Samsung ကထုတ်လုပ်ထားတဲ့ MS23K3513AWIST လေးသည် 23Liter ဝင်ဆံ့ပြီး Power 800Wနဲ့အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ ဟင်းနွှေခြင်း၊ ခဲပတ်ပျော်ခြင်းတို့အတွက် အဓိကသုံးတဲ့ Solo (ရိုးရိုး) မိုက်ခရိုဝေ့ဖ် အမျိုးအစားဖြစ်ပါတယ်။ ခလုတ်ပိုင်းကို ရိုးရိုးလှည့်ခလုတ်မဟုတ်ဘဲ Touch (Tact) ခလုတ်စနစ်နဲ့ သုံးထားပါတယ်။မိုက်ခရိုဝေ့ဖ်ရဲ့ အတွင်းသားကို ကြွေရည်သုတ် (Ceramic Enamel) နဲ့ ပြုလုပ်ထားလို့ ခြစ်ရာထင်လွယ်ခြင်း၊ သံချေးတက်ခြင်းတို့မှ ကာကွယ်ပေးပြီး အဆီပြန်တာတွေကို အလွယ်တကူ သုတ်ရုံနဲ့ ပြောင်စင်စေပါတယ်။ ဘက်တီးရီးယား 99.9% အထိ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။အသား၊ ငါး၊ ဟင်းသီးဟင်းရွက် အစရှိတဲ့ အေးခဲနေတဲ့ အစားအစာ ၅ မျိုးအတွက် အချိန်နဲ့ အပူချိန်ကို အလိုအလျောက် တွက်ချက်ပြီး အမြန်ဆုံးနဲ့ အညီအမျှ ခဲပတ်ပျော်ပေးနိုင်ပါတယ်။မိုက်ခရိုဝေ့ဖ်ထဲက ကျန်ခဲ့တဲ့ ဟင်းအနံ့ဆိုးတွေကို အတွင်းက လေတွန်းထုတ်ပြီး အမြန်ဆုံး အနံ့ပျောက်အောင် လုပ်ဆောင်ပေးတဲ့ စနစ် ပါဝင်ပါတယ်။မသုံးဘဲ Standby ထားထားချိန်မှာ Display မီးကို ပိတ်ပေးပြီး လျှပ်စစ်မီးစားနှုန်းကို အသက်သာဆုံးဖြစ်အောင် လျှော့ချပေးပါတယ်။
| Brand | Samsung |
| Model | MS23K3513AWIST |
| Voltage | 220V / 60Hz |
| Power | 800W |
| Capacity | 23Liters |
| Weight | 12kg |
| Dimensions | W48.9 x H27.5 x D37.4. |
| Warranty | 1Year part and serice |