Samsung ViewFinity S8 37" (LS37D800UAEXXT) သည် လုပ်ငန်းခွင်နှင့် Digital Creator များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံး ၃၇ လက်မ 4K UHD Monitor တစ်လုံးဖြစ်သည်။ ပုံမှန် ၃၂ လက်မ Monitor များနှင့်ယှဉ်လျှင် ၅ လက်မ ပိုမိုကျယ်ဝန်းသဖြင့် Scaling ချစရာမလိုဘဲ စာအရေးအသား၊ Video Editing နှင့် Multitasking လုပ်ဆောင်ချက်များကို ပိုမိုသက်တောင့်သက်သာ ပြုလုပ်နိုင်ပါသည်။USB-C ကြိုးတစ်ချောင်းတည်းဖြင့် Laptop မှ Display Output၊ Data Transfer နှင့် 90W Power Delivery (Charging) များကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါသည်။တပ်ဆင်ထားသော KVM Switch ကြောင့် Mouse နှင့် Keyboard တစ်စုံတည်းဖြင့် Device နှစ်ခုကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီး၊ Built-in LAN Port ပါဝင်သဖြင့် Laptop အတွက် အင်တာနက် ကြိုးလိုင်းပါ တိုက်ရိုက်ရရှိစေသည်။Screen Split၊ Picture-in-Picture (PIP) နှင့် Picture-by-Picture (PBP) စနစ်များ ပါဝင်၍ မတူညီသော Input နှစ်ခုကို မျက်နှာပြင်တစ်ခုတည်းတွင် တွဲဖက်ကြည့်ရှုနိုင်ပါသည်။TÜV Rheinland အသိအမှတ်ပြု Flicker-Free၊ Eye Saver Mode နှင့် ပတ်ဝန်းကျင်အလင်းအမှောင်ပေါ်မူတည်၍ Light & Color Temp ကို အလိုအလျောက် ညှိပေးသည့် Adaptive Picture စနစ် ပါဝင်ပါသည်။
| Brand | Samsung |
| Model | LS37D800UAEXXT |
| Screen Size | 37 inch |
| Resolution | 4K (3,840 x 2,160) |
| Flat / Curved | Flat |
| Contrast ratio | 3000:1(Typ) |
| Aspect Ratio | 16:9 |
| Brightness | 350cd/㎡ |
| Refresh Rate | 60Hz |
| Response Time | 5ms |
| Interface | HDMI ,USB ,Headphone |
| Charging Power | USB-C 90W |
| Warranty | 1Year |