Jisulife Life 7 (FA55) ဟာ Portable Fan တွေထဲမှာ Battery performance အကောင်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Model တစ်ခုဖြစ်ပါတယ်။ Table Fan (စားပွဲတင်) အနေနဲ့ရော၊ လိုအပ်ရင် လက်ကိုင် (Handheld) အနေနဲ့ပါ အသုံးပြုနိုင်အောင် Multi-functional ဖြစ်အောင် ထုတ်လုပ်ထားတာပါ။Battery Capacity 8,000mAh အမျိုးအစားတူ တခြား Fan တွေထက် Battery Size တော်တော်ကြီးပါတယ်။Usage Timeကတော့ လေအား အနိမ့်ဆုံးမှာထားရင် နာရီ ၂၀ ကျော် အထိ အသုံးခံပြီး၊ အမြင့်ဆုံး Speed မှာဆိုရင် ၆ နာရီခန့် အထိ အသုံးခံပါတယ်။လေအား ၅ ဆင့် (5 Levels) အထိ ချိန်ညှိနိုင်ပါတယ်။USB Type-C (Fast Charging support လုပ်လို့ Battery ကြီးပေမယ့် ၃ နာရီမှ ၄ နာရီအတွင်း အားအပြည့်သွင်းနိုင်ပါတယ်)။Brushless DC Motor ကို အသုံးပြုထားလို့ ငြိမ်ပြီး အသံဆူညံမှု နည်းပါတယ်။ပန်ကာခေါင်းကို အပေါ်အောက် ၁၆၀ ဒီဂရီ အထိ လိုသလို လှည့်လို့ရတာကြောင့် စားပွဲပေါ်တင်ထားတဲ့အခါ ကိုယ့်မျက်နှာဆီ လေရောက်အောင် ချိန်ရတာ အရမ်းလွယ်ပါတယ်။
| Brand | Jisulife |
| Model | Life 7 |
| Battery Capacity | 8000mAh (29.6Wh/3.7V) |
| Input Current | DC 5V-2.0A(Type-C) |
| Power | 5.5W |
| Charging Time | 6-10 hrs |
| Working time | 5-28 hrs |
| Charging Port | Type-C USB 2.0 Fast Charge |
| Height | 2' |
| Warranty | 1Year |