UGreen ကထုတ်လုပ်ထားတဲ့ HD150 8K HDMI Cable လေးသည် TV, Monitor, Projector, Gaming Console, Laptop နဲ့ PC တွေကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ အရည်အသွေးမြင့် HDMI Cable ဖြစ်ပါသည်။ 3 Meter အရှည်ရှိတာကြောင့် အဆင်ပြေစွာအသုံးပြုနိုင်ပြီး Premium Braided Design ကို အသုံးပြုထားတာကြောင့် သာမန် Cable များထက် ပိုမိုခိုင်ခံ့ပြီး ကွေးညွတ်ခြင်း၊ ဆွဲအားဒဏ်များကို ပိုမိုခံနိုင်ရည်ရှိစေပါသည်။ 4K / 8K ရုပ်ထွက်များကို ကြည်လင်ပြတ်သားစွာ ဖော်ပြနိုင်သည့်အတွက် ရုပ်ရှင်ကြည့်ခြင်း၊ Presentation ပြသခြင်း၊ Gaming ကစားခြင်းနှင့် Professional Workstation များအတွက် အထူးသင့်တော်သော ပစ္စည်းလေးဖြစ်ပါသည်။
| Brand | UGreen |
| Model | HD150 |
| Connector Type | HDMI Male to HDMI Male |
| Cable Material | Braided Cable |
| Cable Length | 3 Meter |
| Resolution | Up to 4K / 8K Ultra HD |
| Color | Black |