Vancool ကထုတ်လုပ်ထားတဲ့ BCD-190 Two Door Refrigerator လေးသည် အအေးခန်းနှင့် ရေခဲခန်းကို သီးခြားအသုံးပြုနိုင်သည့် တံခါးနှစ်ပေါက်ပါ ရေခဲသေတ္တာဖြစ်ပါသည်။ အအေးခန်းဝင်ဆံ့ပမာဏ 140 လီတာနှင့် ရေခဲခန်းဝင်ဆံ့ပမာဏ 50 လီတာရှိပြီး စားသောက်ကုန်များကို ခွဲခြားသိမ်းဆည်းနိုင်ပါသည်။ အအေးခန်းအတွင်း အသီးအနှံများ၊ အချိုရည်များနှင့် နေ့စဉ်ချက်ပြုတ်ရန် လိုအပ်သည့် စားသောက်ကုန်များကို သိမ်းဆည်းနိုင်ပြီး ရေခဲခန်းတွင် အသား၊ ငါးနှင့် အေးခဲအစားအစာများကို သီးခြားထားရှိနိုင်ပါသည်။ Direct Cooling စနစ်ကို အသုံးပြုထားပြီး အအေးချိန်ကို Mechanical Control ဖြင့် ချိန်ညှိနိုင်ပါသည်။ ဟင်းသီးဟင်းရွက်သိမ်းဆည်းရန် သီးသန့်အံဆွဲလည်း ပါဝင်ပြီး Manual Defrost စနစ်နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ မီးခိုးရောင်ကိုယ်ထည်နှင့် ရိုးရှင်းသပ်ရပ်သည့် ဒီဇိုင်းကြောင့် အိမ်တွင်းမီးဖိုခန်းနှင့် ထမင်းစားခန်းတို့တွင် လိုက်ဖက်စွာ ထားရှိအသုံးပြုနိုင်ပါသည်။
| Brand | Vancool |
| Model | BCD-190 |
| Net Fridge Capacity | 140 L |
| Net Freezer Capacity | 50 L |
| Cooling System | Direct Cooling |
| Power Supply | AC 220–240V, 50Hz |
| Refrigerant | R600a |
| Color | Grey |
| Dimension | 1.6 × 1.8 × 4.8 ft |
| Warranty | No |