Panasonic ကထုတ်လုပ်ထားတဲ့ MC-SBM20HZ47 Vacuum Cleaner လေးသည် ပေါ့ပါးသည့် 1.6kg အလေးချိန်သာရှိပြီး ကိုင်တွယ်အသုံးပြုရလွယ်ကူသော Ergonomic Grip Design ဖြင့် ဒီဇိုင်းထုတ်ထားသောကြောင့် အိမ်အတွင်းရှိ နေရာအနှံ့ကို အားစိုက်မှုနည်းနည်းဖြင့် သန့်ရှင်းရေးလုပ်ဆောင်နိုင်ပါသည်။ Powerful Suction စွမ်းအားဖြင့် အခန်းထောင့်များ၊ ပရိဘောဂအောက်ပိုင်းများနှင့် သန့်ရှင်းရခက်ခဲသော နေရာများကိုပါ ထိရောက်စွာ ရှင်းလင်းနိုင်ပြီး Floor အမျိုးအစားမျိုးစုံအတွက် အသုံးပြုနိုင်သော Nozzle တစ်ခုတည်းဖြင့် အဆင်ပြေစွာ သန့်ရှင်းရေးလုပ်ဆောင်နိုင်ပါသည်။ 0.6L Dust Capacity ပါဝင်သည့် Dust Box ကို အလွယ်တကူ ဖြုတ်လျှော်နိုင်သည့်အပြင် Filter များကိုလည်း Fully Washable Design ဖြင့် ပြုလုပ်ထားသောကြောင့် သန့်ရှင်းမှုကို အမြဲထိန်းသိမ်းထားနိုင်ပါသည်။ Battery Runtime အနေဖြင့် အမြင့်ဆုံး 40 မိနစ်အထိ အသုံးပြုနိုင်ပြီး လိုအပ်ချက်အလိုက် Min 6 မိနစ်မှ Max 40 မိနစ်အထိ လုပ်ဆောင်နိုင်ပါသည်။ Stylish & Convenient Design နှင့်အတူ အိမ်၊ ရုံးခန်းနှင့် နေရာမျိုးစုံတွင် လွယ်ကူစွာ အသုံးပြုနိုင်သော Vacuum Cleaner တစ်လုံးဖြစ်ပါသည်။
| Brand | Panasonic |
| Model | MC-SBM20HZ47 |
| Power | 220W |
| Capacity | 0.6L |
| Runtime | Min 6 min / Max 40 min |
| Dimensions | 220mm x 197mm x 1141mm |
| Weight | 1.6kg |
| Warranty | 1Year |