Samsung LS32FM803UEXXT Smart M8 32" (M80C/M8 series) သည် PC မလိုဘဲ Smart TV ကဲ့သို့ ရုပ်ရှင်ကြည့်နိုင်ပြီး အလုပ်လည်း လုပ်နိုင်သည့် Premium All-in-One Smart Monitor ဖြစ်ပါသည်။ 4K UHD Resolution နှင့် အတူ Slim Iconic Design၊ SlimFit Camera တို့ ပါဝင်သဖြင့် ရုံးလုပ်ငန်းနှင့် ဖျော်ဖြေရေး နှစ်မျိုးလုံးအတွက် သင့်တော်ပါသည်။Tizen OS ပါဝင်သောကြောင့် PC သို့မဟုတ် Laptop မချိတ်ဘဲ Wi-Fi နှင့် တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။Microsoft 365, Web Browser တို့ကို PC မလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်ပြီး မျက်နှာပြင်တစ်ခုတည်းတွင် မျက်နှာပြင် နှစ်ခုခွဲကြည့်နိုင်သည့် MultiView စနစ် ပါဝင်ပါသည်။အလွယ်တကူ တပ်/ဖြုတ် လုပ်နိုင်သော Magnetic SlimFit Camera ပါဝင်သဖြင့် Google Meet ကဲ့သို့ Video Call များကို တိုက်ရိုက် ပြုလုပ်နိုင်ပါသည်။USB-C ကြိုးတစ်လိုင်းတည်းဖြင့် Display Output ထုတ်နိုင်သလို Laptop ကိုပါ 65W power ဖြင့် Charging သွင်းပေးနိုင်ပါသည်။SmartThings စနစ်ပါဝင်သဖြင့် အိမ်ရှိ Smart Device များကို Monitor မှတစ်ဆင့် ထိန်းချုပ်နိုင်ပါသည်။
| Brand | Samsung |
| Model | LS32FM803UEXXT |
| Screen Size | 32 inch |
| Resolution | 4K (3,840 x 2,160) |
| Flat / Curved | Flat |
| Contrast ratio | 3,000:1(Static) |
| Aspect Ratio | 16:9 |
| Brightness | 300 cd/㎡ |
| Refresh Rate | 60Hz |
| Response Time | 4ms(GTG) |
| Interface | HDMI,USB Ports x2,USB C,Power |
| Charging Power | USB-C 65W |
| Warranty | 1Year |