Mini Fan Reset
Foomee YF21 Desktop Mini Fan
29,500 Ks

Foomee ကထုတ်လုပ်ထားတဲ့ YF21 Desktop Mini Fan လေးကတော့ Portable ဖြစ်ရုံမက ခုံအစွန်းတွေမှာပါ ညှပ်ထားပြီးသုံးလို့ရမယ့် mini fan လေးဖြစ်ပါသည်။ 360 degree လှည့်လို့ရနိုင်ပြီးတော့ စားပွဲပေါ်ပဲ ထောင်ထားထား အဆင်ပြေတဲ့ နေရာမှာပဲ ညှပ်ထားထား နေရာယူသက်သာစေပါသည်။ Fan Speed အနေနဲ့ (3)ဆင့်အထိပါမှာ ဖြစ်ပြီးတော့ Battery Capacity 1200mAh ပါတဲ့အတွက်ကြောင့် Powerbank, Laptop တွေနဲ့ပါ တွဲသုံးလို့ရတာမှာဆိုတော့ မီးခဏခဏ ပျက်တဲ့အချိန်တွေဆိုလဲ အဆင်ပြေပြေအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။

Joko JS-03 Mini Slim Table Clamp Fan
22,000 Ks

Joko JS-03 Mini Slim Table Clamp Fan လေးကတော့ စားပွဲတင်ပန်ကာလေးဖြစ်ပြီး ပန်ကာရဲ့ အရွယ်အစားက ခပ်သေးသေးပဲမို့ တနေရာနဲ့ တနေရာ သယ်ဆောင်ရလဲ လွယ်ကူစေမှာဖြစ်ပါသည်။ 360° Adjust လုပ်နိုင်တာမို့ လိုသလို Adjust လုပ်နိုင်မှာဖြစ်ပြီးတစ်နိုင်တစ်ပိုင်လေးနဲ့မို့တစ်ကိုယ်စာ အေးမြမှုအတွက် လုံလောက်စေပါသည်။ အရည်အသွေးမြင့် 1800mAh Built-in Battery ပါဝင်တာကြောင့် အားအပြည့်ရှိရင် 6 နာရီအထိ အသုံးခံမှာဆိုတော့ မီးပျက်နေလည်း အေးဆေးအသုံးပြုနိုင်မည့် fan လေးဖြစ်ပါသည်။

Remax RS-SF01 Transparent Handheld Fan
23,500 Ks

Remax ကထုတ်ထားတဲ့ RS-SF01 Transparent Handheld Fan လေးကတော့ Airflow ကိုပြောင်းဖို့ Level (3) မျိုးရှိပြီးတော့ Icy Engine နဲ့ဆိုတော့ ဖွင့်ထားရင်လည်းအသံဆူညံမှုတွေမရှိစေဘဲ အဆင်ပြေစေမှာပဲဖြစ်ပါသည်။ Battery Capacity 1200mAh ထည့်သွင်းပေးထားတာဆိုတော့ (2-3)နာရီလောက်သုံးလို့ရပြီး ဖောက်ပြီးမြင်နိုင်တဲ့ Design ကြောင့်ဆွဲဆောင်မှုရှိတဲ့အပြင် လက်တစ်ကိုင်စာသေးသေးလေးနဲ့ သွားလေရာယူသွားလို့ရပါသည်။

F18 Desktop Fan
16,000 Ks

F18 Desktop Fan ကတော့ လှပတဲ့ Design နဲ့ဖန်တီးပြုလုပ်ပေးထားပြီး အရွယ်အစားသေးသေးလေးနဲ့ တစ်နိုင်တစ်ပိုင်လေးနဲ့ တစ်ကိုယ်စာအေးမြမှု့အတွက် လုံလောက်စေပါသည်။

Mini Cooling Fan
30,000 Ks

Mini Cooling Fan လေးကတော့ လျှပ်စစ်မီး၊ Power bank 2မျိုးလုံးနဲ့ တွဲသုံးလို့ရတာကြောင့်အဆင်ပြေစေတဲ့ပစ္စည်းလေးဖြစ်ပါသည်။ အရွယ်အစားမသေးမကြီးလေးမို့ အပူဒဏ်လည်းအဆင်ပြေစေပြီး သယ်ဆောင်ရလည်းလွယ်ကူစေပါသည်။ Water tank လေးပါဝင်တာကြောင့် ရေငွေ့လေးတွေလဲထုတ်ပေးနိုင်ပြီး water capacity 600ml ထိထည့်သွင်းအသုံးပြုလို့ရပါသည်။ ‌ရေခဲလေးတွေထည့်ပြီး အသုံးပြုမယ်ဆိုရင်လည်း air con mode လေးကိုရရှိစေမှာပဲဖြစ်ပါသည်။ LED မီးလေးက အရောင်လေးတွေနဲ့ဖြစ်ပြီး USB Power Adapter နဲ့ တိုက်ရိုက်ချိတ်ပြီးသုံးနိုင်သလို မီးမလာဘဲပူအိုက်နေတဲ့ အချိန်တွေဆိုရင် Power Bank လေးနဲ့ Join ပြီးအသုံးပြုလို့ရပါသည်။

SS-2 Portable Mini Fan (N9)
8,500 Ks

SS-2 Portable Mini Fan ကတော့ Power 3-7V နဲ့ဖြစ်ပြီး Charging Input DC 5V-1A နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ အရွယ်အစားသေးငယ်ပြီး သယ်ဆောင်ရလွယ်ကူစေသော mini fan လေးဖြစ်ပါသည်။

Okiwa AC, DC mini Table Fan (7ACDC003WG)
41,000 Ks

Okiwa AC, DC mini Table Fan လေးကတော့ Blade 3 ခုတည်းနဲ့ ပန်ကာရဲ့အရွယ်အစားက ခပ်သေးသေးပဲမို့ တစ်နိုင်တစ်ပိုင်လေးနဲ့ တစ်ကိုယ်စာအေးမြမှုအတွက် လုံလောက်စေပါသည်။ အရည်အသွေးမြင့် 𝟐𝟒𝟎𝟎 𝐦𝐀𝐡 𝐋𝐢𝐭𝐡𝐢𝐮𝐦 𝐛𝐚𝐭𝐭𝐞𝐫𝐲 ပါဝင်တာကြောင့် အားအပြည့်သွင်းထားရင် ၄ နာရီအထိ အသုံးပြုလို့ရပြီး မီးပျက်နေလည်း အေးဆေးအသုံးပြုနိုင်ပါသည်။ အဆင့် ၂ဆင့် ချိန်လို့ရတဲ့ 𝐋𝐄𝐃 𝐞𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 မီးလေးတွေကလည်း ညဘက်မီးပျက်သွားရင် အလင်းရောင်ကောင်းကောင်းပေးနေမှာမို့ အဆင်ပြေစေမည့် table fan လေးဖြစ်ပါသည်။

inGco Two Way AC Fan Lithium ion fan P20s
89,000 Ks

inGco Two Way AC Fan Lithium ion fan P20s လေးကတော့ Quality ကောင်းတဲ့ inGco Brand က ထုတ်လုပ်ထားတဲ့ Fan လေးဖြစ်ပါသည်။ AC တိုက်ရိုက်သုံးလိုရတဲ့ အပြင်ဘတ္ထရီထည့်ပြီးလဲ အသုံးပြုနိုင်မှာဖြစ်ပါသည်။ လေအားကောင်းကောင်းနဲ့ လေပြင်းအား အဆင့် ၂ဆင့် ပါဝင်ပြီး ချိန်ညှိအသုံးပြုနိုင်မှာဖြစ်ပါသည်။စားပွဲတင် ပန်ကာလေးဖြစ်ပြီး အရွယ်အစားသေးသေးလေးနဲ့မို့ တနေရာနဲ့ တနေရာ သယ်ဆောင်ရလဲ လွယ်ကူစေပါသည်။ 360° Adjust လုပ်နိုင်တာမို့ လိုသလို Adjust လုပ်ပြီး အသုံးပြုနိုင်ပါသည်။

Konfulon FS-07 Twin-Head Rotatable Fan
32,000 Ks

Konfulon ကထုတ်ထားတဲ့ FS-07 Twin-Head Rotatable Fan လေးကတော့ Fan နှစ်လုံးတွဲပါဝင်တာမို့ အေးမြမှု့ကိုပိုမိုပေးစွမ်းနိုင်ပါသည်။ ကားပေါ်မှာ အသုံးပြုမယ်ဆိုရင်တော့ Car charger လေးရှိရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး power bank နဲ့လည်း တပ်ဆင်အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။