VGA Splitter (4-Port) ဆိုတာကတော့ ကွန်ပျူတာတစ်လုံးတည်း (သို့မဟုတ်) VGA Output ထွက်တဲ့ Device တစ်ခုတည်းကနေ ထွက်လာတဲ့ Visual signal ကို Display (Monitor/Projector/TV) လေးခုဆီကို တစ်ပြိုင်နက်တည်း ခွဲဝေပြသပေးတဲ့ ကိရိယာဖြစ်ပါတယ်။CPU ကထွက်လာတဲ့ VGA ကြိုးကို Splitter ရဲ့ "Input" ပေါက်မှာ ထိုးရပါတယ်။ ပြီးနောက် "Output" ပေါက် ၄ ခုကနေ Monitor ၄ လုံးဆီကို ကြိုးတွေနဲ့ ပြန်ခွဲထုတ်ပေးတာဖြစ်ပြီး Splitter က 1920 x 1440 resolution အထိ support ပေးနိုင်သလို 200MHz အထိ Bandwidth ရှိပါတယ်။ Bandwidth မြင့်လေ ရုပ်ထွက်ပိုကြည်လေ ဖြစ်ပါတယ်။
| Device Type | VGA Splitter |
| Resolution | 1920 x 1440 at 60Hz, 250MHz |
| Connection Input | 1port Female |
| Connection Output | 4 Port Female |
| Power | DC Jack |