Hikvision DS-2CD1027G2-L ကတော့ Hikvision ရဲ့ နာမည်ကြီး ColorVu Technology ပါဝင်တဲ့ 2MP IP Outdoor Bullet Camera တစ်လုံး ဖြစ်ပါတယ်။ ညဘက် လုံးဝမှောင်နေရင်တောင် အဖြူအမည်းမဟုတ်ဘဲ သဘာဝအတိုင်း ကာလာအပြည့်စုံ (24/7 Colorful Image) ပြသပေးနိုင်တာက သူ့ရဲ့ အဓိက အားသာချက်ပါ။2MP (1920 × 1080) အရည်အသွေးရှိပြီး တစ်စက္ကန့်ကို Frame Rate 25/30 fps နဲ့ ပုံရိပ်တွေကို ပြတ်သားချောမွေ့စွာ ဖမ်းယူပေးနိုင်ပါတယ်။Lens အကျယ် 4mm အမျိုးအစားဖြစ်လို့ မြင်ကွင်းထောင့် (Field of View) အနေနဲ့ Horizontal FOV: 83° (ဘေးတိုက်) အကျယ် ရှိပါတယ်။ပုံမှန်တွေ့နေကျ 2.8mm ထက်စာရင် မြင်ကွင်းအနည်းငယ် ပိုကျဉ်းပေမယ့် အဝေးက အရာဝတ္ထုတွေ၊ လူမျက်နှာတွေနဲ့ ကားနံပါတ်တွေကို ပိုပြီး အသေးစိတ် စူးစိုက်ကြည့်ရှုနိုင်တဲ့ နေရာ (ဥပမာ - လမ်းကြား၊ အိမ်ရှေ့ဝရန်တာ၊ ကားအဝင်အထွက်ဂိတ်) တွေအတွက် ပိုမိုသင့်လျော်ပါတယ်။အလင်းဝင်ပေါက်ကို F1.0 အထိ အကျယ်ဆုံး သုံးပေးထားလို့ အလင်းရောင် အလွန်နည်းတဲ့ နေရာတွေမှာတောင် ပုံရိပ်ကို တောက်ပကြည်လင်စေပါတယ်။ညဘက် အမှောင်ထုထဲမှာ အနီအောက်ရောင်ခြည် (IR) သုံးပြီး အဖြူအမည်းပြတဲ့ ရိုးရိုးကင်မရာတွေနဲ့မတူဘဲ ColorVu စနစ်ကြောင့် နေ့ရောညပါ ကာလာအတိုင်း မြင်ရပါတယ်။လုံးဝ လျှပ်စစ်မီးမရှိဘဲ မှောင်မည်းနေတဲ့ အခြေအနေမျိုးမှာ ကင်မရာမှာပါတဲ့ မီးဖြူ (Warm Supplement Light) က မီတာ ၃၀ (30m) အထိ အလိုအလျောက် လင်းပေးပြီး အရောင်အသွေးစုံလင်အောင် ကူညီပေးပါတယ်။
| Brand | HIK |
| Model | DS-2CD1027G2-L |
| Case Type | Bullet |
| Resolution | 2 MP |
| Lens Type | Fixed Lens |
| Shutter Time | 1/3 s to 1/100,000 s |
| Focal Length & FOV | 2.8 mm, horizontal FOV: 106°, vertical FOV: 57°, diagonal FOV: 126°4 mm, horizontal FOV: 83°, vertical FOV: 44°, diagonal FOV: 99° |
| WDR | DWDR |
| Lens Type | Fixed focal lens, 2.8 and 4 mm optional |
| Iris Type | Fixed focal lens, 2.8 and 4 mm optional |
| Storage Type | N/A, SD Card |
| Illumination Distance | 21-50m |
| Security | Password protection, complicated password, watermark, basic and digest authentication for HTTP, WSSE and digest authentication for Open Network Video Interface, security audit log, host authentication (MAC address) |
| Day & Night | 24/7 color imaging |
| Ethernet Interface | 1 RJ45 10 M/100 M self-adaptive Ethernet port |
| Power | 12 VDC ± 25%, 0.4 A, max. 5 W,Ø5.5 mm coaxial power plug,PoE: 802.3af, Class 3, 36 V to 57 V, 0.2 A to 0.15 A, max. 6.5 W |
| Warranty | 1Year (Service Only) |