Hisense RS-24DCSA Upright Freezer Refrigeator (190L)
Hisense RS-24DCSA မှာတော့ Capacity 190L ဝင်ဆန့်ပြီး အသားငါးနဲ့ အသီးအရွက်တွေကို အေးမြလတ်ဆတ်ပြီး ကြာရှည်စွာထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
- In Stock
Hisense RS-24DCSA မှာတော့ Capacity 190L ဝင်ဆန့်ပြီး အသားငါးနဲ့ အသီးအရွက်တွေကို အေးမြလတ်ဆတ်ပြီး ကြာရှည်စွာထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
| Brand | Hisense |
| Model | RS-24DCSA |
| Capacity | 190L |
| Type | One Door |
| Weight | 49 Kg |
| Dimension | 580 x 580 x 1482mm |
| Warranty | 1years part & service/5 years compressor |
Related Products
Hisense FC-65DD4SA Chest Freezer 500L (5'5"x2'9")
Hisense FC-65DD4SA Chest Freezer သည် အလျား-5'5",အနံ-2'3",အမြင့်-2'9" ရှိပြီး အတွင်းပိုင်းဝင်ဆန့်မှု 500 Liter ထိရှိပါသည်။ LED မီးသီးများပါရှိပြီး အတွင်းပိုင်းကို Freezing Wall အသုံးပြုထားတဲ့အတွက် အပြင်ကယူဆောင်လာတဲ့ အသား၊ငါး၊ ရေခဲမုန့် ၊ ရေခဲချောင်း ၊ သောက်သုံးစရာတွေကို ချက်ခြင်းလျှင်မြန်စွာ အေးမြစေပြီး အသား၊ငါး၊ အစားအစာတွေကို မူလအရသာ၊ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားစေပါသည်။ လက်ကိုင်ပါတဲ့ ခြင်းတောင်း (Basket) တွေကြောင့် အစားအစာ အသွင်းအထုတ် လွယ်ကူစေပါသည်။ Hisense Chest Freezer ရဲ့ အလွန်ကောင်းမွန်တဲ့ Fan နဲ့ Compressor ကြောင့် (Super Silence) ဆူညံမှုမဖြစ်စေတဲ့ အပြင် မီးပျက်သွားရင်တောင် အစားအစာတွေရဲ့ အေးခဲနှုန်းကို ကောင်းမွန်စွာ ထိန်းပေးထားနိုင်ပါသည်။ R600a gas အသုံးပြုပေးထားတဲ့အတွက် အသား၊ငါး၊အခဲခန်းအသုံးပြုမယ့် လူကြီးမင်းများအတွက်လည်း အထူးသင့်လျော်သော Freezer လေးဖြစ်ပါသည်။
Hisense FC-91DD4HA Chest Freezer 702L (2' 9")
Hisense ကထုတ်လုပ်ထားတဲ့ FC-91DD4HA Chest Freezer လေးကတော့ 702 လီတာ (702L)အကျယ်အဝန်းရှိတဲ့ Storage Capacity ကြောင့် အသား၊ ပင်လယ်စာ၊ အေးခဲအစားအစာများ၊ အချိုရည်နှင့် အခြား Frozen Products များကို အများအပြား သိမ်းဆည်းနိုင်ပါသည်။ တစ်နေ့လျှင် 36kg အထိ Freezing Capacity ရှိတာကြောင့် အစားအစာများကို မြန်မြန်အေးခဲစေပြီး အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါသည်။ R290 Refrigerant ကို အသုံးပြုပေးထားပြီး 220V–240V / 50Hz လျှပ်စစ်စနစ်၊ Rated Current 1.8A သာလိုအပ်သောကြောင့် နေ့စဉ်အသုံးပြုရန် အဆင်ပြေစေပါသည်။ လုပ်ငန်းသုံးပဲဖြစ်ဖြစ်၊ အိမ်သုံးပဲဖြစ်ဖြစ် အစားအစာများကို အချိန်ကြာကြာ လတ်ဆတ်စွာ သိမ်းဆည်းထားနိုင်တာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Prato PRT-SC-679 Baverage Cooler Show Case (640L)
Prato PRT-SC-679 Baverage Cooler Show Case လးကတော့ Capacity (640L) အကျယ်အဝန်းရှိပြီးကုန်စုံဆိုင်ကြီးတွေ၊ Supermarket တွေ၊ စားသောက်ဆိုင်တွေနဲ့ မုန့်ဆိုင်တွေမှာ အအေးဘူး၊ အချိုရည်၊ သစ်သီးဝလံနဲ့ နို့ထွက်ပစ္စည်းတွေကို လှလှပပ ပြသပြီး စနစ်တကျ အအေးခံ သိမ်းဆည်းဖို့အတွက် အထူးသင့်လျော်တဲ့ 2-Door Show Case ဖြစ်ပါတယ်။ Power 410W က လျင်မြန်စွာ လတ်ဆက်အေးမြမှုကို ပေးစွမ်းနိုင်မှာဖြစ်ပြီးတော့ R290 ကို အသုံးပြုပေးထားပါသည်။
Prato PRT-SC-437i Baverage Cooler Show Case (437L)
Prato PRT-SC-437i Baverage Cooler Show Case လေးကတော့ Capacity 437L အကျယ်အဝန်းရှိပြီး အအေးဘူး၊ Soft Drink၊ Juice၊ Water Bottle နဲ့ အခြား Beverage များကို စနစ်တကျ ထည့်သွင်းပြသနိုင်ပါသည်။Inverter type ဖြစ်လို့ မီးအားစား သက်သာစေပါသည်။ 280W ရှိပြီး ပုံမှန်အိမ်သုံးမီး 220V~ Inverter နဲ့ တိုက်ရိုက်အသုံးပြုလို့ရပါသည်။ ရေခဲသေတ္တာထဲက စင်အကန့်တွေကို အနိမ့်အမြင့် စိတ်ကြိုက်ရွှေ့လို့ရတဲ့အတွက် အအေးဘူးအမြင့်ကြီးတွေပဲဖြစ်ဖြစ်၊ ကိတ်မုန့်ဗူးကြီးတွေပဲဖြစ်ဖြစ် အဆင်ပြေပြေ စီထည့်လို့ရမှာဖြစ်ပါသည်။
Prato PRT-SC-307i Baverage Cooler Show Case (307L)
Prato PRT-SC-307i Baverage Cooler Show Case (307L) သည် ရေခဲသေတ္တာအသေးစားတွေထက် ပိုဆံ့ပြီး ဆိုင်သုံးပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အအေးဘူးတွေ၊ မုန့်တွေ အစီအရီပြသပြီး သိုလှောင်ထားချင်သူတွေအတွက် အဆင်ပြေတဲ့ Single Door Showcase အမျိုးအစား ဖြစ်ပါတယ်။307 Litres ရှိတဲ့အတွက် အအေးဘူး၊ ဖျော်ရည်ဘူး အမြောက်အမြားကို စနစ်တကျ ခွဲခြားထည့်ထားနိုင်ပြီး အပူဒဏ်ခံနိုင်ပြီး အအေးဓာတ် အပြင်မထွက်အောင် ထိန်းပေးနိုင်တဲ့ နှစ်ထပ်မှန်ကို သုံးထားပါတယ်။ ဒါ့အပြင် မှန်မှာ ရေငွေ့ရိုက်ပြီး မှုန်ဝါးမသွားအောင် ကာကွယ်ပေးတဲ့စနစ် ပါဝင်လို့ အတွင်းက ပစ္စည်းတွေကို အမြဲတမ်း ကြည်လင်ပြတ်သားစွာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။အတွင်းထဲတွင် Vertical LED မီးတန်း ပါဝင်လို့ ညဘက်ဖြစ်ဖြစ်၊ ဆိုင်ခန်းအမှောင်ထဲမှာဖြစ်ဖြစ် အအေးဘူးတွေကို လှလှပပနဲ့ ထင်ထင်ရှားရှား ပြသပေးနိုင်ပြီး အအေးဓာတ်ကို အစားအသောက်နဲ့ အအေးဘူးတွေအတွက် အသင့်တော်ဆုံး စိတ်ကြိုက် ချိန်ညှိနိုင်ပါမှာပဲဖြစ်ပါတယ်။
SANAKY VH-358K3L Baverage Cooler Show Case (290L)
SANAKY VH-358K3L Baverage Cooler Show Case လေးသည် Capacity 290L ဝင်ဆံ့ပြီး အဖျော်ယမကာများ၊ မုန့်များ၊ သစ်သီးများနှင့် အစားအစာအမျိုးမျိုးကို အများအပြား ထည့်သွင်းသိုလှောင်နိုင်ပါသည်။One Door Upright ဒီဇိုင်းဖြစ်ပြီး R600a gas ကိုအသုံးပြုပေးထားပါသည်။ Power 156.3W ဖြစ်လို့ လျင်မြန်စွာ လတ်ဆက်အေးမြမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါသည်။ Aluminum material ကိုအသုံးပြုပေးထားပြီး အရွယ်အစား weight 64kg ရှိပါသည်။
SANAKY VH-1009HP Baverage Cooler Show Case (900L)
SANAKY VH-1009HP Baverage Cooler Show Case ကတော့ ကုန်စုံဆိုင်ကြီးတွေ၊ Supermarket တွေ၊ စားသောက်ဆိုင်တွေနဲ့ မုန့်ဆိုင်တွေမှာ အအေးဘူး၊ အချိုရည်၊ သစ်သီးဝလံနဲ့ နို့ထွက်ပစ္စည်းတွေကို လှလှပပ ပြသပြီး စနစ်တကျ အအေးခံ သိမ်းဆည်းဖို့အတွက် အထူးသင့်လျော်တဲ့ တံခါး ၂ ပေါက်ဖွင့် (2-Door)Show Case ဖြစ်ပါတယ်။အအေးခန်း နံရံတွေမှာ ရေခဲခဲပြီး ပိတ်ဆို့တာမျိုး လုံးဝမရှိတဲ့အတွက် လူကိုယ်တိုင် ရေခဲဖျော်ပေးစရာ မလိုဘဲ သန့်ရှင်းရလွယ်ကူပါတယ်။ ပစ္စည်းတွေကိုလည်း သန့်သန့်ရှင်းရှင်းနဲ့ ကြည့်ကောင်းစေပါတယ်။တံခါးမှန်တွေကို အထူးနည်းပညာသုံးထားလို့ ပြင်ပက အပူလှိုင်းတွေကို ကာကွယ်ပေးပြီး အတွင်းက အအေးဓာတ်ကို ထိန်းပေးပါတယ်။ ဒါ့အပြင် မှန်မှာ ရေငွေ့ရိုက်ပြီး မှုန်ဝါးသွားတာမျိုး (Condensation) ကို အများကြီး သက်သာစေလို့ အပြင်ကနေ ကြည့်ရင် အမြဲတမ်း ကြည်လင်နေမှာပါ။အအေးပေးစနစ် (Evaporator) ကို အလူမီနီယံအစား အရည်အသွေးမြင့် ကြေးနီပိုက်တွေနဲ့ တည်ဆောက်ထားလို့ အအေးဒဏ် ပိုမိုမြန်ဆန်ပြီး စိမ့်ဝင်မှု အားကောင်းတဲ့အပြင် သက်တမ်းပိုမို အကြမ်းခံပါတယ်။Show Case အတွင်း ဘေးတစ်ဖက်တစ်ချက်စီမှာ LED မီးချောင်းတွေ ဒေါင်လိုက် ထည့်သွင်းပေးထားလို့ ပစ္စည်းတွေကို ထင်ထင်ရှားရှားနဲ့ ဆွဲဆောင်မှုရှိရှိ အရောင်းပြသနိုင်ပါတယ်။
SANAKY VH-8009HP Baverage Cooler Show Case (700L)
SANAKY VH-8009HP Baverage Cooler Show Case လေးသည် Capacity 700Liters ဝင်ဆံ့ပြီး အဖျော်ယမကာများ၊ မုန့်များ၊ သစ်သီးများနှင့် အစားအစာအမျိုးမျိုးကို အများအပြား ထည့်သွင်းသိုလှောင်နိုင်ပါသည်။ 220/240V Single Phase 50Hz လျှပ်စစ်စနစ်ဖြင့် အလုပ်လုပ်ပြီး Power Consumption 319W သာ အသုံးပြုသောကြောင့် လျှပ်စစ်စားသုံးမှု သက်သာစေပါသည်။ အပူချိန်ကို 0°C မှ 7°C အထိ ထိန်းညှိပေးနိုင်သောကြောင့် အစားအစာများနှင့် အအေးပစ္စည်းများကို လတ်ဆတ်သန့်ရှင်းစွာ ထိန်းသိမ်းပေးနိုင်ပါသည်။ R290 Refrigerant ကို အသုံးပြုထားသောကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီပြီး Cooling Efficiency ကောင်းမွန်စေပါသည်။ စတိုးဆိုင်များ၊ မီနီမားကက်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် အအေးသောက်ပစ္စည်း ရောင်းချသည့် လုပ်ငန်းများအတွက် အထူးသင့်လျော်သော အရည်အသွေးမြင့် Show Case လေးဖြစ်ပါသည်။