Aconatic 43HS1000AN (43") Google TV သည် ဈေးနှုန်းသင့်တင့်ပြီး Features စုံစုံလင်လင်ပါဝင်တဲ့ Smart TV အမျိုးအစားဖြစ်ပြီး 43 လက်မ ရှိသည့်အပြင် ဘေးဘောင်ပျောက် Frameless Design ဖြစ်လို့ ကြည့်ရတာ ပိုကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်ရပ်လှပစေပါတယ်။Resolution မှာFull HD ဖြစ်လို့ ရုပ်ထွက်ကြည်လင်ပြတ်သားမှု ရှိသည့်အပြင် အလင်းအမှောင် Contrast ကို ပိုမိုကောင်းမွန်စေပြီး အရောင်အသွေးကို ပိုမိုစိုပြည်စေပါတယ်။Refresh Rate မှာ 60Hz ဖြစ်သည့်အတွက်သာမန်ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရှုတဲ့အခါမှာလည်း ပုံရိပ်လှုပ်ရှားမှု ညင်သာမှုရှိပါတယ်။Google ၏တရားဝင် Google TV OS ကို သုံးထားသောကြောင့် User Interface သည် ရိုးရှင်းပြီး အသုံးပြုရသည်မှာ အလွန်ချောမွေ့ပါသည်။Netflix, YouTube, Prime Video စတဲ့ Application တွေ အသင့်ပါဝင်ပြီး Google Play Store ကနေ ကြိုက်နှစ်သက်ရာ App နဲ့ ဂိမ်းတွေကို ထပ်မံ Install လုပ်နိုင်သည့်အပြင် Voice Remote ပါဝင်တာကြောင့် အဝေးထိန်းခလုတ်ကနေ အသံနဲ့ ရှာဖွေခိုင်းစေနိုင်ပါတယ်။ဖုန်းထဲမှ ဗီဒီယို၊ ဓာတ်ပုံ Presentation များကိုလည်း TV မျက်နှာပြင်ပေါ်သို့ ကြိုးမဲ့ Cast လုပ်ပြီး အလွယ်တကူ ချိတ်ဆက်ပြသနိုင်ပါသည်။
| Brand | Aconatic |
| Model | 43HS1000AN |
| Dimensional size | W 954.6 * D 216.43 * H 613.18 mm |
| Packaging dimension (in mm) | W1085 * D 113 * H 635 mm |
| Screen size | 43 |
| Display Resolution | 1920x1080 |
| Brightness (cd/m²) | 180cd/㎡ |
| Technology type (E-LED, D-LED, O-LED) | D-LED |
| Display Frequency | 60Hz |
| Audio Output (W) | 8W+8W |
| Warranty | 1year part and service |