XP Pen Deco 640 Drawing Tablet လေးသည် ကျစ်လစ်ပေါ့ပါးသော ဒီဇိုင်းနှင့် 16cm × 9cm Active Area ကို အသုံးပြုထားသောကြောင့် အိမ်၊ ရုံး၊ ကျောင်း သို့မဟုတ် ခရီးသွားစဉ် အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ပါသည်။ 16,384 Levels Pressure Sensitivity ပါဝင်သည့် P01 (16K) Stylus Pen ကို အသုံးပြုထားပြီး ဘောပင်ဖိအားကို တိကျစွာ သိရှိနိုင်တာကြာင့် သဘာဝကျသော စာရေးခြင်း၊ ပုံဆွဲခြင်းနှင့် Digital Painting များကို အဆင်ပြေစွာ ဖန်တီးနိုင်ပါသည်။ 60° Tilt Support ပါဝင်သောကြောင့် Pencil အစောင်းအတိုင်း သဘာဝကျသော Shading နှင့် Sketching များကို လွယ်ကူစွာ ရေးဆွဲနိုင်ပါသည်။ USB-C Port ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး Windows 7 နှင့်အထက်, macOS 10.13 နှင့်အထက်, Android 10.0 နှင့်အထက်, Chrome OS 88 နှင့်အထက် နှင့် Linux စသည့် Operating System မျိုးစုံကို Support ပေးထားသောကြောင့် Device အမျိုးမျိုးနှင့် အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
| Brand | XP Pen |
| Model | Deco 640 (IT640) |
| Screen Size | 16cm x 9cm |
| Pen Model | P01 (16K) Battery-Free Stylus |
| Tilt Support | 60° |
| Resolution | 5080 LPI |
| Interface | USB Type-C |
| Power Input | 5V / 1A |
| Dimensions | 149.96 × 188.34 × 7.7 mm |
| Color | Black |