Poco C85 8/256GB Black (NW)
Poco C85 သည် 6.9-inch HD+ (1600 x 720) IPS LCD အမျိုးအစားဖြစ်ပြီး 120Hz Refresh Rate ပါဝင်လို့ အသုံးပြုရတာ အလွန်ချောမွေ့ပါတယ်။ မျက်နှာပြင် အရွယ်အစားက တော်တော်လေး ကြီးမားတဲ့အတွက် ဗီဒီယိုကြည့်တာနဲ့ ဂိမ်းကစားတာတွေအတွက် အားသာချက်ဖြစ်ပါတယ်။MediaTek Dimensity 6300 (6nm) Chipset ကို အသုံးပြုထားပါတယ်။ MicroSD Card နဲ့ 1TB အထိ ထပ်တိုးနိုင်ပါသေးတယ်။Android 15 ကို အခြေခံထားတဲ့ HyperOS 2 နဲ့ ထွက်ရှိလာပါတယ်။50MP AI Dual Camera စနစ်ဖြစ်ပြီး နေ့ဘက်ဓာတ်ပုံတွေမှာ အသေးစိတ် ကြည်လင်မှုရှိပါတယ်။8MP Front Camera ပါဝင်ပါတယ်။6,000 mAh Battery အကြီးစား ပါဝင်တာကြောင့် ပုံမှန်အသုံးပြုရင် (၂) ရက်လောက်အထိ အေးဆေးခံပါတယ်။33W Fast Charging ကို ထောက်ပံ့ပေးထားပြီး 10W Reverse Wired Charging (အခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်တဲ့စနစ်) လည်း ပါဝင်ပါတယ်။
Tecno Spark Go 3 KN3
Tecno Spark Go 3 KN3 6.6-လက်မ အရွယ်အစားရှိ HD+ LCD မျက်နှာပြင် ပါဝင်သည်။90Hz ပါဝင်သည့်အတွက် အသုံးပြုရသည်မှာ ချောမွေ့မှုရှိစေပါသည်။Unisoc T606 (12nm) Chipset ကို အသုံးပြုထားသည်။Android 13 (Go Edition) ကို အခြေခံထားသည့် HiOS 13 ကို အသုံးပြုထားသဖြင့် ဖုန်းလေးလံခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ပါသည်။13MP (Main) + AI Lens နှစ်လုံးပါဝင်ပြီး Dual-LED Flash ပါရှိသည်။8MP Selfie ကင်မရာ ပါဝင်ပြီး အမှောင်ထဲတွင် ဓာတ်ပုံရိုက်ရန်အတွက် အရှေ့ဘက်တွင်လည်း Flash မီး ပါဝင်သည်။5000 mAh ဘက်ထရီ ပါဝင်သည့်အတွက် တစ်နေ့တာလုံး အေးဆေးအသုံးပြုနိုင်ပါသည်။10W Charging ကို အသုံးပြုထားပြီး Type-C Port ဖြစ်ပါသည်။TS စနစ်ပါဝင်သော Dual Stereo Speakers ပါဝင်သည့်အတွက် အသံကျယ်ကျယ်နှင့် ကြည်ကြည်လင်လင် နားဆင်နိုင်ပါသည်။
Huawei Mate X7
Huawei Mate X7 က အရင်ထွက်ခဲ့တဲ့ X5 ထက် ပိုမိုပါးလွှာပြီး ပေါ့ပါးလာပါတယ်။မျက်နှာပြင်က ပိုမိုတောင့်တင်းတဲ့ LTPO OLED ကို သုံးထားပြီး high refresh rate ပါဝင်တာကြောင့် အသုံးပြုရတာ အရမ်းချောမွေ့ပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် Kunlun Glass ကို အသုံးပြုထားလို့ ဖုန်းပြုတ်ကျတဲ့အခါ ဒါမှမဟုတ် screen ထိခိုက်မှုတွေမှာ အရင်ကထက် ပိုခံနိုင်ရည်ရှိလာပါတယ်။Huawei ရဲ့ ကိုယ်ပိုင် Kirin 9000-series (သို့မဟုတ် ပိုမိုမြင့်မားတဲ့ version) ကို အသုံးပြုထားပြီး 5G စနစ်ကို အပြည့်အဝ ထောက်ပံ့ပေးထားပါတယ်။Android မဟုတ်ဘဲ HarmonyOS Next နဲ့ လာတာပါ။အဝေးကြည့်မှန်ဘီလူးက ပိုမိုကောင်းမွန်လာပြီး အလင်းနည်းတဲ့အချိန်မှာတောင် zoom ဆွဲပြီး ရိုက်ရင် ပုံရိပ်တွေက ကြည်လင်နေဆဲပါပဲ။5600 mAh ဘက်ထရီပါဝင်ပြီး Supports 50 W Huawei Wireless SuperCharge, supports 7.5 W wireless reverse charging နဲ့လာပေးထားပါတယ်။
Meizu Lucky 08
Meizu Lucky 08 သည် သန့်ရှင်းပြီး ပရီမီယံဆန်တဲ့ ဒီဇိုင်းကြောင့် လူကြိုက်များပါတယ်။ ဒီဖုန်းဟာ AI Features တွေနဲ့ ဘက်စုံသုံးနိုင်တဲ့ Mid-range ဖုန်းတစ်လုံးဖြစ်ပါတယ်။6.78-inch LTPO AMOLED မျက်နှာပြင်ဖြစ်ပြီး Refresh Rate 144Hz အထိ ထောက်ပံ့ပေးပါတယ်။ Brightness က Peak 5000 nits အထိ ရှိတာကြောင့် နေရောင်အောက်မှာ ကြည့်ရတာ အရမ်းကို ကြည်လင်ပါတယ်။Qualcomm Snapdragon 7s Gen 2 (4nm) Chipset ကို အသုံးပြုထားပါတယ်။ 12GB RAM နဲ့ 512GB Storage ပါဝင်တာကြောင့် Multitasking နဲ့ ဂိမ်းဆော့ဖို့အတွက် အဆင်ပြေရုံတင်မကဘဲ ဖိုင်တွေ အများကြီး သိမ်းဆည်းနိုင်ပါတယ်။နောက်ဘက်တွင် 108MP (Main) ကင်မရာ ပါဝင်ပြီး အရှေ့ဘက်တွင် 8MP Selfie ကင်မရာ ပါရှိပါတယ်။6000mAh Battery ကြီး ပါဝင်ပြီး 45W Fast Charging နဲ့ အားသွင်းနိုင်ပါတယ်။
Oppo Reno 15 5G
Oppo Reno 15 5G လေးကတော့ Screen Size 6.59 inches ရှိပြီး AMOLED Display ကိုအသုံးပြုပေးထားပါသည်။ 120Hz Refresh Rate ဖြစ်တဲ့အတွက် ဗီဒီယိုကြည့်တာနဲ့ ဂိမ်းကစားတဲ့အခါမှာ ချောမွေ့ပြီး Resolution 1256 x 2760 pixels ဖြစ်တာကြောင့် ရုပ်ထွက်ကြည်လင်ပါသည်။ Qualcomm SM7750-AB Snapdragon 7 Gen 4 (4 nm) ကို အသုံးပြုပေးထားပါသည်။ ရှေ့ကင်မရာ (Selfie) 50 MP (Ultra Wide) ဖြစ်လို့ သူငယ်ချင်းတွေနဲ့ စုရိုက်တဲ့အခါမှာ ပိုမိုကျယ်ဝန်းတဲ့ မြင်ကွင်းကို ရရှိမှာဖြစ်ပါတယ်။ 6500 mAh အထိ ပါဝင်လာတာကြောင့် တစ်ခါအားသွင်းထားရင် ၂ ရက်လောက်အထိ အေးဆေးသုံးနိုင်ပြီး 80W wired ပါဝင်လို့ အားသွင်းရာတွင်လည်း မြန်ဆန်စေပါသည်။
Meizu Note 22
Meizu Note 22 လေးသည် Screen Size 6.78 inches ရှိပြီး AMOLED Display ကိုအသုံးပြုပေးထားပါသည်။ Resolution 1080 x 2436 pixels နဲ့မို့ ကြည်လင်ပြတ်သားသော ပုံရိပ်များကိုခံစားကြည့်ရှု့နိုင်ပါသည်။ Main camera 108 MP ဖြစ်ပြီး selfie camera 32MP ဖြစ်ပါသည်။ Battery Li-Po 5000 mAh ဖြစ်ပြီးတော့ charging 40W wired ပါဝင်တာကြောင့်အားသွင်းရာမှာလည်းမြန်ဆန်စေမှာ ဖြစ်ပါသည်။
Poco C85
Poco C85 သည် 6.9-inch HD+ (1600 x 720) IPS LCD အမျိုးအစားဖြစ်ပြီး 120Hz Refresh Rate ပါဝင်လို့ အသုံးပြုရတာ အလွန်ချောမွေ့ပါတယ်။ မျက်နှာပြင် အရွယ်အစားက တော်တော်လေး ကြီးမားတဲ့အတွက် ဗီဒီယိုကြည့်တာနဲ့ ဂိမ်းကစားတာတွေအတွက် အားသာချက်ဖြစ်ပါတယ်။MediaTek Dimensity 6300 (6nm) Chipset ကို အသုံးပြုထားပါတယ်။ MicroSD Card နဲ့ 1TB အထိ ထပ်တိုးနိုင်ပါသေးတယ်။Android 15 ကို အခြေခံထားတဲ့ HyperOS 2 နဲ့ ထွက်ရှိလာပါတယ်။50MP AI Dual Camera စနစ်ဖြစ်ပြီး နေ့ဘက်ဓာတ်ပုံတွေမှာ အသေးစိတ် ကြည်လင်မှုရှိပါတယ်။8MP Front Camera ပါဝင်ပါတယ်။6,000 mAh Battery အကြီးစား ပါဝင်တာကြောင့် ပုံမှန်အသုံးပြုရင် (၂) ရက်လောက်အထိ အေးဆေးခံပါတယ်။33W Fast Charging ကို ထောက်ပံ့ပေးထားပြီး 10W Reverse Wired Charging (အခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်တဲ့စနစ်) လည်း ပါဝင်ပါတယ်။
Huawei Nova 14i
Huawei Nova 14i သည် 6.95-inch OLED Screen ဖြစ်ပြီး 90Hz Refresh Rate ပါဝင်ပါတယ်။Qualcomm Snapdragon 680 4G (6 nm) Chipset ကို အသုံးပြုထားပါတယ်။ ဒါဟာ အရင် Model တွေထက် App တွေဖွင့်တာ၊ Game ဆော့တာတွေမှာ ပိုမိုမြန်ဆန်လာစေပါတယ်။Main Camera 50MP Auxiliary lens ပါဝင်တာကြောင့် ပုံရိပ်တွေကိုကြည်လင်ပြတ်သားစွာဖမ်းယူနိုင်ပါတယ်။Selfie Camera 8MP High-Res ရှေ့ကင်မရာကတော့ Nova Series ထုံးစံအတိုင်း Skin Tone လှလှလေးတွေနဲ့ Portrait ရိုက်ဖို့ အထူးကောင်းမွန်ပါတယ်။Li-Po 7000 mAh Battery ပါဝင်ပြီး 22.5W wired စနစ်ဖြင့် အားသွင်းမြန်ဆန်စေပါတယ်။
Oppo Reno 15F 5G
Oppo Reno 15F 5G သည် မျက်နှာပြင် 6.57-လက်မ FHD+ AMOLED (120Hz Refresh Rate) ဖြစ်တဲ့အတွက် ဗီဒီယိုကြည့်တာနဲ့ ဂိမ်းကစားတဲ့အခါမှာ ရုပ်ထွက်အလွန်ချောမွေ့ပါတယ်။IP68/IP69 rating ပါဝင်လို့ ရေစိုခံ၊ ဖုန်စိုခံရုံတင်မကဘဲ အပူချိန်မြင့်မားတဲ့ ရေဖိအားဒဏ်ကိုပါ ခံနိုင်ရည်ရှိပါတယ်။ AGC Dragontrail-Star D+ Glass နဲ့ အကာအကွယ်ပေးထားပါတယ်။Qualcomm Snapdragon 6 Gen 1 (4 nm) ကို အသုံးပြုထားပါတယ်။Android 16 အပေါ်အခြေခံထားတဲ့ ColorOS 16 ပါဝင်ပြီး AI စနစ်များစွာ ပါဝင်လာပါတယ်။အနောက်ကင်မရာ 50 MP (Main) - OIS ပါဝင်လို့ ဓာတ်ပုံရိုက်ရင် မတုန်ဘဲ ကြည်လင်ပါတယ်။ရှေ့ကင်မရာ (Selfie) 50 MP (Ultra Wide) ဖြစ်လို့ သူငယ်ချင်းတွေနဲ့ စုရိုက်တဲ့အခါမှာ ပိုမိုကျယ်ဝန်းတဲ့ မြင်ကွင်းကို ရရှိမှာဖြစ်ပါတယ်။7000 mAh အထိ ပါဝင်လာတာကြောင့် တစ်ခါအားသွင်းထားရင် ၂ ရက်လောက်အထိ အေးဆေးသုံးနိုင်ပါတယ်။80W SUPERVOOC Flash Charge ပါဝင်လို့ အားသွင်းရတာ အရမ်းမြန်ပါတယ်
Tecno Phantom V Flip 2 5G
Tecno Phantom V Flip 2 5G သည် မျက်နှာပြင် ၆.၉ လက်မ LTPO AMOLED 120Hz Refresh Rate အမျိုးအစားဖြစ်လို့ အရောင်အသွေး စိုပြည်ပြီး အသုံးပြုရတာ အလွန်ချောမွေ့ပါတယ်။MediaTek Dimensity 8020 (6nm) ကို အသုံးပြုထားလို့ ဂိမ်းကစားတာနဲ့ နေ့စဉ်အသုံးပြုမှုတွေမှာ သွက်လက်မြန်ဆန်ပါတယ်။Android 14 ကို အခြေခံထားတဲ့ HiOS 14 နဲ့ လည်ပတ်ပါတယ်။50MP (Main) + 50MP (Ultra-wide) Dual Camera Setup ပါဝင်ပါတယ်။ 50MP ပင်မကင်မရာမှာ OIS စနစ်ပါဝင်လို့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်တဲ့အခါ ငြိမ်သက်မှုရှိစေပါတယ်။32MP ပါဝင်ပြီး Auto Focus စနစ်ပါဝင်တဲ့အတွက် Selfie ဆွဲရာမှာ ပိုမိုကြည်လင်ပါတယ်။4,720 mAh ဖြစ်ပြီး Flip ဖုန်းတွေထဲမှာ ဘက်ထရီပမာဏ များပြားတဲ့အထဲမှာ ပါပါတယ်။70W Ultra Charge စနစ်ကြောင့် ၁၅ မိနစ်အတွင်း ၅၀% အထိ အားသွင်းပေးနိုင်ပြီး ၄၅ မိနစ်အတွင်း အားအပြည့် သွင်းနိုင်ပါတယ်။
Infinix Hot 60 Pro Plus
Infinix Hot 60 Pro Plus သည် 6.78 လက်မရှိသော LTPS AMOLED မျက်နှာပြင်ဖြစ်ပြီး 144Hz Refresh Rate ပါဝင်ပါသည်။ Peak Brightness 4500 nits အထိ ရှိသောကြောင့် နေရောင်အောက်တွင် အလွန်ကြည်လင်ပါသည်။ Corning Gorilla Glass 7i ဖြင့် ကာကွယ်ထားပါသည်။MediaTek Helio G200 (6nm) Chipset ကို အသုံးပြုထားပါသည်။ ၎င်းသည် 4G Chipset ဖြစ်သော်လည်း ဂိမ်းကစားခြင်းနှင့် ပုံမှန်အသုံးပြုမှုများအတွက် စွမ်းဆောင်ရည် ကောင်းမွန်ပါသည်။အနောက်ဘက်တွင် 50MP Main Camera (Sony IMX 882 Sensor) ပါဝင်ပြီး အရှေ့ဘက်တွင် 13MP Selfie Camera ပါဝင်ပါသည်။ 2K Video များ ရိုက်ကူးနိုင်ပါသည်။5160mAh ဘက်ထရီ ပါဝင်ပြီး 45W Fast Charging ဖြင့် အားသွင်းနိုင်ပါသည်။IP65 Rating ရှိသည့်အတွက် ဖုန်နှင့် ရေစိုဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိသည့်အပြင် 1.5m အမြင့်မှ အကျဒဏ်ကိုလည်း ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါသည်။
Realme Note 70
Realme Note 70 သည် 6.74 လက်မရှိတဲ့ HD+ IPS LCD မျက်နှာပြင်ဖြစ်ပြီး 90Hz Refresh Rate ပါဝင်တဲ့အတွက် အသုံးပြုရတာ ချောမွေ့ပါတယ်။Unisoc T7250 Chipset ကို အသုံးပြုထားပါတယ်။အားသာချက်တစ်ခုဖြစ်တဲ့ 6300mAh ဘက်ထရီ အကြီးစား ပါဝင်ပြီး 15W Charging နဲ့ အားသွင်းနိုင်ပါတယ်။အနောက်ဘက်မှာ 13MP Main Camera ပါဝင်ပြီး၊ အရှေ့ဘက် Selfie အတွက် 5MP ပါဝင်ပါတယ်။Android 15 ကို အခြေခံထားတဲ့ realme UI နဲ့ လာပါတယ်။Military-Grade Shock Resistance ပါဝင်တဲ့အတွက် အကျဒဏ်ကို ကောင်းကောင်းခံနိုင်ပါတယ်။