mibro |
| Model | XPAW026 |
| Display Type | AMOLED HD Display |
| Display Size | 1.43inch |
| Resolution | 466x466 Pixels |
| Bluetooth | V5.3 |
| Material | 316L Stainless Steel |
| Water Resistance | 5ATM |
| Standby time | About 30Days |
| Charging port | Magnetic contact type |
| Warranty | 1Year |