Jisulfie Life 4 5000mAh Handheld Fan
isulife Life 4 ဟာ လက်ကိုင်ပန်ကာ (Handheld Fan) တွေထဲမှာ အရည်အသွေးကောင်းမွန်လို့ လူကြိုက်အများဆုံးမော်ဒယ်တွေထဲက တစ်ခု ဖြစ်ပါတယ်။သာမန်ပန်ကာတွေလို ၃ ဆင့်တင် မကဘဲ လေအရှိန်ကို အနိမ့်ကနေ အားကောင်းတဲ့ Turbo အထိ အဆင့် (၅) ဆင့်အထိ အသေးစိတ် ချိန်ညှိနိုင်ပါတယ်။ လေထွက်အား အလွန်ကောင်းမွန်ပြီး ပူပြင်းတဲ့ရာသီဥတုအတွက် အထူးသင့်လျော်ပါတယ်။ဘက်ထရီပမာဏ 5000mAh ပါဝင်တဲ့အတွက် အားအပြည့်သွင်းထားရင် အသုံးပြုတဲ့ လေအရှိန်အဆင့်ပေါ်မူတည်ပြီး နာရီပေါင်း ၃.၅ နာရီကနေ ၁၇.၅ နာရီအထိ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။Brushless Motor အကောင်းစားကို အသုံးပြုထားပြီး အမြင့်ဆုံး အမြန်နှုန်း 5500 RPM အထိ လည်ပတ်နိုင်စွမ်းရှိကာ လေအားကောင်းသလို အသံလည်း ငြိမ်ပါတယ်။
Remax RS-SF30 Foldable Semiconductor Handheld Fan
Remax RS-SF30 Foldable Semiconductor Handheld Fan ကတော့ အအေးခံပြား (Ice-feel cooling plate) ပါဝင်တာ ဖြစ်ပါတယ်။ ပန်ကာလည်ပတ်တဲ့ လေအေးအပြင် အအေးခံပြားကို မျက်နှာ၊ လည်ပင်း သို့မဟုတ် အသားအရေနဲ့ တိုက်ရိုက်ကပ်ပြီး အေးမြမှုကို ချက်ချင်း ခံစားနိုင်ပါတယ်။ လေအရှိန်ကို အဆင့်အများကြီး ဖြင့် မိမိနှစ်သက်ရာ လေအားကို တိတိကျကျ ချိန်ညှိနိုင်ပါတယ်။လက်ကိုင်ကို ၉၀ ဒီဂရီ သို့မဟုတ် ၁၈၀ ဒီဂရီ ခေါက်သိမ်းနိုင်တာကြောင့် လက်ထဲမှာ ကိုင်သုံးလို့ရသလို၊ စားပွဲပေါ်မှာ မတ်မတ်ထောင်ပြီး Desktop Fan အဖြစ်လည်း အလွယ်တကူ ပြောင်းလဲ သုံးနိုင်ပါတယ်။
T-316 Ultra Mini Pocket Fan
T-316 Ultra Mini Pocket Fan သည် အလွန် ပေါ့ပါးပြီး ကျစ်လစ်တဲ့အတွက် ဘောင်းဘီအိတ်၊ လက်ကိုင်အိတ် သို့မဟုတ် မိတ်ကပ်အိတ်ထဲမှာ အလွယ်တကူ ထည့်ပြီး သယ်ဆောင်သွားလို့ ရပါတယ်။ ပုံမှန်အားဖြင့် လေအရှိန်ကို အနိမ့်၊ အလယ်၊ အမြင့် ဆိုပြီး အဆင့်လိုက် (3-Speed adjustable) ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီပါပြီးသားဖြစ်လို့ USB ကြိုး (Type-C သို့မဟုတ် Micro USB) နဲ့ ဖုန်းအားသွင်းခေါင်း၊ Power Bank၊ ကွန်ပျူတာတို့မှာ ချိတ်ဆက်ပြီး အလွယ်တကူ အားသွင်းနိုင်ပါတယ်။
Vivo V80 Lite 5G
Vivo V80 Lite 5G လေးသည် Screen Size 6.83 inches ရှိပြီး OLED Display နှင့် 1.5K Resolution (1260 × 2800 pixels) တို့ပါဝင်ပြီး 120Hz Refresh Rate နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ MediaTek Dimensity 7300e (6nm) Chipset နှင့် Octa-core Processor တို့ကို အသုံးပြုထားသည့်အတွက် Multitasking ပြုလုပ်ခြင်း၊ Application များအသုံးပြုခြင်းနှင့် နေ့စဉ်ဖုန်းအသုံးပြုမှုများတွင် စွမ်းဆောင်ရည်ကောင်းမွန်စေသည်။ Main Camera 50MP Sony Sensor ပါဝင်ပြီး PDAF နည်းပညာ၊ LED Flash၊ HDR နှင့် Panorama Features များကို ထောက်ပံ့ပေးထားတဲ့အပြင် Front Camera 32MP ပါဝင်သဖြင့် Selfie ရိုက်ကူးခြင်း၊ Video Call ပြောဆိုခြင်းနှင့် Online Meeting များအတွက်လည်း အဆင်ပြေစေပါသည်။ 10000mAh Battery ပါဝင်ပြီး 44W Wired Fast Charging ကိုလည်း Support ပြုလုပ်ပေးထားသည်။ Reverse Wired Charging ပါဝင်တာကြောင့် အခြား Device များကိုလည်း အားသွင်းပေးနိုင်ပါသည်။
Jisulife Pro 1 Butterbear Basic Version 5000mAh Handheld Fan
Jisulife Pro 1 Butterbear Basic Version 5000mAh Handheld Fan သည် ချစ်စရာကောင်းသော Butter Bear Design လေးနှင့်အတူ အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်သည့် Premium Handheld Fan တစ်ခုဖြစ်ပါသည်။ ပေါ့ပါးကျစ်လျစ်သော ဒီဇိုင်းကြောင့် အိမ်တွင်ဖြစ်စေ၊ ရုံးခန်းတွင်ဖြစ်စေ၊ ခရီးသွားရာတွင်ဖြစ်စေ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော ABS Material ဖြင့် ပြုလုပ်ထားပြီး ခိုင်ခံ့မှုရှိပြီး သန့်ရှင်းရေးပြုလုပ်ရန်လည်း လွယ်ကူစေပါသည်။ အမြင့်ဆုံးလေတိုက်နှုန်း 9 m/s နှင့် Power Output 8.5W ပါဝင်သဖြင့် ပူအိုက်သောရာသီဥတုတွင်လည်း အေးမြလန်းဆန်းမှုကို ရရှိစေပါသည်။ LED Display ပါဝင်သောကြောင့် Battery Level နှင့် လေတိုက်နှုန်းအဆင့်များကို အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။
81 ETO-HG602/HG801 Power Cable
81 ETO-HG602/HG801 Power Cable သည် မီးဖိုချောင်သုံး လျှပ်စစ်ချက်ပြုတ်အိုးများအတွက် အထူးထုတ်လုပ်ထားပြီး တည်ငြိမ်ပြီး လုံခြုံစိတ်ချရသော လျှပ်စစ်ဓာတ်အားပေးနိုင်သည့် Power Cable ဖြစ်ပါသည်။ တစ်ဖက်တွင် သင့်လျော်သော 2-Pin AC Plug နှင့် တစ်ဖက်တွင် မီးဖိုချောင်သုံး အိုးများ၏ Power Socket တို့နှင့် လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ အရည်အသွေးမြင့် ပစ္စည်းများဖြင့် ထုတ်လုပ်ထားသောကြောင့် အပူချိန်မြင့်တက်မှုကို လျှော့ချပေးနိုင်ပြီး လုံခြုံစိတ်ချရသော Power Supply ကို ပံ့ပိုးပေးပါသည်။
Prato PRT-CF-300G Chest Freezer 300L (2'2.7"x3'7.4")
Prato PRT-CF-300G Chest Freezer 300L (2'2.7"x3'7.4") သည် အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ အစားအသောက်တွေကို အကြာကြီးလတ်ဆတ်စွာ သိုလှောင်သိမ်းဆည်းနိုင်ဖို့ ထုတ်လုပ်ပေးထားတဲ့ အရည်အသွေးမြင့် ရေခဲသေတ္တာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပမာဏအားဖြင့် (၃၀၀) လီတာ ဆံ့ဝင်တာကြောင့် အိမ်သုံးအတွက်သာမက ကုန်စုံဆိုင်၊ စတိုးဆိုင်နဲ့ စားသောက်ဆိုင်တွေမှာပါ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ အရွယ်အစား 2'2.7" x 3'7.4" ရှိပြီး နေရာစားသက်သာစေရန် ဒီဇိုင်းထုတ်ထားပါတယ်။ လျှပ်စစ်မီးသုံးစွဲမှုအပိုင်းမှာလည်း Standard Power Input (220V - 240V / 50Hz) နဲ့ အလုပ်လုပ်ဆောင်ပေးနိုင်တာကြောင့် ပုံမှန်အိမ်သုံး မီးလိုင်းတွေမှာ စိတ်ချလက်ချ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ အထဲမှာ အစားအသောက်တွေကို သပ်သပ်ရပ်ရပ် ခွဲခြားထည့်သွင်းနိုင်မယ့် Food Baskets တွေ ပါဝင်တဲ့အပြင် အအေးဓာတ်ကို ထိန်းသိမ်းပေးနိုင်စွမ်းကောင်းမွန်ပြီး ရေရှည်ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် Freezer ကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။
81 1500W60AH Power Station
81 1500W60AH Power Station သည် အိမ်သုံး၊ ရုံးသုံးနှင့် Solar Power System များတွင် လျှပ်စစ်စွမ်းအင်အသုံးပြုမှုအတွက် အထောက်အကူပြုပေးနိုင်သော Power Inverter အမျိုးအစားဖြစ်ပါသည်။ 1.5KW Power Rating ပါဝင်သောကြောင့် သတ်မှတ်ထားသည့် ဝန်အားအတွင်း လျှပ်စစ်ပစ္စည်းများကို အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ လျှပ်စစ်မီးအသုံးပြုရန် လိုအပ်သည့် နေရာများတွင် သင့်တော်သော Power System တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။ USB 5V/2A Output ပါဝင်သောကြောင့် USB ဖြင့် အားသွင်းအသုံးပြုနိုင်သည့် ပစ္စည်းများအတွက်လည်း အဆင်ပြေစေပါသည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် အခြားလိုအပ်သော လျှပ်စစ်ပစ္စည်းများကို အသုံးပြုရာတွင် လိုအပ်သည့် ဝန်အားနှင့် ကိုက်ညီမှုရှိစေရန် ရွေးချယ်နိုင်ပါသည်။ Solar Panel ချိတ်ဆက်အသုံးပြုနိုင်ရန် Photovoltaic Input Range 18V မှ 80V အထိ သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။
Remax RS-SF32 Digital Display Foldale Handheld Fan
Remax RS-SF32 ကတော့လေအားကောင်းပြီး 5 speed adjustment နဲ့စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပါသည်။ ABS Material ကိုအသုံးပြုပေးထားပြီး Battery 3600 mAh ပါဝင်ပါသည်။ Power 5W နဲ့ အေးမြတဲ့လေကို ပေးစွမ်းနိုင်တဲ့အပြင် အား 2.5h သွင်းထားရုံနဲ့ up to 20 hr အသုံးပြုလို့ရပါသည်။ အားဝင်မြန်ဆန်တဲ့ type-c port ကို အသုံးပြုပေးထားပါသည်။
THOME TH-WD80W078 Front Load Dryer 8kg (2000W)
Heating Power 1800W ပါဝင်သောကြောင့် မိုးရာသီ/ အဝတ်လှန်းရန် နေရာအခက်အခဲရှိသည့် အချိန်တွေမှာ အဝတ်အထည်များကို မြန်မြန်ဆန်ဆန်နှင့် ခြောက်သွေ့သန့်ရှင်းစေပါသည်။ 8Kg ဝင်ဆံ့တာဖြစ်လို့ အိပ်ယာခင်း ၊ စောင်းအပါးတွေကိုလည်းလျော်နိုင်ပါသည်။ Front Load Clothes Dryer Design ကို အသုံးပြုပေးထားပြီး Rated Power: 2000W ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါသည်။
Apple Mac mini 16/256GB M4
Apple Mac mini 16/256GB M4 သည် သေးငယ်ကျစ်လျစ်သော Design နှင့် စွမ်းဆောင်ရည်မြင့်မားသည့် Apple M4 Chip ကို ပေါင်းစပ်ထုတ်လုပ်ထားသော Desktop Computer တစ်လုံးဖြစ်သည်။ အရွယ်အစားအားဖြင့် 5 x 5 inches ခန့်သာရှိသဖြင့် အလုပ်စားပွဲပေါ်တွင် နေရာအနည်းငယ်သာယူပြီး ရုံးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာလုပ်ငန်းများနှင့် နေ့စဉ်အသုံးပြုမှုများအတွက် သင့်တော်သော Mini PC တစ်လုံးဖြစ်သည်။ ခေတ်မီပြီး ရိုးရှင်းသော Apple Design ကြောင့် Office၊ Home Office နှင့် Workspace များတွင် သပ်ရပ်စွာ အသုံးပြုနိုင်သည်။ Apple M4 Chip တွင် 10-Core CPU နှင့် 10-Core GPU တို့ ပါဝင်ပြီး Application များကို လျင်မြန်ချောမွေ့စွာ အသုံးပြုနိုင်ရန် စွမ်းဆောင်ပေးသည်။ 16GB Unified Memory ပါဝင်သောကြောင့် Application အများအပြားကို တစ်ပြိုင်နက်အသုံးပြုခြင်း၊ Multitasking လုပ်ဆောင်ခြင်း၊ Microsoft 365 နှင့် Adobe Creative Cloud ကဲ့သို့သော Software များကို အသုံးပြုခြင်းတို့အတွက် အထောက်အကူပြုပါသည်။
Hakk Air Perfect Perfect Supporter Fan
Hakk ကထုတ်လုပ်ထားတဲ့ Air Perfect Perfect Supporter Fan လေးသည် လေတိုက်အားကောင်းမွန်ပြီး အအေးခံစနစ်ကို ပေါင်းစပ်ထားသော ခေတ်မီ Portable Fan တစ်မျိုးဖြစ်ပါသည်။ 4000mAh Battery Capacity ပါဝင်ပြီး လေတိုက်နှုန်းကို အဆင့် ၅ ဆင့်ဖြင့် ချိန်ညှိအသုံးပြုနိုင်သည့်အပြင် Stepless Wind Speed စနစ်ဖြင့်လည်း လိုအပ်သလို လေတိုက်အားကို ချိန်ညှိနိုင်သည်။ Fan Power 4W နှင့် Cooling Power 3W ပါဝင်ပြီး ပူပြင်းသောရာသီဥတုတွင် အေးမြမှုကို ရရှိစေပါသည်။ အားအပြည့်သွင်းရန် ၃.၅ နာရီခန့် လိုအပ်ပြီး အသုံးပြုမှုပေါ်မူတည်၍ ၃ နာရီမှ ၁၇ နာရီအထိ အသုံးပြုနိုင်သည်။ အလေးချိန် 225g သာရှိပြီး ကျစ်လျစ်ပေါ့ပါးသောဒီဇိုင်းကြောင့် ရုံး၊ ကျောင်း၊ ခရီးသွားချိန်နှင့် နေ့စဉ်အသုံးပြုမှုများအတွက် အဆင်ပြေစေမည့် mini fan လေးဖြစ်ပါသည်။
Prato PRT-WM-TL10G Top Load Washing Machine (10kg)
Prato PRT-WM-TL10G Top Load Washing Machine သည် နေ့စဉ်အဝတ်လျှော်ဖွပ်မှုများကို ပိုမိုလွယ်ကူအဆင်ပြေစေရန် ဒီဇိုင်းထုတ်လုပ်ထားသော 10KG Capacity ပါဝင်သည့် Fully Automatic Washing Machine တစ်လုံးဖြစ်ပါသည်။ အဝတ်လျှော်ခြင်းနှင့် ရေညှစ်ခြင်းလုပ်ငန်းစဉ်များကို အလိုအလျောက် ဆောင်ရွက်ပေးနိုင်သည့်အတွက် အချိန်ကုန်သက်သာစေပြီး လူအားစိုက်ထုတ်ရမှုကိုလည်း လျှော့ချပေးနိုင်ပါသည်။ Fully Automatic System ပါဝင်ခြင်းကြောင့် အဝတ်လျှော်ဖွပ်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီး နေ့စဉ်အိမ်မှုကိစ္စများအတွက် အသုံးဝင်သော Home Appliance တစ်ခုဖြစ်ပါသည်။ IPX4 Water Resistance Rating ပါဝင်သောကြောင့် ရေစင်မှုဒဏ်ကို သတ်မှတ်ထားသော အတိုင်းအတာအထိ ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။ PRATO PRT-WM-TL10G Fully Automatic Washing Machine သည် 10KG Capacity၊ 550W Rated Power Input နှင့် Fully Automatic Washing System တို့ကို ပေါင်းစပ်ထားသောကြောင့် အဝတ်လျှော်ဖွပ်ရာတွင် အချိန်နှင့် လုပ်အားသက်သာမှုကို ဦးစားပေးလိုသည့် မိသားစုများအတွက် သင့်တော်သော Washing Machine တစ်လုံးဖြစ်ပါသည်။
Samsonic SAM-T17 AC/DC Aircooler (17L,45W)
Capacity 17L ဝင်ဆံ့ပြီး AC/DC အသုံးပြုဖို့တွက် Aircooler လေးလိုချင်တာဆို Samsonic ကထွက်ရှိထားတဲ့ SAM-T17 လေး ရှိပါတယ်။ Remote Control နဲ့မလို့ အလွယ်တကူ ထိန်းချုပ်လို့ရတဲ့အပြင် ရေကုန်ရင် အလိုအလျောက် Pump ပိတ်ပေးတဲ့ စနစ်ပါဝင်ပါသည်။ နေရာအများကြီး မယူဘဲ ကျဉ်းကျဉ်းနဲ့ သပ်ရပ်လှပတဲ့ Tower Air Cooler ပုံစံဖြစ်ပါသည်။
MSI Cyborg 15 A13VE-2444MM (i7,13620H,16GB,512GB SSD,RTX4050 6GB,Win11,15.6",Black)Laptop Computer
MSI Cyborg 15 A13VE-2444MM လေးသည် Intel® Core™ i7-13620H processor ကိုအသုံးပြုပေးထားပြီး Screen Size 15.6" အရွယ်အစားကြောင့် ကျယ်ပြန့်စွာအသုံးပြုနိုင်ပါသည်။ Memory 16GB နဲ့အညီ လိုက်ဖက်ညီသော Storge 512GB ကိုထည့်သွင်းပေးပါသည်။ RTX™ 4050 Graphics ပါဝင်တာကြောင့် Performance မြင့်မြင့်သုံးချင်သူများအတွက် လျင်မြန်သွက်လက်စွာ လုပ်ငန်းများကိုလုပ်ဆောင်နိုင်ပါသည်။
THOME TH-FS18E38DC AC/DC Rechargeable Stand Fan
TH-FS18E38DC လေးဟာဆိုရင် အရွယ်အစား 18inches ရှိပြီး AC/DC ရတာဖြစ်လို့ မီးလာချိန်မှာကော မီးပျက်ချိန်မှာပါ အသုံးပြုလို့ရမယ့် Stand Fan ဖြစ်ပါသည်။ Battery 7800mAh ပါဝင်ပြီး Lithium Battery ကို အသုံးပြုပေးထားပါသည်။ အား ၄-၆ နာရီသွင်းထားရုံနဲ့ လေအားအလိုက် 5-16Hours အထိ ပြန်လည်း အသုံးခံပါသည်။ လေအား Speed 4ဆင့်ပါဝင်တာဖြစ်လို့ စိတ်ကြိုက် ရွေးချယ် အသုံးပြုလို့ရပါသည်။ မီးပျက်ချိန်တွင် အသုံးပြုနိုင်သည့် Emergency LED မီးသီး သီးသန့် ပါဝင်ပါသည်။
THOME TH-FT16E98DC AC/DC 16" Rechargeable Table Fan
THOME TH-FT16E98DC AC/DC 16" Rechargeable Table Fan လေးကတော့မီးလာချိန်မှာရော မီးပျက်ချိန်မှာပါ အဆင်ပြေပြေ သုံးလို့ရတဲ့ Dual Power မော်ဒယ်ဖြစ်ပြီး 15W DC Motor စွမ်းအားကြောင့် လေအားကောင်းသလို မီးလည်း အလွန်စားသက်သာပါတယ်။ 7.4V ပါဝါရှိတဲ့ ဘက်ထရီနဲ့ မီးပျက်ရင် 6 နာရီကနေ 10 နာရီအထိ ဆက်တိုက်သုံးနိုင်တဲ့အပြင် အရေးပေါ် LED မီးလည်း ပါဝင်တာကြောင့် မီးမမှန်တဲ့အချိန်တွေမှာ စားပွဲတင်သုံးဖို့ အထူးသင့်လျော်ပါတယ်။
Electro King EK887 3 in 1 Manual Air Fryer (6L)
Air Fryer, Barbecue နဲ့ Oven သုံးမျိုးစလုံးအသုံးပြုလို့ရမယ့် 3 in 1 EK887 Air Fryer လေးဟာဆိုရင် Capacity 6L ထိ ဝင်ဆံ့ပြီး မိသားစု ၅-၆ ယောက်စာအတွက် လုံလုံလောက်လောက် အသုံးပြုနိုင်ပါသည်။ Power Watt 2100 W နဲ့ဖြစ်ပြီး လေးအား အဆင့် ၃ ဆင့်နဲ့စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ပါသည်။ Digital စနစ်နဲ့ဖြစ်ပြီး အပူပေးစနစ် ၂ မျိုး / ပေါင်းငွေ့စနစ် များပါဝင်ပါသည်။