Nibban ECDRS001P Electronic Clothes Dryer
Nibban ECDRS001P Electronic Clothes Dryer လေးမှာတော့ အဝတ်အစားတွေကို ချိတ်လေးနဲ့ဆွဲပြီး ချိတ်ထားရုံပဲမို့ အဝတ်တွေ တွန့်ကြေမှာကိုလည်း စိုးရိမ်စရာမလိုတာကြောင့် အဆင်ပြေစေမှာဖြစ်ပါတယ်။ အခြောက်ခံဖို့မလိုအပ်တဲ့အခါမျိုးမှာလည်း အဝတ်အစားတွေချိတ်ထားရုံနဲ့ သန့်ရှင်းတဲ့ အဝတ်ဗီရိုအဖြစ်အသုံးပြုနိုင်သေးတာမို့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။
- In Stock
Nibban ECDRS001P Electronic Clothes Dryer လေးမှာတော့ အဝတ်အစားတွေကို ချိတ်လေးနဲ့ဆွဲပြီး ချိတ်ထားရုံပဲမို့ အဝတ်တွေ တွန့်ကြေမှာကိုလည်း စိုးရိမ်စရာမလိုတာကြောင့် အဆင်ပြေစေမှာဖြစ်ပါတယ်။ အခြောက်ခံဖို့မလိုအပ်တဲ့အခါမျိုးမှာလည်း အဝတ်အစားတွေချိတ်ထားရုံနဲ့ သန့်ရှင်းတဲ့ အဝတ်ဗီရိုအဖြစ်အသုံးပြုနိုင်သေးတာမို့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။
| Temperature | 65 degree |
| Model | ECDRS001P |
| Capacity | 10 Kg |
| Heating Methods | 3hr Timer Function |
| Power | 1000W |
| Warranty | 1 Year |
Related Products
Electrolux EDS854J3WD Venting Front Load Clothes Dryer 8.5kg (2100W)
Electrolux EDS854J3WD Venting Front Load Clothes Dryer လေးကတော့ Capacity 8.5kg ဝင်ဆန့်ပြီး မိနစ် ၃၀ နဲ့ အခြောက်ခံနိုင်တဲ့ Program ပါဝင်ပါတယ်။ 12 Drying Programs ချည်သား၊ ခြည်ထည်၊ အနုစားအထည် စသဖြင့် အဝတ်အစား အမျိုးအစားပေါ် မူတည်ပြီး ရွေးချယ်စရာ Program ၁၂ မျိုးအထိ ပါဝင်ပါတယ်။ပိုးမွှားနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ စနစ် ပါဝင်လို့ ကလေးအဝတ်အစားတွေအတွက် ပိုမို စိတ်ချရပါတယ်။ Power Consumption - 2100 Watts က လျင်မြန်စွာ ခြောက်သွေ့အောင် ပြုလုပ်ပေးနိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ Venting Dryer လေးဖြစ်ပါသည်။
Midea MD100-A70 7kg Front Load Clothes Dryer
Midea ကထုတ်လုပ်ထားတဲ့ MD100-A70 လေးကတော့ Capacity 7kg ဝင်ဆန့်ပြီး အပူချိန်ကို ၃၀ မိနစ်ထိထိန်းထားပြီး အဝတ်အထည်များကို ဗိုင်းရပ်စ်မရှိအောင် သန့်ရှင်းစွာထုတ်ပေးနိုင်ပါသည်။ Refresh function ကို အသုံးပြုပြီး အဝတ်များတွင် အနံ့ထွက်မှုများမရှိစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ Quick Dry mode ပါဝင်ပြီး အချိန်တိုအတွင်း အဝတ်အထည်များကို ခြောက်သွေ့အောင် ပြုလုပ်ပေးနိုင်ပါသည်။ နားရက်မှာ အဝတ်တွေ စုလျှော်တတ်တဲ့သူတွေအတွက် အလုပ်ရှုပ်သက်သာစေတဲ့အပြင် မိသားစုဝင်များတဲ့အိမ်တွေ၊ အဆောင်တွေ အတွက်လဲ အဆင်ပြေစေမည့် Front Load Clothes Dryer လေးဖြစ်ပါသည်။
Lofans S2 Clothes Shoes Dryer
Lofans S2 Clothes Shoes Dryer လေးကတော့ ခုလိုမိုးရာသီမှာ အကျီကော ဖိနပ်တွေပါ စိုထှိုင်းနေတာတွေကို အမြန်ဆုံးခြောက်အောင်လုပ်ပေးနိုင်မယ့် Clothes Shoes Dryer လေးဖြစ်ပါသည်။ မိုးရာသီမှာ အနွေးထည် ဖိနပ်တွေကို ခြောက်ခံလို့ရရုံသာမက Mite Removal ဆိုတဲ့ မှိုနံ့စွဲတာတွေ ဖယ်ရှားပေးတဲ့ Function လည်းပါဝင်ပါသည်။ 500 W နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပြီး မိနစ် ၂၀ ကနေ ၄ နာရီကြာအသုံးပြုလို့ရပါသည်။
Alpha ALSD-1200 Portable Clothes Dryer
Alpha ကထုတ်ထားတဲ့ ALSD-1200 Portable Clothes Dryer လေးသည် သစ်လွင်တဲ့ ဒီဇိုင်း ၊ တပ်ဆင်ရလွယ်ကူပြီး အပေအတေခံတဲ့အရောင်လေးနဲ့ထုတ်လုပ်ထားပါသည်။ အ၀တ်ခြောက်မလွယ်တဲ့ မိုးတွင်း/ဆောင်းတွင်းကာလတွေမှာ အချိန်တိုအတွင်းအ၀တ်တွေကိုလျှင်မြန်စွာ ခြောက်သွေ့စေတဲ့အပြင် မှိုနံ့စွဲပြီး အနံ့ထွက်တဲ့ပြဿနာများမှလဲကာကွယ်ပေးနိုင်ပါသည်။ တပ်ဆင်ရလွယ်ကူပြီး အရည်အသွေးကောင်းမွန်တဲ့ အဆင့်မြင့် အပူပေးကိရိယာများ အသုံးပြုပေးထားပါသည်။ စိတ်ကြိုက်ရွေးချယ်ဖို့ Timer ( 60 မှ 180 မိနစ် ) အထိပါဝင်ပြီး အကြမ်းခံတဲ့ မိုးကာသားအထူကို အသုံးပြုပေးထားပါသည်။ အလူမီနီယံတိုင်များကို အသုံးပြုပေးထားပြီး အောက်ခြေမှာ ဘီးလုံးလေးတွေ ပါရှိတာကြောင့် သယ်ဆောင်ရလည်းလွယ်ကူစေပါသည်။ အဝတ်အထည်များကို ထည့်ဖို့ အကန့် ၂ ထပ်တောင် ပါပေးထားပြီး Drying Capacity ကလည်း အများဆုံး 10kg ထိတောင်အသုံးပြုနိုင်တာဆိုတော့ မိသားစုတွေအတွက် အဆင်ပြေစေမည့် clothes dryer လေးဖြစ်ပါသည်။
Samsung DV17B9750CV/ST 17kg Front Load Dryer
Samsung DV17B9750CV/ST 17kg Front Load Dryer က စွမ်းဆောင်ရည်မြင့်မားပြီး ခေတ်မီတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ အဝတ်ခြောက်စက် (dryer) တစ်လုံးဖြစ်ပါတယ်။ Dryer ရဲ့ အထူးခြားဆုံးအင်္ဂါရပ်တစ်ခုကတော့ Hybrid Heat Pump စနစ်ပဲ ဖြစ်ပါတယ်။Heat Pump နည်းပညာကြောင့် ပုံမှန်အပူပေးစနစ်တွေထက် စွမ်းအင်ကို သိသိသာသာ ချွေတာနိုင်ပါတယ်။Hybrid စနစ်က အဝတ်တွေကို ပိုမိုမြန်ဆန်စွာ အခြောက်ခံနိုင်ဖို့ အပူချိန်ကို လျင်မြန်စွာ ရောက်ရှိစေပြီး ထိန်းသိမ်းပေးပါတယ်။17kg အထိ ခြောက်ခံနိုင်တဲ့အတွက် အဝတ်အထည်များစွာကို တစ်ကြိမ်တည်း ခြောက်ခံနိုင်ပါတယ်။ King-sized စောင်ကြီးတွေလို ပမာဏများတဲ့ အဝတ်တွေကိုလည်း အဆင်ပြေပြေ ခြောက်ခံနိုင်ပါတယ်။ ဒါက အချိန်နဲ့အားကို သက်သာစေပါတယ်။AI Dry စနစ်က အဝတ်ခြောက်စက်ထဲက အဝတ်တွေရဲ့ အပူချိန်နဲ့ စိုထိုင်းဆကို အဆက်မပြတ် စောင့်ကြည့်စစ်ဆေးပြီး အကောင်းဆုံး အခြောက်ခံနိုင်မယ့် အပူချိန်နဲ့ အချိန်ကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ ဒါကြောင့် အဝတ်တွေ ပိုခြောက်တာ၊ လွန်ကဲပြီး အပူပေးတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ခြောက်ခံပြီးတာနဲ့ တံခါးက အလိုအလျောက် ပွင့်သွားပါတယ်။ ဒါက စိုထိုင်းဆကို လျော့ကျစေပြီး အဝတ်တွေမှာ အနံ့အသက်ဆိုးတွေ (မှိုနံ့၊ အနံ့ကျန်ခြင်း) မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Alpha ALSD-1000 Portable Clothes Dryer
Alpha ကထုတ်ထားတဲ့ ALSD-1000 Portable Clothes Dryer လေးကတော့ အ၀တ်ခြောက်မလွယ်တဲ့ မိုးတွင်း/ ဆောင်းတွင်းကာလတွေမှာ အချိန်တိုအတွင်းအ၀တ်တွေကို လျှင်မြန်စွာခြောက်သွေ့စေတဲ့အပြင် မှိုနံ့စွဲပြီး အနံ့ထွက်တဲ့ပြဿနာများ မရှိအောင်ကူညီပေးနိုင်မည့် Clothes Dryer လေးဖြစ်ပါသည်။ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့အတူ သေးသေးကျစ်ကျစ်လေးနဲ့ဆိုတော့ သွားလေရာအလွယ်သယ်ယူသွားလို့လည်းရပြီး အဝတ်အထည်တွေ မွှေးနေစေဖို့ အမွှေးနံ့ထည့်လို့ရတဲ့ Fragrance box လေးလည်းပါဝင်ပါသည်။ ဖြုတ်ရ၊ တပ်ရ လွယ်တဲ့အလူမီနီယံတိုင်များကို သုံးထားပေးတဲ့အပြင် စိတ်ကြိုက် Timer သတ်မှတ်နိုင်မယ့် အရည်အသွေးကောင်းမွန်တဲ့ အဆင့်မြင့်အပူပေးကိရိယာများ အသုံးပြုပေးထားပါသည်။ Drying Capacity ကလည်း 4kg ဖြစ်ပြီး အဝတ်အထည် 8~10 ထည်ထိ အခြောက်ခံနိုင်လို့ ခရီးသွားတာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းသမားတွေအတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။
81 ETO-812F Clothes Dryer
81 ကထုတ်လုပ်ထားတဲ့ ETO-812F လေးကတော့ အရည်သွေးမြင့်ကုန်ကြမ်းများဖြင့်ထုတ်လုပ်ထားပြီးသံချေးမတတ်နိုင်မဲ့ Stainless steel နဲ့မို့ ပေါ့ပေါ့ပါးပါးဖြစ်စေမဲ့အပြင် ဘီးတွေလည်းပါရှိတာကြောင့် အလွယ်တကူ ရွေ့ပြောင်းနိုင်ပါသည်။ အ၀တ်ထည် ၂၅ လောက်ထိ အသုံးပြုနိုင်သည့်အပြင် အပူချိန်ကို 3 နာရီအထိထားရှိနိုင်ပြီး Timer စနစ်ပါရှိတာကြောင့် အချိန်ကုန် လူပင်ပန်းသက်သာစေပါသည်။ အပူချိန်ခံနိုင်မဲ့ PTC အသားဖြင့်ပြုလုပ်ထားသောကြောင့် ဖုန်မှုန့်နှင့် Bacteria များကပ်ခြင်းမှကာကွယ်ပေးနိုင်ပြီး ခြောက်သွေ့မှုမြန်ဆန်စေပြီး ဆူညံမှုနည်းတာကြောင့်အိမ်ရှင်မတိုင်းအကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။