Mi Smart Door Bell 3 (MJML05-FJ) ဟာ သင့်အိမ်ရဲ့လုံခြုံရေးအတွက် အလွန်အသုံးဝင်တဲ့ စမတ်တံခါးဘဲလ်တစ်ခု ဖြစ်ပါတယ်။2304x1296 pixels ရှိတဲ့ အရည်အသွေးမြင့် 2K ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဧည့်သည်တွေရဲ့ပုံကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပါတယ်။မျက်နှာချင်းဆိုင်တင်မကဘဲ ဘေးတိုက်အခြမ်းတွေကိုပါ မြင်နိုင်တဲ့ ၁၈၀ ဒီဂရီ အကျယ်အဝန်းမြင်ကွင်း ပါဝင်ပါတယ်။ ဒါက ကင်မရာအောက်ခြေကနေ စောင့်ကြည့်ရမယ့်နေရာတွေကိုပါ အကုန်မြင်နိုင်စေပါတယ်။5200mAh ဘက်ထရီနဲ့ ပြုလုပ်ထားပြီး ပုံမှန်အသုံးပြုရင် ၄ လကနေ ၅ လအထိ အားခံပါတယ်။ USB Type-C ပေါက်နဲ့ အားပြန်သွင်းနိုင်ပါတယ်။တံခါးဘဲလ်နဲ့အတူ ပါဝင်လာတဲ့ receiver (အသံမြည်ကိရိယာ) ကို အိမ်ထဲမှာရှိတဲ့ ပလပ်ပေါက်တစ်ခုမှာ တပ်ဆင်ထားနိုင်ပါတယ်။ ဒါမှ ဖုန်းယူစရာမလိုဘဲ အပြင်ကလူ လာရင် အသံကြားနိုင်မှာပါ။
| Brand | Xiaomi |
| Model | MJML05-FJ |
| Night Vision Lamp | 940nm Infrared Lamp |
| Voice System | Two-way Voice |
| Storage | Cloud Storage |
| Battery Capacity | 5200mAh (TYP) |
| Rated Input | 5V=2A |
| Product Size | 128 x 60 x 23.5 mm |