Tecno Spark 40 Pro KM6
Tecno Spark 40 Pro KM6 ကတော့ မျက်နှာပြင် 6.78 လက်မ 1.5K (1224 x 2720 pixels) AMOLED Display ကိုသုံးထားပြီး 144Hz Refresh Rate ပါဝင်သဖြင့် မျက်နှာပြင် Scrolling နှင့် Gaming ပိုင်းတွင် အလွန်ချောမွေ့ပါသည်။ Corning Gorilla Glass 7i သုံးပေးထားပြီး IP64 Dust/Water Resistance (ရေစက်/ဖုန်ဒဏ်ခံနိုင်ရည်) ရရှိထားပါသည်။ Chipset ကတော့ MediaTek Helio G100 Ultimate (6nm) ဖြစ်ပြီး Android 15 အခြေခံ HIOS 15.1 လာပေးထားပါတယ်။Main Camera 50 MP နဲ့ Selfie Camera 13 MP ဖြစ်တာကြောင့်ဓာတ်ပုံရိုက်ရာမှာလည်းရုပ်ထွက်ကြည်လင်စေမှာဖြစ်ပါတယ်။ဘက်ထရီ 5200 mAh နဲ့ 45W Wired Fast Charging ဖြစ်တာကြောင့် ၅၅ မိနစ်အတွင်း ၁၀၀% ပြည့်နိုင်ပါသည်။
Samsung Galaxy Z Flip 8
Samsung Galaxy Z Flip 8 သည် Samsung ၏ နောက်ဆုံးပေါ် Foldable Smartphone များထဲမှ ဒီဇိုင်းလှပမှု၊ AI စွမ်းဆောင်ရည်နှင့် Camera အရည်အသွေးကို အကောင်းဆုံးပေါင်းစပ်ထားသော Premium Smartphone တစ်လုံးဖြစ်ပါသည်။ ယခင်ထက် ပိုမိုပါးလွှာပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသဖြင့် လက်ထဲတွင် ကိုင်တွယ်ရအဆင်ပြေပြီး အိတ်ကပ်ထဲတွင်လည်း အလွယ်တကူ ထည့်သွင်းသယ်ဆောင်နိုင်ပါသည်။ FlexHinge အသစ်ဖြင့် ချောမွေ့စွာ ဖွင့်ပိတ်နိုင်ပြီး ပိုမိုခိုင်ခံ့သော တည်ဆောက်ပုံကြောင့် နေ့စဉ်အသုံးပြုရာတွင် ယုံကြည်စိတ်ချရပါသည်။ 6.9-inch Dynamic AMOLED Display နှင့် 2520 × 1080 Resolution ကို အသုံးပြုထားသဖြင့် အရောင်အသွေးစိုပြေပြီး ကြည်လင်ပြတ်သားသော ရုပ်ပုံများကို ခံစားနိုင်ပါသည်။ 4300mAh Battery နှင့် Fast Charging Support ပါဝင်သောကြောင့် တစ်နေ့တာ အသုံးပြုရန် လုံလောက်သော Battery Life ကို ပေးစွမ်းပြီး USB Type-C ဖြင့် အားသွင်းနိုင်ပါသည်။ Samsung ၏ နောက်ဆုံးပေါ် Galaxy AI နှင့် One UI 9 ကို ထည့်သွင်းထားသဖြင့် Personalized AI Features၊ Smart Productivity Tools နှင့် FlexWindow Widget များကို အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
Samsung Galaxy Z Fold 8 Ultra
Samsung Galaxy Z Fold 8 Ultra သည် Samsung ၏ အမြင့်ဆုံး Foldable Flagship Smartphone ဖြစ်ပြီး 8.0-inch Dynamic LTPO AMOLED 2X Main Display နှင့် 6.5-inch Dynamic AMOLED 2X Cover Display ကို အသုံးပြုထားသည်။ Display နှစ်ခုစလုံးတွင် 1Hz မှ 120Hz Adaptive Refresh Rate နှင့် 3000 nits Peak Brightness ပါဝင်သောကြောင့် နေရောင်အောက်တွင်ပင် ကြည်လင်ပြတ်သားစွာ အသုံးပြုနိုင်သည်။ Snapdragon 8 Elite Gen 5 for Galaxy Chipset ကို အသုံးပြုထားပြီး 12GB/16GB RAM နှင့် 256GB, 512GB, 1TB Storage ရွေးချယ်နိုင်သဖြင့် Gaming၊ Multitasking၊ Video Editing နှင့် AI လုပ်ငန်းများကို အမြန်နှုန်းမြင့်စွာ လုပ်ဆောင်နိုင်သည်။ Camera ပိုင်းတွင် 200MP Main Sensor, 50MP Ultra-Wide Camera နှင့် 10MP Telephoto Camera ပါဝင်ပြီး Nightography, Super HDR, 8K Video Recording, AI Photo Editing နှင့် Galaxy AI နည်းပညာများကြောင့် အရည်အသွေးမြင့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်သည်။ 5000mAh Battery ကို အသုံးပြုထားပြီး 45W Fast Charging, Wireless Charging နှင့် Reverse Wireless Charging ကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် Android 17 အခြေခံ One UI 9 နှင့် Galaxy AI Features ဖြစ်သည့် Live Translate, Writing Assist, Note Assist, Circle to Search, Split Screen, Multi Window နှင့် Samsung DeX တို့ကို ထည့်သွင်းပေးထားသောကြောင့် ဖုန်းတစ်လုံးတည်းဖြင့် Laptop ကဲ့သို့ အလုပ်လုပ်နိုင်ပြီး Business User များ၊ Content Creator များနှင့် Multitasking ပြုလုပ်သူများအတွက် အကောင်းဆုံး Foldable Smartphone များထဲမှ တစ်လုံးဖြစ်သည်။
Samsung Galaxy Z Fold 8
Samsung Galaxy Z Fold 8 သည် 7.6-inch နဲ့ဖြစ်ပြီး Foldable Dynamic LTPO AMOLED 2X Display ကို အသုံးပြုထားတာကြောင့် 120Hz Refresh Rate၊ HDR10+၊ Peak Brightness 3000 nits နဲ့အလင်းထဲမှာတောင် အသေးစိတ်မြင်နိုင်တဲ့ display ကိုသုံးပေးထားပါသည်။ 1828 x 2448 pixels Resolution နဲ့မို့ ကြည်လင်တဲ့ရုပ်ထွက်ကိုရရှိစေပါသည်။ 50MP Main Camera နဲ့ 50MP Ultra-Wide Camera တို့ကို အသုံးပြုထားပြီး Dual Pixel PDAF၊ Multi-directional PDAF နဲ့ Optical Image Stabilization (OIS) ပါဝင်တာကြောင့် နေ့ဘက်၊ ညဘက်မရွေး အသေးစိတ်ကျတဲ့ Photo နဲ့ Professional Quality Video တွေ ရိုက်ကူးနိုင်ပါသည်။ စိတ်ကြိုက်သုံးနိုင်မယ့် Si/C Li-Ion 4800mAh ပါဝင်ပြီး 45W Fast Charging, 20W Wireless Charging နဲ့ 4.5W Reverse Wireless Charging တို့ကို Support ပေးထားပါသည်။
Vivo Y11d 4G
Vivo Y11d 4G ကတော့ 6.74 လက်မ HD+ (720 × 1600 Pixels) LCD မျက်နှာပြင် ပါဝင်ပြီး 120Hz Refresh Rate နှင့် 1200 Nits တောက်ပမှုအထိ ထောက်ပံ့ပေးထားတာကြောင့် နေရောင်အောက်မှာ ကြည့်ရှုရလွယ်ကူပါတယ်။ UNISOC T7225 (Tiger T612) Octa-core Processor ကို အသုံးပြုထားပြီး နေ့စဉ် သုံးစွဲမှုနှင့် Social Media အသုံးပြုမှုများအတွက် အဆင်ပြေပါတယ်။50 MP Main Camera + 0.08 MP Depth Sensor နဲ့ 5 MP Selfie Camera ကိုသုံးပေးထားပါတယ်။6500 mAh ပမာဏကြီးမားသည့် ဘက်ထရီပါဝင်ပြီး 44W FlashCharge စနစ် ပါဝင်တာကြောင့် အားသွန်းရမြန်ဆန်ပြီး ကြာရှည်အသုံးခံပါတယ်။Android 16 အခြေခံ OriginOS 6 (သို့မဟုတ် ဒေသအလိုက် Funtouch OS) ဖြင့် အသုံးပြုနိုင်ပါတယ်။ IP65 Dust & Water Resistance (ရေစို/ဖုန်ဒဏ် ခံနိုင်ရည်) ပါဝင်ပြီး Military-Grade / SGS 5-Star Drop Resistance ရရှိထားတာကြောင့် အပြုတ်အကျ ခံနိုင်ရည်မြင့်မားပါတယ်။
Hello A300 GSM 2 Sim Phone
Hello A300 Phone လေးကတော့ GSM Dual SIM + SD Card: SIM ကတ် ၂ ကတ်အပြင် SD Card ပါ တစ်ပြိုင်နက်တည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 2.4" display နဲ့ဖြစ်ပြီး မြန်မာစာနဲ့ အင်္ဂလိပ်စာ front, keyboard ပါဝင်လို့ စာရိုက်ရတာ လွယ်ကူအဆင်ပြေပါသည်။FM ရေဒီယို နားဆင်နိုင်ရုံတင်မကဘဲ အရေးကြီး ဖုန်းပြောဆိုမှုများကို Auto Call Record ဖမ်းထားနိုင်ပါသည်။
Infinix Hot 70 4g (4/128) Quiet Violet
Infinix Hot 70 4g (4/128) Quiet Violet သည် 6.78" IPS LCD Display ဖြင့် ကျယ်ဝန်းပြီး ကြည်လင်သောမြင်ကွင်းကိုပေးစွမ်းကာ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် နေ့စဉ်အသုံးပြုမှုများအတွက် အဆင်ပြေစေပါသည်။ MediaTek Helio G100 Ultimate (6nm) Processor ကို အသုံးပြုထားသောကြောင့် App များကို လျင်မြန်စွာဖွင့်နိုင်ပြီး Multitasking ကိုလည်း ချောမွေ့စွာ လုပ်ဆောင်နိုင်ပါသည်။ RAM 4GB / 6GB / 8GB ရွေးချယ်နိုင်ပြီး အသုံးပြုသူလိုအပ်ချက်အလိုက် စွမ်းဆောင်ရည်ကောင်းမွန်စွာ အသုံးပြုနိုင်ပါသည်။ 50MP Main Camera ဖြင့် ကြည်လင်ပြတ်သားသော ဓာတ်ပုံများ ရိုက်ကူးနိုင်ပြီး 6000mAh Battery ကြောင့် အားသွင်းခဏခဏမလိုဘဲ တစ်နေ့တာလုံး စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။
Poco C81 Pro 4G
Poco C81 Pro လေးကတော့ Screen Size 6.9inch ရှိပြီး 120Hz Refresh Rate ပါဝင်တာကြောင့် Video ကြည့်တာတွေမှာ ရုပ်ထွက်ကြည်လင်ပါသည်။ Brightness 650 nits အထိ ရရှိတဲ့အတွက် နေရောင်အောက်မှာလည်း Screen ကို အဆင်ပြေစွာ မြင်နိုင်ပါသည်။ 13 MP Main Camera နဲ့အတူ Front 8MP Camera ကလည်း Selfie နဲ့ Video Call တွေအတွက် လုံလောက်တဲ့ Quality ကို ပေးစွမ်းနိုင်ပါသည်။ 6000 mAh Battery ကိုထည့်သွင်းပေးထားပြီး 15W wired Charging နဲ့အားသွင်းနိုင်မှာဖြစ်ပါသည်။
Nokia 106 GSM 2 Sim Phone
Nokia 106 GSM 2 Sim Phone သည် ရိုးရှင်းလွယ်ကူသော အသုံးပြုမှုနှင့် ကြာရှည်ခံသော Battery အားဖြင့် နေ့စဉ်ဆက်သွယ်ရေးအတွက် အထူးသင့်တော်သော ဖုန်းတစ်လုံးဖြစ်ပါသည်။ Dual SIM Standby ကို ထောက်ပံ့ပေးထားပြီး MP3/MP4 ဖွင့်နိုင်ခြင်း၊ FM Radio၊ Bluetooth၊ LED Torch နှင့် Flash Light စသည့် အသုံးဝင်သော လုပ်ဆောင်ချက်များပါဝင်သဖြင့် အသက်အရွယ်မရွေး အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
Xiaomi 17T Pro 5G
Xiaomi 17T Pro 5G (12/512GB - Deep Violet) က Flagship အဆင့်မြင့် performance၊ Leica camera စနစ်နဲ့ ဘက်ထရီပမာဏ အမြောက်အမြား ပါဝင်လာတဲ့ Flagship Killer ဖုန်းဖြစ်ပါတယ်။6.83-inch 1.5K AMOLED Display 144Hz Refresh Rate နဲ့ Peak Brightness 3,500 nits အထိ ပါဝင်တာကြောင့် ရုပ်ထွက်ကြည်လင်ပြီး အပြင်ဘက်နေရောင်အောက်မှာပါ အဆင်ပြေပြေ ကြည့်ရှုနိုင်ပါတယ်။Aluminum Frame နဲ့ IP68 Water & Dust Resistance Rating ပါဝင်လို့ ရေနဲ့ ဖုန်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးထားပါတယ်။MediaTek Dimensity 9500 (3nm) Flagship Chipset ကို Android 16 ကို အခြေခံထားတဲ့ Xiaomi HyperOS 3 နဲ့လာပေးထားပါတယ်။7,000 mAh Silicon-carbon Battery ကတော့ သုံးစွဲမှုအပေါ်မူတည်ပြီး ၂ ရက်နီးပါးအထိ ခံနိုင်ရည်ရှိပါတယ်။00W Wired HyperCharge၊ 50W Wireless Fast Charging နဲ့ 22.5W Reverse Wired Charging စနစ်တွေ ပါဝင်ပါတယ်။
Xiaomi 17T 5G
Xiaomi 17T 5G (12/256GB - Black) က ဖုန်းရဲ့ Performance၊ Camera နဲ့ Battery ပိုင်းမှာ မြှင့်တင်ထားတဲ့ Flagship Killer တန်းဝင် ဖုန်းတစ်လုံးဖြစ်ပါတယ်။ Display 6.59-inch 1.5K AMOLED Screen နဲ့ 120Hz Refresh Rate support လုပ်ပြီး အရောင်အသွေး စိုပြည်ကြည်လင်ပါတယ်။MediaTek Dimensity 8500 Ultra Daily usage ရော High-graphics Gaming ပိုင်းမှာပါ သွက်သွက်လက်လက် ရှိစေပါတယ်။Operating System ကတော့ Android 16 ကို အခြေခံထားတဲ့ Xiaomi HyperOS 3 ကိုသုံးပေးထားပါတယ်။50 MP Main Camera OIS ပါဝင်လို့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ငြိမ်သက်စွာ ရိုက်ကူးနိုင်ပြီး Front Camera 32 MP Selfie Camera နဲ့လာပေးထားပါတယ်။Battery Capacity: 6,500 mAh Battery 67W Fast Charging ပါဝင်ပြီး IP68 Rating ပါဝင်လို့ ရေနဲ့ ဖုန်ဒဏ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးပါတယ်။
Nokia 105 GSM 2 Sim Phone
Noain 105 4G Keypad သည် မျက်နှာပြင် 1.77 inches ရှိပြီး 800mAH battery ဖြစ်တာကြောင့် အားကြာရှည်ခံစွာအသုံးပြုနိုင်ပါသည်။ GSM Sim card ၂ကဒ်အသုံးပြုလို့ရမှာ ဖြစ်ပါသည်။