MagEasy Instinct Stylus Pencil လေးသည် iPad ပေါ်မှာ စာရေးခြင်း၊ Note မှတ်ခြင်း၊ ပုံဆွဲခြင်းနဲ့ Digital Work တွေအတွက် အသုံးပြုနိုင်တဲ့ Bluetooth Stylus Pencil တစ်ချောင်းဖြစ်ပါသည်။ အသုံးပြုမယ့်အလုပ်အမျိုးအစားအလိုက် General, Drawing နဲ့ Writing Tips တွေကို အလွယ်တကူ လဲလှယ်အသုံးပြုနိုင်ပြီး စုစုပေါင်း Replaceable Tips 4 ခု ပါဝင်ပါသည်။ Tilt Sensitivity ပါဝင်တဲ့အတွက် Pencil ကို စောင်းကိုင်ပြီး ရေးဆွဲတဲ့အခါ သဘာဝ Pencil အသုံးပြုသလို ပိုမိုချောမွေ့တဲ့ Drawing Experience ရရှိစေတဲ့အပြင် Palm Rejection ကိုလည်း Support လုပ်ပေးတာကြောင့် iPad Screen ပေါ် လက်ဖဝါးတင်ထားပြီး စာရေး၊ ပုံဆွဲတဲ့အခါ ပိုမိုအဆင်ပြေစေပါသည်။ Bluetooth မချိတ်ထားဘဲ Basic Stylus အဖြစ် တိုက်ရိုက်အသုံးပြုနိုင်သလို Bluetooth ချိတ်ဆက်ထားရင် Tap to Command Shortcut တွေကို အသုံးပြုနိုင်ပါသည်။ အားသွင်းရာမှာ 15 မိနစ်ခန့်အားသွင်းရုံနဲ့ အနည်းဆုံး 10 နာရီခန့် အသုံးပြုနိုင်ပြီး Magnetic Design ကြောင့် Compatible iPad တွေရဲ့ဘေးမှာ ကပ်ထားနိုင်ပါသည်။ Pencil ကို Aluminum Alloy / POM Material နဲ့ပြုလုပ်ထားပြီး Battery Level ကိုလည်း LED Indicator ကနေ ကြည့်ရှု့နိုင်ပါသည်။
| Brand | MagEasy |
| Type | Instinct Stylus Pencil (4 Tips) |
| Material | Aluminum Alloy / POM |
| Connectivity | Bluetooth |
| Included Tips | General Tip Drawing Tip Writing Tip |
| Palm Rejection | Yes |
| Tilt Sensitivity | Yes |
| Charging Time | Approx. 15 Minutes |
| Battery Life | At least 10 Hours |
| Dimensions | 189.5 × 79 × 17 mm |
| Weight | 80 g |