Midea MSAG-12CRDN8 Aircon 1.5Hp
Midea ကထုတ်လုပ်ထားတဲ့ MSAG-12CRDN8 Aircon မှာတော့ 1.5Hp နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။R-32 refrigerant gas နဲ့သုံးပေးထားတဲ့ အပြင် Four way air flow system နဲ့မို့ အချိန်ခဏအတွင်းမှာ အခန်းတွင်းအပူချိန်ကို လျော့ချပေးမှာဖြစ်ပြီး အေးမြစေမှာဖြစ်ပါတယ်။
- In Stock
Midea ကထုတ်လုပ်ထားတဲ့ MSAG-12CRDN8 Aircon မှာတော့ 1.5Hp နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။R-32 refrigerant gas နဲ့သုံးပေးထားတဲ့ အပြင် Four way air flow system နဲ့မို့ အချိန်ခဏအတွင်းမှာ အခန်းတွင်းအပူချိန်ကို လျော့ချပေးမှာဖြစ်ပြီး အေးမြစေမှာဖြစ်ပါတယ်။
| Brand | Midea |
| Model | MSAG-12CRDN8 |
| Capacity | 1.5Hp |
| Voltage | 220~240V |
| Gas | R-32 refrigerant |
| Product Type | Split-Inventer Type |
| Dimension (Indoor) | 835x208x295 mm |
| Dimension (Outdoor) | 720x270x495 mm |
| Warranty | 1year parts and service /2years service only |
Related Products
Samsung AR60F12D1AWNXST Split Type Aircon
Samsung AR60F12D1AWNXST (1.5HP) ကတော့ အခန်းကျယ်ကျယ်ကို အအေးဓာတ်ပေးနိုင်တဲ့အတွက် ဧည့်ခန်း သို့မဟုတ် အိပ်ခန်းအကျယ်တွေအတွက် အလွန်သင့်တော်ပါတယ်။၁၅၀ စတုရန်းပေမှ ၂၀၀ စတုရန်းပေခန့် (ဥပမာ - ၁၂ ပေ x ၁၅ ပေ သို့မဟုတ် ၁၄ ပေ x ၁၆ ပေ) ရှိတဲ့ အခန်းတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။WindFree™ ပါဝင်တာကြောင့် AC လေကို တိုက်ရိုက်မခံချင်သူများ၊ အထူးသဖြင့် ကလေးငယ်များ သို့မဟုတ် လူကြီးများရှိတဲ့ အခန်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။WindFree™ Mode ကို ဖွင့်ထားပါက လေကို အလွန်နူးညံ့စွာ ဖြန့်ထုတ်ပေးတဲ့အတွက် အခန်းထဲမှာ လေတိုက်နေသလို မခံစားရဘဲ အေးမြမှု (Still Air) ကိုပဲ ရရှိမှာပါ။
Samsung AR70F09D1CWNXST Split Type Aircon
Samsung AR70F09D1CWNXST (1HP) မော်ဒယ်သည် အဆင့်မြင့် WindFree™ နည်းပညာပါဝင်သည့် Inverter လေအေးပေးစက်တစ်ခုဖြစ်ပါတယ်။ သာမန် AC များလို လေတိုက်ရိုက်မှုတ်ထုတ်ခြင်းမျိုးမဟုတ်ဘဲ၊ AC ရှေ့မျက်နှာစာမှာရှိတဲ့ ထောင်ပေါင်းများစွာသော အပေါက်ငယ်လေးများ (Micro-holes) မှတစ်ဆင့် လေကို ဖြန့်ကျက်ပေးတာဖြစ်ပါတယ်။R32 ဓာတ်ငွေ့ကို အသုံးပြုထားပါတယ်။သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးပြီး အအေးခံစွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပါတယ်။1HP ဖြစ်တာကြောင့် အခန်းအရွယ်အစား ပျမ်းမျှ ၁၀၀ စတုရန်းပေမှ ၁၅၀ စတုရန်းပေ (သို့မဟုတ် ၁၀ ပေ x ၁၂ ပေခန့်) ရှိသည့် အိပ်ခန်း သို့မဟုတ် သေးငယ်သည့် အခန်းများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
Skyworth SMVH09D-1B1A3NA AirCon
Skyworth SMVH09D-1B1A3NA AirCon လေးသည် Inverter စနစ်ဖြစ်လို့ လျှပ်စစ်မီးကို သိသိသာသာ ချွေတာပေးနိုင်သလို Cooling ရော Heating ပါ ပါဝင်တာကြောင့် ရာသီဥတုမရွေး အသုံးပြုနိုင်ပါသည်။ အေးမြတဲ့ နွေရာသီအတွက်တင်မကဘဲ အေးချမ်းတဲ့ ဆောင်းရာသီမှာပါ နွေးထွေးမှုကို ပေးစွမ်းနိုင်တဲ့ 2-in-1 စနစ် ဖြစ်ပါသည်။ Cooling Power Input 650W သာရှိပြီး Inverter နည်းပညာကို အသုံးပြုထားလို့ မီးအားစားသက်သာစေပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့ R32 ဂတ်စ်ကို အသုံးပြုထားပါသည်။ အသံဆူညံမှုအဆင့် 52dB(A) သာရှိလို့ အိပ်ခန်းတွေမှာ တပ်ဆင်ဖို့ အထူးသင့်လျော်ပြီး အနှောင့်အယှက်ကင်းကင်း အိပ်စက်နိုင်ပါသည်။ IP24 ရေငွေ့နဲ့ စိုထိုင်းဆဒဏ် ခံနိုင်ရည်ရှိတဲ့အတွက် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး သက်တမ်းကြာရှည် အသုံးခံပါသည်။
Skyworth SMVC18B-4A1A3NA AirCon
Skyworth ကထုတ်ထားတဲ့ SMVC18B-4A1A3NA Split Type Aircon လေးသည် 2 Horse Power ရှိတဲ့အတွက် ကျယ်ဝန်းတဲ့ ဧည့်ခန်း ဒါမှမဟုတ် ရုံးခန်းများကို မိနစ်ပိုင်းအတွင်း အေးမြစေပါသည်။ အင်ဗာတာစနစ်ဖြစ်တဲ့အတွက် လျှပ်စစ်ဓာတ်အားကို သိသိသာသာ ချွေတာပေးပြီး ဆူညံသံကိုလည်း အနည်းဆုံးဖြစ်အောင် လျှော့ချပေးထားပါသည်။ Eco-Friendly R32 Refrigerant ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု့နည်းစေတဲ့အပြင် အအေးပေးစွမ်းရည်ကို ပိုမိုမြန်ဆန်စေပါသည်။ သပ်ရပ်လှပတဲ့ Panel Design နဲ့အတူ အပူချိန်ကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့ Digital Display ပါဝင်ပါသည်။ စိုထိုင်းဆဒဏ်ကို ခံနိုင်ရည်ရှိတဲ့ IP x 4 Moisture Protection ပါဝင်လို့ အကြမ်းခံပြီးရေရည်အသုံးခံပါသည်။
TCL TAC18CFD/MCI Floor Stand Aircon (2HP,R32,Non-Inverter)
TCL ကထုတ်ထားတဲ့ TAC18CFD/MCI Floor Stand Aircon လေးသည် မတည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပြသနာများအတွက် အကောင်းဆုံးဖြေရှင်းချက်ဖြစ်ပြီး မီးအားပြတ်တောက်သည့်အခါများတွင်ပင် ချော့မွေ့စွာအလုပ်လုပ်နိုင်ရန် အဆင့်(၃)ဆင့် (L1/L2/L3) ဖြင့် ဒီဇိုင်းပြုလုပ်ထားပါသည်။ အဲကွန်း အဖွင့်/အပိတ် အပူချိန်ပြောင်းတာတွေကို Remote အပြင် Mobile ဖုန်းနှင့်ပါ ထိန်းချုပ်မှု့များကို အလွယ်တကူလုပ်ဆောင်နိုင်ပါသည်။ Gentle Breeze ဆိုသည်မှာ သမာရိုးကျ အဲယားကွန်းတွေလို လေအေးကို ပြင်းပြင်းထန်ထန်တိုက်ရိုက်ထုတ်လွှတ်မပေးဘဲ လူကို တိုက်ရိုက်မထိတွေ့စေဘဲ သဘာဝလေပြေညင်းလေး တိုက်ခတ်နေသလို သက်တောင့်သက်သာရှိတဲ့ အေးမြမှု့ကို ခံစားရအောင် ဖန်တီးပေးတဲ့ နည်းပညာဖြစ်ပါသည်။ အခန်းတွင်း ပိုမိုအေးမြစေရန်အတွက် လေပေးစနစ်ကို ဘယ်ညာ အထက်အောက် လေပေးရေးစနစ်ပါဝင်သည့်အတွက် အခန်းတွင်းအေးမြမှု့ကို ပိုမိုရရှိစေပါသည်။
Samsung AR24TYHYBWKNXST Split Type Aircon (2.5HP, R32, Inverter)
Samsung ကနေထွက်ရှိထားတဲ့ AR24TYHYBWKNXST Split Type Aircon လေးကတော့မြင်းကောင်ရေ အား 2.5HP ပါဝင်ပြီး Cooling Capacity 12000 Btu/hr နဲ့မို့အခန်းတွင်းအပူချိန်ကို လျင်မြန်ထိရောက်စွာ လျော့ချပေးနိုင်မှာပဲဖြစ်ပါသည်။ AI စနစ်သည် အခန်းအပူချိန်၊ ပတ်ဝန်းကျင်၊ အသုံးပြုမှုအချက်အလက်များကို တွက်ချက်ပြီး လူမရှိသည့်အခါ WindFree mode သို့အလိုအလျောက်ပြောင်းသည့် Motion Detect Sensor ပါဝင်ပါသည်။ အခြား AI features များဖြင့် Cool mode နှင့် WindFree mode အကြား switch ချနိုင်သည်။ 127 V နှင့် 220 V နှင့်လည်းထိန်းညှိနိုင်သည့် Power Volt / Ampere Control+ နည်းပညာတို့ပါဝင်ပြီး Compressor ၏ output ကို 40% မှ 120% အထိ စွမ်းအင်သုံးစွဲခြင်းကိုထိန်းညှိနိုင်ပါသည်။
LG S3Q09WAPAL Split Type Aircon (1HP, R32, Inverter)
LG S3Q09WAPAL Split Type Aircon သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့အပြင် အအေးပေးစွမ်းရည် (Cooling Efficiency) ပိုကောင်းတဲ့ R32 Gas ကို အသုံးပြုထားပါတယ်။လေထဲမှာရှိတဲ့ ဖုန်မှုန့် အမှုန်အမွှားတွေကို ဖမ်းယူပေးနိုင်တဲ့ Filter ပါဝင်ပါတယ်။အခန်းကို ခဏချင်းအတွင်း အေးမြစေတဲ့ Jet Cool function ပါဝင်ပါတယ်။Cooling Capacity 9,000 BTU ပါဝင်ပြီး Split Type Aircon ဖြစ်ပါတယ်။
LG S3Q12JAPAL Split Type Aircon (1.5HP, R32, Inverter)
LG S3Q12JAPAL Split Type Aircon လေးသည် Capacity 1.5HP နဲ့ဖြစ်ပြီး အိပ်ခန်းကျယ်ကျယ် ဒါမှမဟုတ် ဧည့်ခန်း အလတ်စား (၁၅၀ မှ ၂၀၀ စတုရန်းပေ ပတ်ဝန်းကျင်) အတွက် အထူးသင့်လျော်ပါသည်။ Dual Inverter နည်းပညာကို အသုံးပြုထားတာကြောင့် စွမ်းအင်ချွေတာမှုမှာရော အအေးမြန်ဆန်မှုမှာပါ အလွန်ကောင်းမွန်ပါသည်။ Dual Inverter Compressor ဖြစ်တာမို့ သာမန် Inverter တွေထက် ပိုမိုမြန်ဆန်စွာ အေးမြစေပြီး လျှပ်စစ်မီးကို ၇၀% ထိ ချွေတာပေးနိုင်သလို ဆူညံသံကိုလည်း အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်ပါသည်။ R32 Refrigerant က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု့နည်းစေတဲ့အပြင် မီးအား အတက်အကျရှိတဲ့ နေရာတွေမှာ အဲကွန်းပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ Safe Voltage Range ပါဝင်ပါသည်။ Gold Fin™ Condenser နဲ့ပြုလုပ်ထားတာကြောင့် အပြင်ပိုင်းကွိုင်တွေကို သံချေးတက်ခြင်းနဲ့ တိုက်စားခြင်းများကနေ ကာကွယ်ပေးတာကြောင့် ရေရှည်အသုံးပြုရာတွင် အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။