TP-Link EAP225 AC1350 သည် အိမ်သုံးထက် လုပ်ငန်းသုံး (Business-class) အတွက် ပိုမိုရည်ရွယ်ထားသော Ceiling Mount (မျက်နှာကျက်တပ်) Access Point တစ်ခုဖြစ်ပါတယ်။ Wi-Fi လိုင်းဆွဲအား တည်ငြိမ်ဖို့နဲ့ အသုံးပြုသူ များပြားတဲ့ နေရာတွေအတွက် အလွန်သင့်တော်ပါတယ်။Band နှစ်ခုစလုံးကို တစ်ပြိုင်နက် ထုတ်ပေးနိုင်ပြီး 2.4 GHz (450 Mbps) နှင့် 5 GHz (867 Mbps) စုစုပေါင်း 1317 Mbps အထိ အမြန်နှုန်း ရရှိနိုင်ပါတယ်။ဖုန်း သို့မဟုတ် Laptop အများအပြား တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုသည့်တိုင် အင်တာနက် အမြန်နှုန်း မကျအောင် ထိန်းညှိပေးနိုင်ပါတယ်။Wi-Fi လိုင်းကို လွှင့်ချင်တဲ့ အရပ်မျက်နှာ (Device ရှိရာ) ဆီကိုပဲ စုစည်းပြီး လွှင့်ပေးတာကြောင့် လိုင်းဆွဲအား ပိုမိုကောင်းမွန်စေပါတယ်။Power over Ethernet (PoE) စနစ်ပါဝင်လို့ ဖုန်းလိုင်းကြိုး (Ethernet Cable) တစ်ချောင်းတည်းနဲ့တင် အင်တာနက်ရော ပါဝါပါ ပေးနိုင်ပါတယ်။ ဆိုင် ဒါမှမဟုတ် ရုံးခန်းတွေမှာ ဧည့်သည်တွေအတွက် သီးသန့် Wi-Fi ခွဲပေးထားနိုင်ပြီး Facebook Wi-Fi ဒါမှမဟုတ် SMS နဲ့ login ဝင်ခိုင်းတဲ့စနစ် (Captive Portal) တွေလည်း သုံးနိုင်ပါတယ်။
| Brand | TP Link |
| Model | EAP225 AC1350 |
| Interface Ports | 1 x Gigabit Ethernet (RJ-45) Port |
| Voltage | 12V |
| Wireless Standard | IEEE 802.11ac/n/g/b/a |
| Wireless Speed | 1317 Mbps |