Anker A2643E11 313 45W Charger ကတော့ ရိုးရိုး Silicon နေရာမှာ အဆင့်မြင့် GaN Chipset ကို အသုံးပြုထားလို့ အားသွင်းခေါင်း Size ကို သေးသေးကျစ်ကျစ်ပဲ ထားနိုင်ပြီး အပူထွက်ရှိမှုကို အများကြီး လျှော့ချပေးပါတယ်။ Efficiency ပိုကောင်းလို့ မီးအားအလေအလွင့် မရှိပါဘူး။Anker ရဲ့ ကိုယ်ပိုင်အပူချိန်ထိန်းစနစ် ပါဝင်ပါတယ်။ တစ်စက္ကန့်ကို အကြိမ် ၂၀ ခန့် အပူချိန်ကို အလိုအလျောက် စောင့်ကြည့်စစ်ဆေးပေးပြီး အားသွင်းနေတဲ့ Device ရော Charger ပါ အပူလွန်ကဲပြီး ပျက်စီးခြင်းမရှိအောင် စမတ်ကျကျ ကာကွယ်ပေးပါတယ်။Samsung အပြင် iPhone 15/16 Pro Max တွေ၊ Google Pixel ဖုန်းတွေ၊ iPad တွေနဲ့ Type-C သုံး ရိုးရိုး Laptop အချို့ (ဥပမာ- MacBook Air) ကိုပါ 45W အထိ အဆင်ပြေပြေ အားသွင်းနိုင်ပါတယ်။
| Brand | Anker |
| Model | A2643E11 |
| Input | 100-240V~1.87A 50-60Hz |
| Output | 5.0V=3.0A / 9.0V=3.0A / 15.0V=3.0A / 20.0V=2.25A (45W) |
| Total Wattage | 45W Max |